အရောင်းဆိုင်တွေလက်ဝါးကြီးအုပ်ပြီး စက်သုံးဆီဈေးညှိရောင်းနေတာကို ကမ္ဘာ့ပေါက်ဈေးဖြစ်အောင် ရန်ကုန်တိုင်းအစိုးရလုပ်မယ်

အရောင်းဆိုင်တွေလက်ဝါးကြီးအုပ်ပြီး စက်သုံးဆီဈေးညှိရောင်းနေတာကို ကမ္ဘာ့ပေါက်ဈေးဖြစ်အောင် ရန်ကုန်တိုင်းအစိုးရလုပ်မယ်
May 9, 2018 AsianFame MediaGroup

2:37 pm
အရောင်းဆိုင်တွေလက်ဝါးကြီးအုပ်ပြီး စက်သုံးဆီဈေးညှိရောင်းနေတာကို ကမ္ဘာ့ပေါက်ဈေးဖြစ်အောင် ရန်ကုန်တိုင်းအစိုးရလုပ်မယ်

32105510_593166634395587_4742212484029480960_n

ရန်ကုန် ၊ မေ ၉

စက်သုံးဆီဈေးနှုန်းကို အရောင်းဆိုင်များက ညှိနှိုင်းပြီးရောင်းနေတဲ့ဈေးနှုန်းမဟုတ်ဘဲ ကမ္ဘာ့  ပေါက်ဈေးနဲ့ အညီဖြစ်ဖို့  အစီအမံတစ်ရပ်ချမှတ်ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က မနေ့  က တိုင်းလွှတ်တော်မှာ ပြောပါတယ်။ တိုင်းစီမံဘဏ္ဍာဝန်ကြီး
ဦးမြင့်သောင်းက ပြောသွားတာဖြစ်ပါတယ်။

” ရန်ကုန်တိုင်းအနေနဲ့ စက်သုံးဆီကျဆင်းရေးအတွက်ကိုလည်း အစီအမံတစ်ရပ်ချမှတ်ပြီးတော့ ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်” လို့ ဦးမြင့်သောင်းကပြောပါတယ်။ မနေ့ က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးမှာ မင်္ဂလာတောင်ညွှန့် မြို့ နယ်က လွှတ်တော်ကိုယ်
စားလှယ်ဦးလှဌေးက ကုန်ဈေးနှုန်းကျဆင်းဖို့ စီမံချက်ချဆောင်ရွက်ဖို့ ရှိသလားလို့ တိုင်းအစိုးရကိုမေးမြန်းခဲ့ပါတယ်။ သူ့ ရဲ့မေးမြန်းမှုထဲမှာ စက်ဆုံးဆီဈေးနှုန်းတွေမြင့်တက်နေရခြင်းအကြောင်းရင်းနဲ့ အခုလိုစက်သုံးဆီဈေးနှုန်းတွေမြင့်နေတာဟာ ကုန်ဈေးနှုန်းမြင့်မားမှု၊ သယ်ယူပို့ ဆေ
ာင်ရေးစရိတ်မြင့်မားမှုတို့ ကိုတွန်းအားပေးနေတယ်ဆိုပြီး ချိတ်ဆက်တင်ပြသွားခဲ့ပါတယ်။

” ပုဂ္ဂလိကဆီဆိုင်များလို့ ဆိုပေမယ့် ဆီိဆိုင်အားလုံးဈေးနှုန်းတူညီစွာ သတ်မှတ်ရောင်းချနေခြင်းက လက်ဝါးကြီးအုပ်ရောင်းချနေခြင်းပဲဖြစ်ပါတယ်။လွတ်လပ်စွာရောင်းဝယ်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလားလို့ လည်းမေးခွန်းထုတ်ချင်ပါတယ်။ စက်သုံးဆီဈေးနှုန်းကို
လက်ဝါးကြီးအုပ်ထားခြင်းက ကုန်ဈေးနှုန်းကြီးမြင့်အောင် အဓိကတွန်းပို့ နေတယ်”လို့ ဦးလှဌေးက တိုင်းအစိုးရကိုပြောပါတယ်။ ဒါကို တိုင်းအစိုးရကလည်း သိနေပါတယ်လို့ ပြန်လည်ဖြေကြားပါတယ်။ ”စက်သုံးဆီများက ဈေးနှုန်းတွေကြီးမြင့်နေတယ်။အမှန်တော့သူတို့ (အရောင်းဆိုင်
များ) လက်ဝါးကြီးအုပ်မှုအခြေအနေတွေ့ နေရတယ်ဆိုတာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ လည်းဂရုပြုမိပါတယ်” လို့ တိုင်းစီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက၀န်ခံပါတယ်။

မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက စက်သုံးဆီကို လွတ်လပ်စွာတင်သွင်းခွင့်၊အပြိုင်အဆိုင်ရောင်းချခွင့်ဖြစ်သင့်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအထိ လုပ်ကိုင်ဆောင်ရွက်ခွင့်တွေဖွင့်ပေးသင့်တယ်လို့ အကြံပြုပါတယ်။ ” စီးပွားရေးလုပ်ငန်းတွေကို လူတစ်စုကပဲလက်
ဝါးကြီးအုပ်စိုးမိုးခဲ့တဲ့ခေတ်အဆက်ဆက်ကြောင့် တိုင်းပြည်ဟာ ချွတ်ခြုံကျနေခဲ့တာ။ ဟိုခေတ်မှာလည်း ဒီလူတစ်စု ဒီခေတ်မှာလည်း ဒီလူတစ်စုကပဲ ချုပ်ကိုင်ဆောင်ရွက်နေရင် အနာဂါတ်က မှေးမှိန်ပျောက်ကွယ်နေဦးမှာပဲ” လို့ သူကပြောပါတယ်။ စီမံ၊ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက
”ရန်ကုန်တိုင်းအစိုးရအနေနဲ့ လည်း သူတို့ အားလုံး (အရောင်းဆိုင်များ) ညှိနှိုင်းထားတဲ့ဈေးနှုန်းမဟုတ်ဘဲနဲ့ သက်သက်ကမ္ဘာ့ပေါက်ဈေးနှုန်းနဲ့ အညီဖြစ်ပေါ်စေတဲ့ဈေးနှုန်းများဖြစ်လာအောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ အစီအမံများချမှတ်ဆောင်ရွက်ပါမယ်” လို့ ပြောကြားသွ
ားခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*