ကင်းစောင့်စစ်သားက စစ်သည်အိပ်ဆောင်အထဲ လက်ပစ်ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ၂၅ ချက်လောက်ပစ်တဲ့ ဖြစ်စဉ် နန်းယွန်းမြို့မှာဖြစ်ပွားခဲ့

ကင်းစောင့်စစ်သားက စစ်သည်အိပ်ဆောင်အထဲ လက်ပစ်ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ၂၅ ချက်လောက်ပစ်တဲ့ ဖြစ်စဉ် နန်းယွန်းမြို့မှာဖြစ်ပွားခဲ့
May 17, 2018 Fame Asian

2:23 pm
ကင်းစောင့်စစ်သားက စစ်သည်အိပ်ဆောင်အထဲ လက်ပစ်ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ၂၅ ချက်လောက်ပစ်တဲ့ ဖြစ်စဉ် နန်းယွန်းမြို့မှာဖြစ်ပွားခဲ့

1

နန်းယွန်း၊ မေ ၁၇

ကင်းစောင့်နေတဲ့ စစ်သားက တပ်သားတွေအိပ်နေတဲ့အဆောင်အထဲကို လက်ပစ်ဗုံးပစ်ထည့် သေနတ်နဲ့ ၂၅ ချက်လောက် ရမ်းသမ်းပစ်ခတ် တဲ့ဖြစ်စဉ်ကြောင့် တပ်မတော်သား ၄ ဦးသေဆုံးမှု မေ ၁၅ ရက်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။

မေ ၁၅ ရက်နေ့ မနက် ၂ နာရီ ၃၅ မိနစ်အချိန်လောက် နန်းယွန်းမြို့နယ် ရဲစခန်းကုန်းနောက်ကျောဘက် တောင်ကုန်းပေါ်မှာ နေရာယူထားတဲ့ ခလရ ၂၂၉ မှ စက (၁) ရုံး ၊ ခွဲ (၁)ခွဲ မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကင်းလုံခြုံရေးယူထားတဲ့ တပ်သားငိုရှင်ဆန် ဆိုသူဟာ မိမိတို့ရဲ့နေအိမ်အဆောင်အတွင်းကို ပထမဦးစွာ လက်ပစ်ဗုံးပစ်ထည့်ပြီး ကိုင်ဆောင်ထားတဲ့ MA 1 သေနတ်နဲ့ အတွဲလိုက်ကျည် ၂၅ တောင့်လောက်ကုန်အောင် ပစ်ခတ်ကာ အိပ်ဆောင်အနောက်ဘက် လျှိုထဲကို ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ထွက်ပြေးသွားတဲ့ အသက် ၂၁ နှစ်အရွယ် တပ်သားငိုရှင်ဆန်ကို နောက်တစ်နေ့ မနက်မှာ လိုက်လံရှာဖွေရာ ရင်အုံအရှေ့ဘက် ကို သေနတ် ၂ ချက်မှန်ပြီးဖောက်ထွက်ထားတဲ့ ဒဏ်ရာနဲ့သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အထက်ပါပစ်ခတ်မှုဖြစ်စဉ်ကြောင့် အိပ်နေတဲ့ တပ်ကြပ်ကြီးတစ်ဦး ၊ တပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦး စုစုပေါင်း စစ်သည် ၃ ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦး တပ်ကြပ်ကြီးတစ်ဦး ဒုတပ်ကြပ်တစ်ဦးအပါအ၀င် ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်ခဲ့တဲ့ တပ်သားငိုရှင်ဆန် ရဲ့အလောင်းကိုလည်း နောက်တစ်နေ့ လျှိုထဲမှာ ပြန်လည်တွေ့ရှိခဲ့ရတာကြောင့် စုစုပေါင်း စစ်သည် ၄ ဦးသေဆုံးခဲ့တယ်လို့ နန်းယွန်းအထွေထွေအုပ်ချုပ်ရေးဌာန အမည်မဖော်လိုသူတစ်ဦးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

နန်းယွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် က “စုစုပေါင်း ၄ ယောက် သေသွားတယ်။ ဒဏ်ရာရတာကတော့ ၅ ဦး။ ဖြစ်စဉ်က ကင်းသမားက မနက် ၂ နာရီလောက် ကင်းချိန်းတဲ့အခါပေါ့။ ကင်းချိန်းပြီး သူပြန်လာတယ်။ သူ့မှာ တော်တော်လေး စိတ်ဖိစီးမှုများထားတယ်ထင်တယ်။ ကင်းလဲပြီး အဆောင်ကို ပြန်လာတယ် ပြီးတော့ သူ့ဆီမှာရှိတဲ့ လက်ပစ်ဗုံးနဲ့ တစ်ခြားစစ်သားတွေအိပ်နေတဲ့ အလယ်တည့်တည့်မှာ လက်ပစ်ဗုံးချလိုက်တာ။ ပြီးတော့ သေနတ်နဲ့ ကျည် ၂၅ ထောင့်လောက်နဲ့ပစ်လိုက်တယ်။ ဘယ်သူ့ပစ်တယ်တော့မဟုတ်ဘူး ရမ်းပြီးပစ်လိုက်တော့ တော်တော်များများထိသွားတာ။ ပြီးတော့ သူထွက်ပြေးသွားတယ်။ လွတ်အောင်ပြေးသွားတာမဟုတ်ဘဲ တောထဲမှာသူ့ကိုယ်သူသတ်သေလိုက်တယ်” လို့ ဖြစ်စဉ်ကို ရှင်းပြပါတယ်။

ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်သည် ၅ ဦးကို နန်းယွန်းဆေးရုံမှာ ဆေးကုသမှုခံယူစေပြီး တနိုင်းဆေးရုံကိုလွှဲပြောင်းခဲ့ကြောင်းသိရပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*