နိုင်ငံခြားအရက်သိုလှောင်ခွင့်လိုင်စင်ဈေးနှုန်း ဒေသနဲ့ ကိုက်ညီတဲ့ဈေးသတ်မှတ်ပေးဖို့ ဥပဒေပြင်ဆင်ချက်လွှတ်တော်ကိုတင်

နိုင်ငံခြားအရက်သိုလှောင်ခွင့်လိုင်စင်ဈေးနှုန်း ဒေသနဲ့ ကိုက်ညီတဲ့ဈေးသတ်မှတ်ပေးဖို့ ဥပဒေပြင်ဆင်ချက်လွှတ်တော်ကိုတင်
May 15, 2018 Fame Asian

3:59 pm
နိုင်ငံခြားအရက်သိုလှောင်ခွင့်လိုင်စင်ဈေးနှုန်း ဒေသနဲ့ ကိုက်ညီတဲ့ဈေးသတ်မှတ်ပေးဖို့ ဥပဒေပြင်ဆင်ချက်လွှတ်တော်ကိုတင်

aaa

ရန်ကုန် ၊ မေ ၁၅

နိုင်ငံခြားအရက်ငါးမျိုးသိုလှောင်ခွင့် လိုင်စင်ဈေးနှုန်းကို ပြည်ထောင်စုက သတ်မှတ်ထားတဲ့ဈေးနှုန်းမဟုတ်ဘဲ ဒေသနဲ့ ကိုက်ညီဆီလျှော်တဲ့ဈေးနှုန်းသတ်မှတ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က တိုင်းလွှတ်တော်ကို ယစ်မျိုးခွန်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်အနေနဲ့ ဒီိကနေ့ တင်သွင်းလိုက်ပါတယ်။

နိုင်ငံခြားအရက်လက်ကားရောင်းချခွင့် ယစ်မျိုးလိုင်စင်တွေဖြစ်တဲ့ FL6 ၊ FL 8 ၊ D1A ၊ FL11 ၊ FL 12 လိုင်စင် ၅မျိုးအတွက် လိုင်စင်ရနေရာမှအပ အခြားနေရာများမှာ သိုလှောင်ခွင့်ဈေးနှုန်းကို ဒေသနဲ့ ကိုက်ညီတဲ့ဈေးနှုန်းတွေသတ်မှတ်ပေးဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်မှ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုအကြောင်းကြားလာတဲ့အတွက် အခုလိုတင်သွင်းရတာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးယစ်မျိုးလိုင်စင်ဥပဒေအရပြဌာန်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ယစ်မျိုးလိုင်စင်ကြေးနှုန်းထားတွေဟာ ပြည်ထောင်စုနယ်မြေရဲ့နှုန်းထားတွေနဲ့ တူညီနေတာကြောင့် ဖော်ပြပါ လိုင်စင်(၅)မျိုးကို လိုင်စင်ရနေရာမဟုတ်တဲ့အခြားနေရာတွေမှာ သိုလှောင်ရင် သိုလှောင်ခွင့်နုန်းထားများကို ပြည်ထောင်စုနယ်မြေမှာသတ်မှတ်ထားတဲ့နှုန်းထားတွေရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ လျာထားသတ်မှတ်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့  က အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ က ပြဌာန်းခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*