စစ်မက်ဒေသပိတ်မိနေသူတွေလွတ်မြောက်ရေးလှုပ်ရှားလို့ မန်းမှာ တရားစွဲခံရသူ နှစ်ဦးက အာမခံယူဖို့ငြင်းဆို

စစ်မက်ဒေသပိတ်မိနေသူတွေလွတ်မြောက်ရေးလှုပ်ရှားလို့ မန်းမှာ တရားစွဲခံရသူ နှစ်ဦးက အာမခံယူဖို့ငြင်းဆို
May 9, 2018 AsianFame MediaGroup

3:12 pm
စစ်မက်ဒေသပိတ်မိနေသူတွေလွတ်မြောက်ရေးလှုပ်ရှားလို့ မန်းမှာ တရားစွဲခံရသူ နှစ်ဦးက အာမခံယူဖို့ငြင်းဆို

11

မန္တလေး မေ ၉

တိုင်းရင်းသားဒေသထိုးစစ်ရပ်ပေးရေးနဲ့ စစ်မက်ဒေသပိတ်မိနေသူတွေလွတ်မြောက်ရေးလှုပ်ရှားလို့ တရားစွဲခံရသူ ၃ ဦးထဲက နှစ်ဦးအား မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့တာမှာ ၄င်းတို့က တရားစီရင်ရေးအပေါ်အယုံအကြည်မရှိလို့ဆိုပြီး အာမခံယူဖို့ ငြင်းဆိုခဲ့ကြပါတယ်။

၎င်းတို့ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲထားတာဖြစ်တဲ့အတွက် အာမခံလျှောက်ထားခွင့်ပေးခဲ့ပေမယ့်လည်း သူတို့က အာမခံယူဖို့ငြင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

22

“ဒီပုဒ်မ ၁၉ ဆိုတာကို ကျွန်တော်တို့က အယုံ အကြည်မရှိဘူး လက်မခံဘူး ဒါကြောင့်မို့လို့ အာမခံယူဖို့ ငြင်းလိုက်တယ်” လို့ ကိုစိုးမိုးအောင်(ခ) ဒိန်းဒေါင်ကပြောပါတယ်။

“တရားရုံးရဲ့တရားစီရင်ရေးအပေါ် အယုံအကြည်မရှိလို့ ပူးပေါင်းဆောင်ရွက်ဖို့ငြင်းဆိုခဲ့တာပါ၊ သပိတ်မှောက်တယ်လို့လည်းပြောလို့ရပါတယ်” လို့ ဖမ်းဆီးတရားစွဲခံရသူနှစ်ဦးထဲက ဗကသကျောင်းသားခေါင်းဆောင်ဟောင်းကိုအောင်မှိုင်း ဆန်းကပြောပါတယ်။

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ကိုလက်မခံတာကြောင့် အာမခံမယူသလို ရှေ့နေမခေါ်ဘဲတရားရင်ဆိုင် သွားမှာဖြစ်တယ်လို့လည်း ၄င်းတို့ကဆိုပါတယ်။

တရားစွဲခံရသူ ၃ ဦးထဲက ကိုအောင်မှိုင်းဆန်း နဲ့ ကိုစိုးမိုးအောင်(ခ)ဒိန်းဒေါင်တို့ဟာ ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၄င်းတို့ အနေနဲ့ မန္တလေးဗဟိုအကျဉ်းထောင်ကနေ အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

33

မန္တလေးမြို့မှာ မေလ ၆ ရက်နေ့ညနေပိုင်းက တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ရပ်ဆိုင်းပေးဖို့နဲ့ ကချင်ပြည်နယ်အတွင်းပိတ်မိပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကချင်ဒေသအရေးစိတ်ဝင်စားကြသူတွေစုပေါင်းပြီး ဆိုင်းဘုတ်တွေကိုင်ဆောင်ရည မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တောင်းဆိုကြတဲ့ ဒီလှုပ်ရှားမှုမှာ အင်အား ၅၀ ခန့်ပါဝင်တာကိုတွေ့ရပြီး တရားဝင်ခွင့်ပြုချက်တောင်းခံပြီး လှုပ်ရှားကြတာမဟုတ်ဘူးလို့သိရပါတယ်။

ဒီကိစ္စအပေါ် နောက်တစ်နေ့မှာပဲ ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းက ဦးဆောင်သူတွေလို့ယူဆကြသူ ၃ ဦးကို အမှုဖွင့်အရေးယူလိုက်ပြီး ယမန်နေ့ညနေပိုင်းမှာတော့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးအောင်(ခ)ဒိန်းဒေါင်တို့ နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

“တစ်ယောက်ကိုမဖမ်းရသေးပါဘူး၊ ထွက်ပြေးနေရင်တော့ ၀ရမ်းပြေးပါပဲ” လို့ ချမ်းအေးသာစံမြို့နယ်အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အမှုဖွင့်ခံထားရသူ ၃ ဦးက ကိုအောင်မှိုင်းဆန်း၊ ကိုစိုးမိုးအောင်(ခ)ဒိန်းဒေါင် နဲ့ ကဗျာဆရာကလင့်တို့ဖြစ်ကြပြီး ၄င်းတို့ကို အမှတ် ၈ ရဲစခန်းက (ပ)၂၄၅/၂၀၁၈၊ ငြိမ်း/စု/စီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာပါ။

နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ လာမယ့်မေလ ၁၈ ရက် ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*