ဒဂုံဧရာအဝေးပြေးကားဝင်းကို ယခုနှစ်အတွက် သိန်းပေါင်း ၃၃၈၀၀ နဲ့ တင်ဒါအောင်ထား၊ ပြီးခဲ့တဲ့ ၁၃ နှစ်ကထက် သိန်းပေါင်း ၃၃၀၀၀ ကျော်ဝင်ငွေရနေ

ဒဂုံဧရာအဝေးပြေးကားဝင်းကို ယခုနှစ်အတွက် သိန်းပေါင်း ၃၃၈၀၀ နဲ့ တင်ဒါအောင်ထား၊ ပြီးခဲ့တဲ့ ၁၃ နှစ်ကထက် သိန်းပေါင်း ၃၃၀၀၀ ကျော်ဝင်ငွေရနေ
May 17, 2018 Fame Asian

4:11 pm
ဒဂုံဧရာအဝေးပြေးကားဝင်းကို ယခုနှစ်အတွက် သိန်းပေါင်း ၃၃၈၀၀ နဲ့ တင်ဒါအောင်ထား၊ ပြီးခဲ့တဲ့ ၁၃ နှစ်ကထက် သိန်းပေါင်း ၃၃၀၀၀ ကျော်ဝင်ငွေရနေ

123

ရန်ကုန် ၊ မေ ၁၇

ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဒဂုံဧရာအဝေးပြေးကားဝင်းကို သိန်းပေါင်းသုံးသောင်းသုံးထောင့်ရှစ်ရာနဲ့ တင်ဒါအောင်ခဲ့အတွက် ပြီးခဲ့တဲ့ ၁၃ နှစ်ကထက် သိန်းပေါင်းသုံးသောင်းသုံးထောင်ကျော် အမြတ်ငွေရရှိနေတယ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၀၄-၂၀၀၅ ခုနှစ်က သိန်းပေါင်း ၅၇၀ သာရရှိတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဒီကနေ့  လွှတ်တော်မှာတင်ပြတဲ့ ကိန်းဂဏန်းအချက်အလက်အရသိရပါတယ်။

အလားတူအောင်မင်္ဂလာအဝေးပြေးကားဝင်းကိုလည်း ယခုနှစ်မှာ သိန်းပေါင်းတစ်သောင်းခုနှစ်ထောင်ရှစ်ရာနဲ့ လေလံအောင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ အဝေးပြေးကားဝင်းနှစ်ခုကို လေလံစနစ်၊ ညှိနှိုင်းစနစ်နဲ့ BOT စနစ်ဆိုပြီး စနစ်သုံးမျိုးကျင့်သုံးခဲ့တယ်လို့ မြို့ တော်ဝန်က ပြောပါတယ်။

”ကျွန်တော်တို့ အစိုးရတက်တဲ့ ၂၀၁၆-၁၇ မှာကျတော့ BOT ရော လေလံရော ညှိနှိုင်းရောမခေါ်ဘဲနဲ့ အမြင့်ဆုံးပေးနိုင်တဲ့တင်ဒါကိုတင်တယ်။ အဲဒီမှာ ၂၀၁၇-၁၈ မှာတင်ဒါအောင်ခဲ့တာဘယ်လောက်ရသလဲဆိုရင် အောင်မင်္ဂလာစခန်းယာဉ်ဝင်ခဟာ သိန်းပေါင်းတစ်သောင်းခုနှစ်ထောင်ရှစ်ရာအထိရလာပြီိးတော့ ဟိုဘက်က ဒဂုံဧရာအဝေးပြေးမှာ သုံးသောင်းသုံးထောင့်ရှစ်ရာအထိတင်ဒါအောင်မြင်ပြီးရတယ် ” လို့ မြို့ တော်ဝန်ကပြောပါတယ်။

ကျောက်တံတားမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ” ရန်ကုန်တိုင်းအတွင်းရှိ အဝေးပြေးကားဝင်းနှစ်ခုဖြစ်တဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းနဲ့ ဒဂုံဧရာအဝေးပြေးကားဝင်းတို့ မှာ ကောက်ခံနေတဲ့ ကားဝင်ကြေးများကို ဘယ်လိုစီမံခန့် ခွဲနေသလဲသိလိုကြောင်း” မေးခွန်းကိုမေးမြန်းခဲ့မှုနဲ့ ပတ်သတ်လို့ အခုလိုပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

”ကားဝင်းတွေထဲကိုဝင်မယ်ဆိုရင် ခရီးသည်တင်ကားတွေဝင်တဲ့အခါ ၂၀၀ ပေးရတယ်။ ဒီလိုပေးရတာက ပြေစာတွေဖြတ်ပိုင်းတွေနဲ့ ကောက်ခံတာမျိုးမဟုတ်ဘဲနဲ့ စည်ပင်ယူနီဖောင်းဝတ်ထားတာမျိုးလည်းမဟုတ် ဒီိအတိုင်းပဲ ၂၀၀ ဆိုပြီး ဒီအတိုင်းပေးရတယ်။ ဒီတော့သိချင်တာကကားဝင်းတွေထဲကို ၀င်လို့ ကောက်တဲ့အခါ ဘယ်လိုပုံစံနဲ့ ကောက်တာလဲ စည်ပင်ဘယ်ဌာနက ကောက်တာလဲ စည်ပင်က ဆပ်ကန်ထရိုက်ပေးပြီးကောက်တာမျိုးလား” လို့ ဒေါ်ကြည်ပြာက လွှတ်တော်မှာမေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၄-၀၅ ခုနှစ်က အောင်မင်္ဂလာအဝေးပြေးကွင်းက သိန်း၁၄၀၀ ၊ ဒဂုံဧရာအဝေးပြေးကားဝင်းက သိန်း ၅၇၀၊ ၂၀၀၅- ၀၆ခုနှစ်က အောင်မင်္ဂလာအဝေးပြေးကွင်းက သိန်း၁၀၈၃ ၊ ဒဂုံဧရာအဝေးပြေးကားဝင်းက သိန်း ၃၁၀ စတဲ့ နှုန်းထားတွေနဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*