ခန္တီးရတနာနယ်မြေမှာ ကျောက်စိမ်းတူးဖော်ရေးအသေးစားလုပ်ကွက်တွေ ချထားပေးတော့မယ်

ခန္တီးရတနာနယ်မြေမှာ ကျောက်စိမ်းတူးဖော်ရေးအသေးစားလုပ်ကွက်တွေ ချထားပေးတော့မယ်
May 25, 2018 Fame Asian

11:39 am
ခန္တီးရတနာနယ်မြေမှာ ကျောက်စိမ်းတူးဖော်ရေးအသေးစားလုပ်ကွက်တွေ ချထားပေးတော့မယ်
33676151_1801497866560837_6575492542450630656_n

ပုံစာ- ခန္တီးရတနာနယ်မြေအတွင်းက ရတနာမှော်တစ်နေရာ(Photo- စစ်ကိုင်းတိုင်းအစိုးရအဖွဲ့)

ခန္တီး၊ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေအတွင်းမှာ ကျောက်စိမ်းတူုဖော်ရေးအသေးစားလုပ်ကွက်(လက်လုပ်လက်စားလုပ်ကွက်)တွေချထားပေးတော့မယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ လုပ်ကွက်စီစစ်ချထားပေးရေးကော်မတီ ကပေါ်ပြူလာနယူးစ်ထံပြောပါတယ်။

ခန္တီးရတနာနယ်မြေ၊ ခန္တီးမြို့နယ်၊ နန့်စလင်းချောင်းဖျားမှော်အတွင်းမှာရှိတဲ့ လုပ်ကွက် ဧက ၃၀၃ ဧက ကို ခွင့်ပြုပြီးလုပ်ကွက်ချထားပေးမှာဖြစ်ကြောင်း လုပ်ကွက်စီစစ်ချထားပေးရေးကော်မတီ ၀င် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပေါ်ပြူလာနယူးစ်ထံပြောပါတယ်။

“အလေးစားလုပ်ကွက်ပါ။ မြင်းကောင်ရေ ၂၅ ကောင်စက်မျိုးပဲသုံးလို့ရတယ်။ တစ်နိုင်တစ်ပိုင်လုပ်ကွက်လို့ပြောလို့ရတယ်။ စက်ယန္တရား လုံးဝသုံးခွင့်မရှိပါဘူး” လို့ ၎င်း က ဆိုပါတယ်။

လျှောက်ထားသူ တစ်ဦးကို လုပ်ကွက် တစ်ကွက်သာချထားပေးမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

ရတနာတူးဖော်မှုမှာ လူအားနဲ့ အသုံးပြုတဲ့ လေးပင်စနစ်၊ ကိုးပင်စနစ်၊ တွင်းလုံးစနစ် မျောစနစ်၊ အင်းဗြဲစနစ် တို့အတိုင်းသာတူးဖော်ရမှာဖြစ်ပြီး ရေစုပ်စက်၊ လေပေးစက်၊ မီးစက်၊ကျောက်ဖောက်စက်၊ ဗြုံးခါစက် တို့ကိုသာ အသုံးပြုရမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံကနေသိရပါတယ်။

သတိပြုရန်အချက်အနေနဲ့ကတော့ အခုအသေးစားလုပ်ကွက်လုပ်ကိုင်ခွင့်ရရှိမယ့် လုပ်ငန်းရှင်တွေအနေနဲ့ ခွင့်ပြုမိန့်ရရှိတဲ့ ကျောက်မျက်ရတနာလုပ်ကွက်ကို တရားမ၀င်လွှဲပြောင်းခြင်းလုံးဝမပြုရဘူးဆိုတာနဲ့ ခန္တီးရတနာနယ်မြေအတွင်းမှာ ကျောက်မျက်တူးဖော်နေတဲ့ ကျောက်မျက်ကုမ္ပဏီတစ်ခုခုရဲ့ မန်နေဂျင်းဒါရိုက်တာ/ ဒါရိုက်တာအဖြစ်ပါဝင်သူတွေ လျှောက်ထားလို့ မရဘူုးဆိုတဲ့အချက် ဖြစ်ပါတယ်။

ခန္တီးရတနာနယ်မြေအတွင်းက အခု လုပ်ကွက်ချထားပေးမယ့် နန့်စလင်းချောင်းဖျားမှော်အတွင်းမှာ ရတနာတူးဖော်ရေးလုပ်ကွက် ဧက ၃၀၀၀ ကျော်လောက်ရှိပြီး အခု ပထမအဆင့်အနေနဲ့ လုပ်ကွက်ဧက ၃၀၃ ကွက်ကို ကွင်းဆင်းစစ်ဆေးပြီး ချထားပေးဖို့စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။

ထပ်မံပြီး လုပ်ကွက်လာရောက်လျှောက်ထားမှုအပေါ်မူတည်လို့ ဒုတိယအဆင့် ၊ တတိယအဆင့်အနေနဲ့ နန့်စလင်းချောင်းဖျားမှော်အတွင်းက ကျန်လုပ်ကွက်တွေကိုလည်းစီစစ် ချထားပေးဖို့ရှိတယ်လို့ ဦးဇော်ဇော်က ထပ်လောင်းဆိုပါတယ်။

လက်ရှိ နန့်စလင်းချောင်းဖျားမှော်မှာ ချထားပေးတော့မယ့် လုပ်ကွက်တွေဟာအဟောင်းမဟုတ်ဘဲ အသစ်တွေဖြစ်ကြောင်း၊ ဒါပေမဲ့ မှော်အတွင်းမှာ ယခင်ကာလတုန်းက တရားမ၀င် ကျောက်စိမ်း/ရွှေတူးခဲ့တာမျိုးတော့ရှိခဲ့ဖူးကြောင်းသိရပါတယ်။

ခန္တီးရတနာနယ်မြေအတွင်းကျောက်မျက်ရတနာတိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေး ဒေသဖွံ့ဖြိုးရေးတို့အတွက် မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်ကြောင်း ၊ လုပ်ကွက်လျှောက်ထားမယ့်သူဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိတဲ့သူဖြစ်ရမှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထံကနေသိရပါတယ်။

အခု နန့်စလင်းချောင်းဖျားမှော်အတွင်းမှာ အသေးစားလုပ်ကွက်လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့် မေ ၂၈ ရက်နေ့ ကနေစပြီး ဇွန် ၂၈ ရက်နေ့အတွင်း ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) ခန္တီးမြို့နဲ့ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) ၊ မုံရွာမြို့တို့မှာ မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့အညီမှတ်ပုံတင်ပြီးလျှောက်လွှာ(လျှောက်လွှာမှာ အမှတ်စဉ်နံပါတ်ပါရှိရမယ်)ထုတ်ယူရမှာဖြစ်ပါတယ်။

လျှောက်လွှာကိုတော့ ဇွန် ၄ ရက်နေ့ကနေ ဇူလိုင် ၆ ရက်နေ့အထိ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ခန္တီးမြို့မှာ ရုံးချိန်အတွင်းလာရောက်တင်သွင်းရမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးမှာ တင်ဒါဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*