4:05 pm
ရန်ကုန် ၊ ဧပြီ ၂၆
မုဒိန်းမှုအပါအဝင် ပုဒ်မ၃ ခုနဲ့အမှုဖွင့်ဖမ်းဆီးခံထားရတဲ့အဆိုတော်အစ္စဏီ ကို မုဒိန်းမှု၊ မိမိ အလို အလျောက်နာကျင်စေမှု၊ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုပုဒ်မတွေနဲ့ တာမွေမြို့နယ်တရားရုံးမှာ ဒီကနေ့ တရားစွဲတင်လိုက်ပါတယ်။
တရားလိုဖြစ်တဲ့ မဇာခြည်ဌေး(ခေါ်)မော်ဒယ်စူးရှထက်ကို လာမယ့် မေလ ၂၃ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီးတရားလိုပြသက်သေအဖြစ် စစ်ဆေးဖို့ ၁၁ ဦးရှိနေပါတယ်။
မော်ဒယ်စူးရှထက်ကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့တဲ့ မုဒိန်းမှု၊အပါအဝင် ပုဒ်မ ၃ ခုနဲ့အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ အဆိုတော် အစ္စဏီကို တာမွေမြို့ နယ်တရားရုံးမှာ ဒီကနေ့ နံနက်ပိုင်းမှာ ရုံးထုတ်လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ်ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ် ။
သူ့ ကိုဖမ်းဆီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ က ပထမအကြိမ်ရမန်၊ ဧပြီလ ၂၆ ရက်နေ့က ဒုတိယအကြိမ်ယမန်ယူခဲ့ပြီး ဒီကနေ့ မေလ ၁၀ ရက်နေ့ မှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။
ဧပြီလ ၁၂ ရက်နေ့  က တာမွေမြို့ နယ်ရှိ ရည်းစားဟောင်းဖြစ်သူ စူးရှထက် ဌားရမ်းနေထိုင်တဲ့ တိုက်ခန်းမှာ သားမယားနှစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ တိုင်ကြားအမှုဖွင့်ခဲ့တာကြောင့် အဆိုတော်အစ္စဏီကို တာမွေမြို့ နယ် ရဲစခန်းမှာ
(ပ)၃၆၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိန်းမှု ၊ ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု) တို့ နဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးက ဧပြီလ ၁၃ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ တရားစွဲတင်ရာမှာတော့ အပြင်းအထန်မာကျင်စေမှုပုဒ်မ ၃၂၅ အစား မိမိအလိုအလျောက်နာကျင်စေမှု ပုဒ်မ ၃၂၃ နဲ့အစားထိုးတရားစွဲတင်ခဲ့ပါတယ်။ မုဒိန်းမှုပုဒ်မနဲ့ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့ပုဒ်မတို့ကတော့ တရားစွဲရာမှာပြန်လည်ပါဝင်ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ မုဒိန်းမှုကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ဆယ်နှစ်အထိဖြစ်စေ ထောင်ဒဏ်၊ ပုဒ်မ ၃၂၃ မိမိအလိုအလျောက်နာကျင်စေမှုကို တစ်နှစ်ထောင်ဒဏ်နဲ့ ပုဒ်မ ၃၂၅ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုကို သုံးနှစ်ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်များဖြစ်စေ ချမှတ်ရမယ်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၂၃ နဲ့ ၃၂၄ နှစ်ခုက အာမခံရနိုင်ပေမယ့် ပုဒ်မ ၃၇၆ မုဒိန်းမှုကတော့ အာမခံမရနိုင်လို့ ရာဇသတ်ကြီးဥပဒေမှာပြဌာန်းထားတာတွေ့ရပါတယ်။
အဆိုတော်အစ္စဏီဟာ အမှုနဲ့ပတ်သတ်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးသွားပါဘူး။
AF-245
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)