ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မျှော်မှန်းချက်တွေကို လိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ တိုင်းလွှတ်တော်ဖေ၀န်

ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မျှော်မှန်းချက်တွေကို လိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ တိုင်းလွှတ်တော်ဖေ၀န်
May 14, 2018 AsianFame MediaGroup

5:24 pm
ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မျှော်မှန်းချက်တွေကို လိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ တိုင်းလွှတ်တော်ဖေ၀န်

build

ရန်ကုန်၊ မေ ၁၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က လွှတ်တော်ကိုတင်သွင်းလာတဲ့ မြို့ ပြဖွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်များနဲ့  တိုင်းလွှတ်တော်၊ ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေးကော်မတီက ဝေဖန်ခဲ့ကြပြီး အတည်မပြုဘဲ မှတ်တမ်အဖြစ်သာထားရှိဖို့ ဒီကနေ့ လွှတ်တော်ကိုတင်ပြသွားကြပါတယ်။ တိုင်းအစိုးရတင်ပြလာတဲ့ စီမံကိန်းတွေမှာ အသေးစိတ်အချက်အလက်တွေမပါ လွှတ်တော်ကိုဆွေးနွေးခိုင်းတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မျှော်မှန်းချက်တွေရဲ့မျှော်မှန်းချက်တွေကို လိုက်ပြီးအကောင်အထည်ဖော်ပေးနေတယ်လို့ တိုင်းလွှတ်တော်၊ ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေးကော်မတီမှ ဥက္ကဌ ဒေါ်စန္ဒာမင်းကပြောပါတယ်။

”တိုင်းအစိုးရက စီမံကိန်းတွေရဲ့ ဖြစ်နိုင်ချေတွေ၊ ပရော့ဂျက်အစီအစဉ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ပြန်လည်ရရှိနိုင်မယ့်အမြတ်အစွန်းတွေ ဘာတစ်ခုမှမပါဘဲ လွှတ်တော်ကိုဆွေးနွေးခိုင်းခြင်း၊ အတည်ပြုခိုင်းခြင်းကိုတွေ့ နေရခြင်းဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့မျှော်မှန်းချက်တွေကိုလိုက်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ ပဲမြင်တယ်” လို့ သူမကဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက်အမှန်တကယ်လိုအပ်နေတဲ့ ကျောင်းစီမံကိန်းမျိုး၊ အဝေးပြေးရပ်နားဖို့ စီမံကိန်းမျိုးတွေကိုတော့ တိုင်းလွှတ်တော်အနေနဲ့ သဘောတူဖို့ ရှိနေပါတယ်လို့ ဒေါ်စန္ဒာမင်းက ဆက်ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့ က ယခုတင်ပြလာတဲ့စီမံကိန်းတွေထဲမှာအခြေခံအဆောက်အအုံဖွံ့ ဖြိုးမှုစီမံကိန်းက ၂ ခုသာပါဝင်ပြီး အိမ်ယာဆောက်လုပ်မှု ဖွံ့ ဖြိုးမှုစီမံကိန်းတွေက အများဆုံးဖြစ်နေမှုကိုလည်း တိုင်းလွှတ်တော်၊ ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေးကော်မတီကဝေဖန်ပါတယ်။ ဒီစီမံကိန်းတွေဟာ တိုင်းပြည်ရဲ့စီိးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုကိုတိုးတက်စေမယ့် စီမံကိန်းတွေမဟုတ်ဘူးလို့ တင်ပြပါတယ်။

”ကျွန်မတို့ နိုင်ငံရဲ့စီးပွားရေးကျဆင်းနေချိန်မှာ ဒီအိမ်ခြံမြေဖွံ့ ဖြိုးမှုစီမံကိန်းတွေကို မြို့ ပြဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်းတွေကိုလုပ်သယောင်ယောင်ပုံစံနဲ့ အိမ်ခြံမြေဖွံ့ ဖြိုးမှုစီမံကိန်းတွေလုပ်နေတာဟာ ပေါ်လစီမှားနေတယ်လို့ ပြောချင်တယ်” လို့ ဒေါ်စန္ဒာမင်းကဆိုပါတယ်။ ” ကာလတိုမှာစီးပွားရေးတက်သယောင်ယောင် လုပ်ဆောင်တဲ့စီမံကိန်းတွေပဲဖြစ်ပါတယ်။ အမှန်တကယ် တိုင်းဒေသကြီးအဆင့်အနေနဲ့ လုပ်ပေးရမှာက အခြေခံအဆောက်အအုံတွေကို တိုးတက်အောင်လုပ်ဆောင်ပေးရမှာ” လို့ သူမကဆက်ပြောပါတယ်။

စီမံကိန်းကိုဆွေးနွေးတဲ့လွှတ်တော်ကိုယ်စားလှယ်များဟာ တိုင်းအစိုးရက လွှတ်တော်ကိုတင်ပြလာတဲ့စီမံကိန်းမှာ မြေပြင်အခြေအနေများအတိုင်း တင်ပြထားမှုမရှိခြင်း၊ စီမံကိန်းပါ ၈လေးလုံးသမိုင်းပြတိုက်နေရာဟာ ဘောလုံးကွင်းနေရာဖြစ်နေခြင်း၊ လွှတ်တော်ကိုတင်ထားဆဲ စီမံကိန်းတစ်ခုမှာ နားလည်မှုစာချုပ် ချုပ်ထားပြီးဖြစ်နေခြင်းစတဲ့အချက်တွေကို ဝေဖန်ခဲ့ကြပါတယ်။

”ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ကာလမှာ နာမည်ကြီးတဲ့ကိစ္စတစ်ခုရှိတယ်။အဲဒါဘာလဲဆိုတော့ စာရွက်အလွတ်ပေါ်မှာလက်မှတ်ထိုးခိုင်းတာ။ အခုဟာစာရွက်အလွတ်တော့မဟုတ်ဘူး။ ယေဘုယျအချက်အလက်လေးတွေပါတယ်။အဲဒီလောက်နဲ့ တော့ကျွန်တော်တို့ ကသဘောတူညီချက်ဘယ်လိုမှပေးလို့ မရပါဘူး။ ဒီလောက်အချက်အလက်လေးတွေနဲ့ သဘောတူညီချက်ပေးမယ်ဆိုရင် ဒါဟာ စာရွက်အလွတ်ပေါ်မှာ လက်မှတ်ထိုးတာနဲ့ မထူးဘူး” လို့ လွှတ်တော်ကို တိုင်းအစိုးရအဖွဲ့  ကတင်ပြလာတဲ့စီမံကိန်းမှာ အသေးစိတ်အချက်အလက်တွေပါမလာတဲ့ ဆွေးနွေးခိုင်းမှုကိုနဲ့  ပတ်သတ်လို့သင်္ဃန်းကျွန်းမြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါ့အပြင် ယခုတင်ပြလာတဲ့စီမံကိန်းဟာ လွှတ်တော်ကအတည်ပြုပြီိး အဆို၊မူဝါဒများကိုထည့်သွင်းစဉ်းစားထားခြင်းမရှိဘူးလို့ သူကဆိုပါတယ်။ ” အများပြည်သူပိုင်နေရာတွေကို ပရော့ဂျက်လုပ်မှာတွေ၊ ရေစုကန်ရေကန်တွေကိုမြေဖို့ ပြီးတိုက်ဆောက်မယ်ဆိုတာတွေက လွှတ်တော်ကအတည်ပြုပြီးအဆိုတွေကိုဆန့် ကျင်ပြီးလုပ်တဲပုံစံဖြစ်နေတယ်” လို့ တင်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီိးအစိုးရအဖွဲ့ က လွှတ်တော်ကိုတင်သွင်းလာတဲ့ ” ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ ပြဖွံ့  ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအစီရင်ခံစာ(၂၀၁၈-၂၀၂၁) ကို လွှတ်တောာ်ကိုယ်စားလှယ်(၁၅)ဦးနဲ့  တိုင်းလွှတ်တော်၊ ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေးကော်မတီတို့ က (၂) ရက်ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောခဲ့တဲ့ စီမံကိန်းတွေကိုဝေဖန်နေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ သတင်းအချက်အလက်အပြည့်အစုံမသိလို့ ဆိုတဲ့စကားကိုလည်း လွှတ်တော်ကိုတင်ပြလာတဲ့စီမံကိန်းစာအုပ်ကြီးတစ်အုပ်ထဲမှာ စီမံကိန်းတစ်ခုချင်းစီအသေးစိတ်တင်ပြထားခြင်းမျိုးမရှိ၊ သတင်းအချက်အလက်မပေးဘဲ ခေါင်းစဉ်လေးတွေသာပေးပြီး အတည်ပြုခိုင်းနေတာဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းကပြန်လည်တုံ့ ပြန်ခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*