လကုန်မှာ ကျောက်လုံးကြီး ပြည်တောင်ပြန်လုပ်သားလက်ခံကြိုဆိုရေးအစီအစဉ် ရပ်တန့်ဖို့ဆိုတဲ့ကိစ္စ မဆုံးဖြတ်ရသေး

လကုန်မှာ ကျောက်လုံးကြီး ပြည်တောင်ပြန်လုပ်သားလက်ခံကြိုဆိုရေးအစီအစဉ် ရပ်တန့်ဖို့ဆိုတဲ့ကိစ္စ မဆုံးဖြတ်ရသေး
May 24, 2018 Fame Asian

3:10 pm
လကုန်မှာ ကျောက်လုံးကြီး ပြည်တောင်ပြန်လုပ်သားလက်ခံကြိုဆိုရေးအစီအစဉ် ရပ်တန့်ဖို့ဆိုတဲ့ကိစ္စ မဆုံးဖြတ်ရသေး

32920772_1800449249999032_1112899766687105024_n

မြ၀တီ၊ မေ ၂၄

ယခုလကုန်မှာ ရပ်နားမယ်လို့ ပြောထားတဲ့ မြ၀တီကျောက်လုံးကြီးစခန်းက “ပြည်တောင်ပြန်အလုပ်သမားတွေ ကြိုဆိုရေးအစီအစဉ်” ကို တစ်ကယ်နား/မနား ၀န်ကြီးဌာနမှာ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ဇွန်လ ကစတင်ပြီး မြ၀တီကျောက်လုံးကြီးစခန်းမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ထိုင်းကနေပြည်တော်ပြန်မြန်မာအလုပ်သမားတွေပြန်လည်လက်ခံကြိုဆိုရေး အစီအစဉ်ကို အခု မေလ ကုန်မှာ ရပ်တန့်တော့မယ်လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန တာဝန်ရှိသူတွေဟာ မေလ အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကိစ္စဟာ လက်ရှိမှာတော့ ဆုံးဖြတ်ချက်မကျသေးဘူးလို့ ၀န်ကြီးဌာန အဆင့်မြင့်အရာရှိ တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“လောလောဆယ်တော့ ၀န်ကြီးဌာနကို တင်ပြထားတယ်။ လောလောဆယ်တော့ မဆုံးဖြတ်ရသေးဘူး။ နားဖို့ မနားဖို့ကိုမဆုံးဖြတ်ရသေးတာပါ။ နားပြီးဘယ်လိုဆက်လုပ်မလဲ နားခဲ့သည်ရှိသော်ပေါ့နော်။ ရပ်ဖို့/မရပ်ဖို့တောင် ပြန်ပြီးတင်ထားတုန်းရှိပါသေးတယ်။ တိတိကျကျတော့ ပြောလို့မရသေးပါဘူုး” လို့ အဆိုပါအရာရှိက ဆိုပါတယ်။

ဒါကြောင့် အခုလကုန်မှာ ပြည်တောင်ပြန်အလုပ်သမားတွေ ပြန်လည်ကြိုဆိုလက်ခံမှုကို ရပ်တန့်မလား/မရပ်တန့်ဘူးလားဆိုတဲ့ကိစ္စဟာ အတည်မဖြစ်သေးကြောင်း သူကပြောပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လကနေ အခု အချိန်ထိ ထိုင်းကနေ ပြန်လာတဲ့ ပြည်တော်ပြန်မြန်မာလုပ်သား ၇ သောင်းကျော်လောက်ဟာ မြ၀တီကျောက်လုံးကြီး ပြန်လည်လက်ခံကြိုဆိုရေးစခန်းကို ၀င်ရောက်ခဲ့ပြီးဖြစ်ပါတယ်။
ထပ်မံပြီးလည်း ၀င်ရောက်နေတုန်းဖြစ်ပါတယ်။

ဒါကြောင့် အခုလကုန်မှာ ပြန်လည်လက်ခံရေးအစီအစဉ်ကို ရပ်တန့်လိုက်ရင် နောက်ပိုင်း ပြန်ဝင်လာတဲ့ အလုပ်သမားတွေအနေနဲ့ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်း ကို ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေ အရင်လို ပြန်လည်ပြီး ကြုံလာရနိုင်တယ်လို့ လည်း ရွှေပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဌ ဦးစိန်ဌေးက ပေါ်ပြူလာနုယူးစ် ကို မှတ်ချက်ပြုထားဖူးပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*