အလံတရာဘုရားကြီးကို ပြုပြင်ရန် နှင့်အတူ ခွန်တန်ကိစ္စကိုပါ သာသနာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအား အလံတရာဘုရားနိဗ္ဗာန်ဆော်များ တွေ့ဆုံရှင်းလင်းမည်

အလံတရာဘုရားကြီးကို ပြုပြင်ရန် နှင့်အတူ ခွန်တန်ကိစ္စကိုပါ သာသနာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအား အလံတရာဘုရားနိဗ္ဗာန်ဆော်များ တွေ့ဆုံရှင်းလင်းမည်
May 10, 2018 AsianFame MediaGroup

2:55 pm
အလံတရာဘုရားကြီးကို ပြုပြင်ရန် နှင့်အတူ ခွန်တန်ကိစ္စကိုပါ သာသနာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအား အလံတရာဘုရားနိဗ္ဗာန်ဆော်များ တွေ့ဆုံရှင်းလင်းမည်

32191881_1785727528137871_1766795510867296256_n

သထုံ၊ မေ ၁၀

မွန်ပြည်နယ် သထုံမြို့နယ်ရှိ အလံတရာဘုရားကြီးကို ပြန်လည်ပြုပြင်နိုင်ရန် ခွန်တန်(ခေါ်)ဇာတ်လိုက်ကို အမြန်လိုအပ်နေခြင်းနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီး သူရဦးအောင်ကို နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင် အပါအဝင် ပြည်နယ်သာသနာရေးဝန်ကြီး / ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မာမာခိုင်နှင့်သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို အလံတရာဘုရားနိဗ္ဗာန်ဆော်များမှ လာမည့် မေလ ၁၂ ရက်နေ့တွင် တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

လူထုတွေ့ဆုံပွဲကျင်းပရေးကော်မတီ ခေါင်းဆောင် ခွန်လှထွန်းက “အဓိကကတော့ အလံတရာဘုရားကြီးကိုပြုပြင်ဖို့အတွက် အဓိကထားပြီး ဆွေးနွေးကြမှာပါ” ဟု ပြောကြားသည်။

မွန်ပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့ ပူးပေါင်းကာ ပန်းဦးလွှတ်သည်ဆိုသည့် ခွန်တန်ကို ဝရမ်းထုတ်ကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း ယခုအချိန်ထိ ရှောင်တိမ်းနေသည့် ခွန်တန်ကို ဒေသပြန်လာ၍ ရင်ဆိုင်ဖြေရှင်းစေလိုကြောင်း လူထုတွေ့ဆုံပွဲကျင်းပရေးကော်မတီမှဦးစောမောင်ကြီးက ပြောသည်။

“အလံတရာ ဘုရားကြီးက ပြိုပျက်တော့မယ့် အန္တရာယ်ကျရောက်နေလို့ပါ။ အလံတရာစေတီတော်ကြီး တစ်ချို့အစိတ်အပိုင်းတွေက လက်နဲ့ဆွဲခွာရင်တောင် ကွာကျနေတယ်။ မိုးတွင်းလည်းရောက်လာပြီဖြစ်တဲ့အတွက် သဘာဝဘေးအန္တရာယ်ကိုကာကွယ်ဖို့ပါ။ အဲဒါကို ပြန်လည်ပြုပြင်ဖို့က အရေးကြီးနေတယ်။ အဲဒီလိုပြုပြင်ဖို့ဆိုရင် ခွန်တန်ကပါလာပြီလေ ကုန်ကျမယ့်သိန်းပေါင်းကလည်း မနည်းဘူးလေ။ ခွန်တန်ကိုပဲလှူကြတာဆိုတော့ ခွန်တန်ရှိမှ ဒီစေတီကြီးပြုပြင်ဖို့ အလားအလာကောင်းတဲ့အတွက် ခွန်တန်ရှိဖို့လိုအပ်နေတာပါ။ နောက်ပြီး ပန်းဦးလွှတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေဆုံးရှုံးနေတယ်။ အဖြစ်မှန်ကို ရှင်းပြချင်လို့ပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုရိုးရာဓလေ့ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ကျွန်တော်တို့ ဒီလိုရှင်းလင်းဖို့ စီစဉ်တာပါ” ဟု ဦးစောမောင်ကြီးကပြောသည်။

ခွန်တန်(ခ) ဇာတ်လိုက် ဆိုသူမှာဘာသာရေးဗန်းပြပြီး ရိုးသားသောပအိုဝ့်တိုင်းရင်းသူ မိန်းကလေးများအား ဖျက်ဆီးနေမှု၊ အလိုမတူဘဲ သားမယားပြုကျင့်မှုတို့ဖြင့် အရေးယူပေးရန်တိုင်ကြားခံခဲ့ရပြီး မွန်ပြည်နယ်အစိုးရမှလည်း ဖမ်းဆီးရန် ဝရမ်းထုတ်ထားသကဲ့သို့၎င်းကိုဖမ်းဆီးရမိပါက မုဒိန်းမှုဖြင့် ကနဦးတရားစွဲဆိုသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့မှ သိရသည်။

CL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*