ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က ဆောင်ရွက်မယ့် မြို့ ပြဖွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းကို တိုင်းလွှတ်တော်အမတ်များဆွေးနွေး၊ တစ်ဦးကန့် ကွက်ထား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က ဆောင်ရွက်မယ့် မြို့ ပြဖွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းကို တိုင်းလွှတ်တော်အမတ်များဆွေးနွေး၊ တစ်ဦးကန့် ကွက်ထား
May 7, 2018 AsianFame MediaGroup

5:02 pm
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က ဆောင်ရွက်မယ့် မြို့ ပြဖွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းကို တိုင်းလွှတ်တော်အမတ်များဆွေးနွေး၊ တစ်ဦးကန့် ကွက်ထား

31948393_1190660967738040_3934322512812310528_n

ရန်ကုန် ၊ မေ ၊ ၇

မြို့ သစ်စီမံကိန်းကို ပြည်ထောင်စုကသာ ဆောင်ရွက်ခွင့်ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က ဆောင်ရွက်မယ့် မြို့ ပြဖွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းကို လွှတ်တော်အမတ်တစ်ဦးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကန့်ကွက်ခဲ့ပါတယ်။

တာမွေမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းမြင့်ကကန့်ကွက်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာမဟာစီမံကိန်းများကို ဖော်ဆောင်မယ့်အစား အသေးစား၊ အလတ်စားစီမံကိန်းများကိုသာ ဦးစားပေးဆောင်ရွက်ဖို့ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဦးသိန်းမြင့်က တိုက်တွန်းခဲ့ပါတယ်။

”ကျွန်တော်ကတော့ ကန့် ကွက်ပါတယ်။ စီမံကိန်းရဲ့အသေးစိတ်အစီရင်ခံမသိရှိရတာ ၊ ရန်ကုန်မြို့ ကို တရားဥပဒေစိုးမိုးရေးဆောင်ရွက်ဖို့ အများကြီးတာဝန်ရှိနေတာတွေကြောင့်ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။ရန်ကုန်မြို့ မှာ လုံခြုံရေး၊ စည်ပင်သာယာရေးလုပ်ငန်း၊ တရားစီရင်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သွားလာမှုအဆင်ပြေရေးစတာတွေကို ဆောင်ရွက်ဖို့ လိုအပ်နေသေးချိန် အခြားနေရာမှာပါ မြို့ သစ်စီမံကိန်းတစ်ခုဖော်ဆောင်မယ်ဆိုရင် ရန်ကုန်မြို့ ကြီးကိုဒီအတိုင်းပစ်ထားသလိုဖြစ်မယ်လို့ လည်း ဦးသိန်းမြင့်က ဒီကနေ့  တိုင်းဒေသကြီးလွှတ်တော်မှာပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒေါ်နီလာကျော်က တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ ပြဖွံွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း အစီရင်ခံစာ(၂၀၁၈-၂၀၂၁) ကို တိုင်းဒေသကြီးအမတ် ၁၂ ဦးက ဆွေးနွေးဖို့ လွှတ်တော်မှာစာရင်းပေးထားပြီး ၆ ဦးက ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးနေဆဲဖြစ်ပေမယ့် ဒီစီမံကိန်းအတွက် တင်ဒါမျာကို သင်္ကြန်တွင်းကတည်းက ခေါ်ပြီးဖြစ်တယ်လို့ ဒဂုံမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။

သူက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဆောင်ရွက်တဲ့ စီမံကိန်းများနဲ့ ပတ်သတ်လို့  လွှတ်တော်ကိုယ်စားလှယ်များက တိုင်းလွှတ်တော်အတွင်း တရားဝင်ဆွေးနွေးခွင့်ရတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ 

”ကျွန်တော်တို့ က စီမံကိန်းတွေကို ပိတ်ပင်နေတာမဟုတ်ပါဘူး။ စီမံကိန်းတွေကို စီမံချက်ကောင်းကောင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က အကောင်အထည်ဖော်နိုင်အောင်ဆွေးနွေးချင်တာပါ။ ဒါကြောင့်မို့ တင်မြှောက်လိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ဟာ ဥပဒေနဲ့ အညီလုပ်ဆောင်တဲ့အစိုးရအဖွဲ့ ကြီးဖြစ်စေချင်ပါတယ်။ ငါ့မြင်းင့ါစိုင်း၊ စစ်ကိုင်းရောက်ရောက်ဆိုပြီးတော့ လုပ်တဲ့အနေအထားမျိုးမလုပ်သင့်ပါဘူး။ င့ါမြင်းမဟုတ်ပါဘူး။ ပြည်သူတွေရဲ့မြင်းပါ။ ပြည်သူတွေရဲ့ သဘောကျစီးနိုင်မှ ကောင်းပါမယ်” လို့ဦးကျော်ဇေယျကပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ ဝင် ၊ ၀န်ကြီးဒေါ်နီလာကျော်တင်သွင်းထားတဲ့ စီမံကိန်းအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးဆဲဖြစ်ပြီး ဆွေနွေးဖို့ကျန်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက လာမယ့် မေလ ၁၄ ရက်နေ့  မှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*