မြန်မာနိုင်ငံတွင် ပြဌာန်းခြင်း မပြုရသေးသော အခွန်ဆိုင်ရာ ဥပဒေတစ်ခုကို ပြည်ထောင်စုအစိုးရအဖွဲ့ ပြဌာန်းနိုင်ရေး စီစဉ်

မြန်မာနိုင်ငံတွင် ပြဌာန်းခြင်း မပြုရသေးသော အခွန်ဆိုင်ရာ ဥပဒေတစ်ခုကို ပြည်ထောင်စုအစိုးရအဖွဲ့ ပြဌာန်းနိုင်ရေး စီစဉ်
May 23, 2018 Fame Asian

11:45 am
မြန်မာနိုင်ငံတွင် ပြဌာန်းခြင်း မပြုရသေးသော အခွန်ဆိုင်ရာ ဥပဒေတစ်ခုကို ပြည်ထောင်စုအစိုးရအဖွဲ့ ပြဌာန်းနိုင်ရေး စီစဉ်

33138461_1827625020633105_4414860620873072640_n

နေပြည်တော်၊မေ၂၃

မြန်မာနိုင်ငံတွင် ပြဌာန်းခြင်း မပြုရသေးသော အခွန်ဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်ပြီ ဖြစ်သည်။

အခွန်ဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြဌာန်းနိုင်ရေး စီစဉ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အခွန်စီမံအုပ်ချုပ်မှု နှင့် လုပ်ထုံးလုပ်နည်း ပြဌာန်းချက်များကို ဥပဒေတစ်ခုတည်းအောက်တွင် စုစည်းထားရန်၊ အခွန်စီမံခန့်ခွဲမှု နှင့် လုပ်ထုံးလုပ်နည်းများခေတ်မှီလာစေရန်၊မတူညီသည့် အခွန်အမျိုးအစားများ စီမံခန့်ခွဲမှုကို တတ်နိုင်သမျှတပြေးညီ ဖြစ်စေရန်၊အခွန်ထမ်းများ၏ အခွင့်အရေးနှင့် တာဝန်များကို သတ်မှတ်ပေးနိုင်ရန် အတွက်ဖြစ်သည်ဟု တင်သွင်းသူက ရှင်းပြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား စီမံ/ဘဏ္ဍာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ယမန်နေ့ကကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင် ကျင့်သုံးနေသော အခွန်အကောက်လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်နေသည့် ဥပဒေတစ်ရပ် ဖြစ်၍ အစိုးရအဖွဲ့သစ်က ပြဌာန်းနိုင်ရန် စီစဉ် ရခြင်းဖြစ်သည်ဟု ဒုတိယ၀န်ကြီးက လွှတ်တော်ကို အစီရင်ခံခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဥပဒေကြမ်းကို ပြုစုရေးဆွဲခဲ့ ခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ရှင်းပြကာ အလားတူ ဥပဒေမျိုးကို တရုတ်၊ဗီယက်နမ်၊အင်ဒိုနီးရှား၊ထိုင်း အစရှိသည့် နိုင်ငံများတွင် ကျင့်သုံးလျှက်ရှိနေကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

နိုင်ငံတွင် အခွန်ဆိုင်ရာ ဥပဒေပြဌာန်းခြင်းသည် နိုင်ငံတော်အတွက် အခွန်ရရှိရေး တစ်ခုတည်းကိုသာ ဦးတည်ပြဌာန်းခြင်းမျိုးမဟုတ်ဘဲ အစိုးရ၏ စီးပွားရေးဦးတည်ချက်များ ပြီးမြောက်အောင်မြင်စေရန်၊အခွန်ထမ်းပြည်သူများအတွက် မျှတသည့် အခွန်ဖြစ်စေရန်၊ရင်းနှီးမြှပ်နှံမှုတိုးတက်စေရန်၊အလုပ်အကိုင်အခွင့်အလှမ်း ဖန်တီးပေးနိုင်ရန် အစရှိသည်တို့ကို ဆောင်ရွက်ရန် ဖြစ်သည်ဟု ဒုတိယ၀န်ကြီးက ဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်သွင်းသော ယင်းအခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြအုံးမည်ဖြစ်ကာ၊ပြည်ထောင်စုလွှတ်တော်မှ သဘောတူမှသာလျှင် ဥပဒေက အတည်ဖြစ်မည်ဟုသိရသည်။

PNew

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*