၎ လကျော်ကြိုတင်စာပို့ မေးပေမယ့် လွှတ်တော်မှာ ၀န်ကြီး လာဖြေတဲ့အခါ အဖြေမပါတဲ့အတွက် စိတ်ကျေနပ်မှုမရဘူးလို့ လွှတ်တော်အမတ်ပြော

၎ လကျော်ကြိုတင်စာပို့ မေးပေမယ့် လွှတ်တော်မှာ ၀န်ကြီး လာဖြေတဲ့အခါ အဖြေမပါတဲ့အတွက် စိတ်ကျေနပ်မှုမရဘူးလို့ လွှတ်တော်အမတ်ပြော
May 24, 2018 Fame Asian

2:15 pm
၎ လကျော်ကြိုတင်စာပို့ မေးပေမယ့် လွှတ်တော်မှာ ၀န်ကြီး လာဖြေတဲ့အခါ အဖြေမပါတဲ့အတွက် စိတ်ကျေနပ်မှုမရဘူးလို့ လွှတ်တော်အမတ်ပြော

1

ရန်ကုန် ၊ မေ ၂၄

၎ လကျော် ကြိုတင်စာပို့  မေးမြန်းခဲ့ပေမယ့် လွှတ်တော်မှာ တိုင်းအစိုးရအဖွဲ့ က လာရောက်ဖြေကြားတဲ့အခါ မေးခွန်းအကုန်ဖြေကြားခဲ့ခြင်းမရှိတဲ့အပေါ် စိတ်ကျေနပ်မှုမရဘူးလို့ ပန်းဘဲတန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

ရန်ကုန်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရေယာဉ်အဟောင်းတွေကို ရှင်းလင်းတဲ့နေရာမှာ ဘယ်လိုစီမံဆောင်ရွက်သလဲ ဆိုတာနဲ့ ပတ်သတ်တဲ့မေးခွန်း ၄ ခုကို ဒီကေ န့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊ ပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့ပေမယ့်ဝန်ကြီးဒေါ်နီလာကျော်ရဲ့ဖြေကြားမှုပြည့်စုံမှုမရှိတဲ့အပေါ် စိတ်ကျေနပ်မှုမရဘဲ စိတ်မကောင်းဖြစ်မိတယ်လို့ သူကပြောပါတယ်။

ရန်ကုန်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ သဘောင်္အဟောင်း၊စက်ရေယာဉ်အဟောင်းတွေကို ဘယ်လိုရှင်းလင်းသလဲ၊ တွဲယာဉ်နံပတ်တွေကိုဘယ်လိုပြန်ထုတ်ပေးသလဲ၊ ထုခွဲရောင်းချတဲ့အချိန်မှာ လိုင်စင်ပါထည့်ရောင်းတာလား၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရစီမံခန့်  ခွဲတဲ့ ရေကြောင်းပို့ ဆောင်ရေးဦးစီးဌာနမှ ပုဂ္ဂလိက ကို ဌားရမ်းထားတဲ့တွဲယာဉ်တွေ ဘယ်လောက်ရှိပြီး တစ်နှစ်ကို ဌားရမ်းခနှုန်းဘယ်လောက်နဲ့ ဌားရမ်းနေသလဲစတဲ့မေးခွန်း(၄)ခုကို လွှတ်တော်ကိုယ်စားလှယ်ကမေးမြန်းခဲ့ပေမယ့် ၀န်ကြီးဒေါ်နီလာကျော်က မေးခွန်းတစ်ခုကိုသာပြန်လည်ဖြေကြားသွားတာကိုတွေ့ ရပါတယ်။

သူမက ရန်ကုန်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရေယာဉ်ဟောင်းတွေကို လေလံစနစ်နဲ့ ထုခွဲရောင်းချပြီးရှင်းလင်းခဲ့ပုံများကို လွှတ်တော်မှာပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ မေးခွန်း(၃)ခုဖြေကြားဖို့ ကျန်နေသေးတဲ့အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်ကထပ်မံပြောကြားရာမှာတော့ ”ကျွန်မအနေနဲ့  လွှတ်တော်ကိုယ်စားကြီးမေးမြန်းထားတဲ့မေးခွန်းများကို ပြည့်စုံအောင် ဌာနဆိုင်ရာကိုမေးမြန်းပြီးတော့ ပြန်လည်ပေးပို့ ဖြေကြားပေးပါမယ်” လို့ ပြောသွားပါတယ်။

”၀န်ကြီးဖြေတာက မြစ်ကြောင်းထဲမှာ ယာဉ်တွေကိုရှင်းလင်းတယ်။ လေလံပစ် ၊ ထုခွဲရောင်းချတယ်။ ဒါပဲဖြေတာပါ။ ကျွန်တော်တို့ မေးချင်တာက ဒီလိုထုခွဲရောင်းချတဲ့အချိန်မှာ မော်တော်ယာဉ်လိုပဲ လိုင်စင်တွေကအရေးကြီးပါတယ်။ တကယ့်အရေးကြီးတဲ့မေးခွန်းကသုံးခုပါ ဒီမေးခွန်းသုံးခုကို မဖြေတဲ့အတွက်စိတ်မကောင်းတော့ဖြစ်ရပါတယ်” လို့ မေးခွန်းမေးမြန်းတဲ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးကပြောပါတယ်။

သူကဆက်လက်ပြီး” တိုင်းဒေသကြီးအစိုးရအဖွဲ့  က ၀န်ကြီးတွေ ဌာနဆိုင်ရာလူတွေကို နားလည်စေချင်တာက လွှတ်တော်ကိုယ်စားလှယ်တွေထောက်ပြပြောဆိုနေတာက တိုင်းပြည်အတွက် နိုင်ငံသူနိုင်ငံသားတွေအတွက်ဆိုတာကို အလေးအနက်ထားဖို့ လိုတယ်။ ကျွန်တော်တို့ ဒီလိုမေးတယ်ဆိုတာက သူတို့ တွေထင်သလို ပါးစပ်ဖျားလေးနဲ့ မေးတာမဟုတ်ဘူး။ ကျွန်တော်တို့ မြေပြင်အနေအထားဆင်းကြည့်ရတာရှိတယ်။ ပြည်သူလူထုတွေရဲ့ အခက်အခဲကိုကြည့်တယ်။ နောက် တိုင်းပြည်အတွက်ယိုနေတဲ့ဝင်ငွေတွေ ယိုပေါက်တွေကို ဒါတွေကိုဆက်စပ်ပြီးမေးတာဖြစ်ပါတယ်” လို့  ပြောပါတယ်။

ပန်းဘဲတန်းမြို့ နယ်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးဟာ ယခုမေးခွန်းကို ယခုနှစ်စ ဇန်န၀ါရီလ ၁၈ ရက်နေ့  ကတည်းပ ပေးပို့ မေးမြန်းထားတာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*