မြန်မာ့သစ်လုပ်ငန်း တွဲလှေ ၃ စီးအောက်ကနေ တရားမ၀င်သစ်တန် ၂၀၀ကျော်ဖမ်းမိတဲ့ဖြစ်စဉ်မှာ ၀န်ထမ်းတွေပါဝင်ပတ်သက်မှုရှိ/မရှိ ခုံရုံးဖွဲ့စစ်ဆေးပြီးစီး၍ ၀န်ကြီးဌာနသို့တင်တော့မည်

မြန်မာ့သစ်လုပ်ငန်း တွဲလှေ ၃ စီးအောက်ကနေ တရားမ၀င်သစ်တန် ၂၀၀ကျော်ဖမ်းမိတဲ့ဖြစ်စဉ်မှာ ၀န်ထမ်းတွေပါဝင်ပတ်သက်မှုရှိ/မရှိ ခုံရုံးဖွဲ့စစ်ဆေးပြီးစီး၍ ၀န်ကြီးဌာနသို့တင်တော့မည်
May 7, 2018 AsianFame MediaGroup

3:20 pm
မြန်မာ့သစ်လုပ်ငန်း တွဲလှေ ၃ စီးအောက်ကနေ တရားမ၀င်သစ်တန် ၂၀၀ကျော်ဖမ်းမိတဲ့ဖြစ်စဉ်မှာ ၀န်ထမ်းတွေပါဝင်ပတ်သက်မှုရှိ/မရှိ ခုံရုံးဖွဲ့စစ်ဆေးပြီးစီး၍ ၀န်ကြီးဌာနသို့တင်တော့မည်

31945529_1782654215111869_991381093045239808_n

နေပြည်တော်၊ မေ ၇

မြန်မာ့သစ်လုပ်ငန်း(ဖောင်ဖွဲ့ရေးအဖွဲ့)က သယ်ဆောင်လာတဲ့ တွဲလှေတွေအောက်ကနေ တရားမ၀င်သစ်လုံး တန် ၂၀၀ ကျော်ဖမ်းဆီးရမိခဲ့တာနဲ့ပတ်သတ်လို့ မြန်မာ့သစ်လုပ်ငန်းက ၀န်ထမ်းတွေပါဝင်ပတ်သတ်မှုရှိ/မရှိကို ခုံရုံးဖွဲ့စစ်ဆေးပြီးစီးလို့ ပါဝင်ပတ်သက်သူတွေကို အရေးယူသွားဖို့ရှိတယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ရဲ့ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“စစ်ပြီးသွားပြီ။ ၀န်ကြီးရုံးကိုတင်ဖို့လုပ်နေတယ်။ အမှုတွဲတွေက ပြင်ဆင်နေပြီ လို့ပြောတယ်။ ၀န်ကြီးရုံးက ပြန်ကျလာပြီဆိုရင် အသေးစိတ်ပြောလို့ရပါပြီ။ အတိုင်းအတာတစ်ခုအထိ ၀န်ထမ်းတွေပါဝင်ပတ်သတ်သူတွေကိုတော့လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာပါ” လို့ အဆိုပါ တာဝန်ရှိသူကဆိုပါတယ်။

ဒါပေမဲ့ မြန်မာ့သစ်လုပ်ငန်းက၀န်ထမ်းတွေ ဘယ်ရာထူးအဆင့်တွေပါဝင်ပတ်သက်ပြီး ဘယ်လောက်ပါဝင်ပတ်သက် ဆိုတာကိုတော့ မေးမြန်းလို့မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ က ကသာခရိုင် ဧရာဝတီမြစ်အတွင်း မြန်မာ့သစ်လုပ်ငန်း(ဖောင်ဖွဲ့ရေးအဖွဲ့)က သယ်ဆောင်လာတဲ့ တွဲလှေ ၃ စီးအောက်ကနေ ဖောင်ဖွဲ့ထားတဲ့ သစ်လုံး ၇၂ လုံး(စုစုပေါင်း တန် ၂၀၀ ကျော်) ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ တွဲလှေ ၃ စီးဟာ မြန်မာ့သစ်လုပ်ငန်း (သစ်ထုတ်လုပ်ရေး၊ ဖောင်ဖွဲ့ရေးအဖွဲ့က) ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်း သစ်ထုတ်လုပ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး စတဲ့နေရာကို ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတာဖြစ်ကြောင်း၊ အဆိုပါတွဲလှေ ၃ စီးအောက်မှာ တရားမ၀င်သသစ်တွေကို ဖောင်ဖွဲ့ပြီး ခိုးဝှက်သယ်ဆောင်လာတာဖြစ်ကြောင်း၊ ယင်းနောက် ကသာခရိုင်အတွင်း ခေတ္တရပ်နားချိန်မှာ အဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်းသိရပါတယ်။

ယင်းဖြစ်စဉ်ကနေ အခင်းဖြစ်ဖြစ်ပြီးချင်း ဖောင်ဖွဲ့ရေးအဖွဲ့(ပုဂ္ဂလိက)၀င် တရားခံ ၅ ဦးကို ဖမ်းဆီးထားပြီး ဧပြီ ၂၄ ရက်နေ့မှာ အထူးသစ်တောဥပဒေ ၄၂(ခ) နဲ့ အမှုဖွင့်ခဲ့ပါတယ်။

AF – 178
Photo Credit – KyawMinnHtut

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*