Bloomberg Media Group နှင့် SkyNet မိတ်ဖက်ပြုပူးပေါင်းပြီ

Bloomberg Media Group နှင့် SkyNet မိတ်ဖက်ပြုပူးပေါင်းပြီ
May 25, 2018 Fame Asian

11:51 am
Bloomberg Media Group နှင့် SkyNet မိတ်ဖက်ပြုပူးပေါင်းပြီ

33345837_1801509323226358_8570899846699941888_n

ရန်ကုန်၊ မေ ၂၅

မြန်မာနိုင်ငံ၏ ပထမဆုံးသော Multi-Platform များကိုအသုံးပြုပြီး စီးပွားရေးနှင့် နည်းပညာသတင်းများကို စတင်ထုတ်လွှင့်ရန် Bloomberg Media Group နှင့် SkyNet တို့ မိတ်ဖက်ပြုပူးပေါင်းလိုက်ပြီဖြစ်သည်။

Bloomberg မှ ယင်း၏ ကမ္ဘာတစ်ဝန်းရှိ ပရော်ဖက်ရှင်နယ် သတင်းသမားပေါင်း (၂၇၀၀) ကျော်က ရယူ ပံ့ပိုးပေးနေမည့် သတင်းအချက်အလက်များ၊ အစီအစဉ်အကြောင်းအရာများ၊ အရင်းအမြစ်များနှင့် လေ့ကျင့်ပေးမှု အစီအစဉ်များကို SkyNet သို့ ပေးအပ် မည်ဖြစ်သည်။

“မြန်မာနိုင်ငံဟာအခပေးရုပ်သံလိုင်းများနဲ့ပတ်သက်ပြီး ကြီးထွားမှုအလားအလာမြင့်မြင့်မားမား ရှိနေတဲ့ ဈေးကွက်ကြီးတစ်ခုပါ။ မြန်မာနိုင်ငံမှာ အချိန်နဲ့တပြေးညီရှိတဲ့ စီးပွားရေးနဲ့နည်းပညာသတင်းတွေကို ငတ်မွတ် နေကြပြီး အဲဒီအတွက် တကယ့်ကွာဟချက်တစ်ခုလည်း ရှိနေပါတယ် ” ဟု SkyNet ၏ Vice-President (News & Infotainment) ဦးကိုကိုက ပြောသည်။

SkyNet မှ ယင်း၏ လက်ရှိစီးပွားရေးသတင်းအဖွဲ့အား ၀န်ထမ်းသစ် ရွေးချယ် ခန့်ထား ခြင်းနှင့်အင်အားတိုးချဲ့ခြင်းကို ဆောင်ရွက်လျှက်ရှိပြီး၊ ယင်း၏ စီးပွားရေးနှင့် နည်းပညာ သတင်း အစီအစဉ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ မြန်မာဘာသာဖြင့် ထုတ်လုပ်တင်ဆက်မည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် Bloomberg မှ ပေးပို့သည့် ကမ္ဘာတစ်ဝန်းရှိ ရုပ်သံကွန်ရက်မှ ရွေးချယ်ထားသော အစီအစဉ်များကို မြန်မာဘာသာသို့ ပြန်ဆိုလျက် မြန်မာစာတန်းရေးထိုး ပြသသွားမည် လည်းဖြစ်သည်။ ထိုသို့ တင်ဆက်ပြသမည့် သတင်းအကြောင်းအရာများကို ရုပ်မြင်သံကြား၊ ဒီဂျစ်တယ်၊ ရေဒီယို၊ မိုဘိုင်းဖုန်း တို့အပါအ၀င် မီဒီယာပလက်ဖောင်းအားလုံးမှကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တံခါးဖွင့်ပေးမှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ တိုင်းပြည် ဖြစ်နေတာမို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အနေအထားတွေနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်ထွန်းလာအောင် ကျွန်တော်တို့က တိုက်တွန်း အားပေးသွားချင်ပါတယ်။ ဒီမိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာတစ်ဝန်း လုပ်ငန်းချဲ့ထွင်ရေး မဟာဗျူဟာရဲ့အရေးပါတဲ့ ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒီမဟာဗျူဟာထဲမှာ ကမ္ဘာတစ်ဝန်းက အရေးပါတဲ့ ဈေးကွက်တွေမှာ ရှိနေတဲ့ သတင်းထုတ်လုပ်သူတွေနဲ့ မိတ်ဖက်ပူးပေါင်းခြင်းဆိုတာလည်း ပါဝင်နေပါတယ်” ဟု Bloomberg Media Group ၏ အာရှ – ပစိဖိတ် ရုံးချုပ်မှ စီးပွားရေးဌာန ညွှန်ကြားရေးမှူး Mr. Dan Molloy ကပြောသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*