ကန်ဘောင်တွေမှာ စည်းကမ်းမဲ့အမှိုက်တွေကြောင့် ကြွက်တွင်းတွေရာနဲ့ ချီဖြစ်နေတဲ့ကိစ္စ စီမံချက်ချဆောင်ရွက်ဖို့ ရှိမရှိ တိုင်းအစိုးရကိုလွှတ်တော်ကိုယ်စားလှယ်မေး

ကန်ဘောင်တွေမှာ စည်းကမ်းမဲ့အမှိုက်တွေကြောင့် ကြွက်တွင်းတွေရာနဲ့ ချီဖြစ်နေတဲ့ကိစ္စ စီမံချက်ချဆောင်ရွက်ဖို့ ရှိမရှိ တိုင်းအစိုးရကိုလွှတ်တော်ကိုယ်စားလှယ်မေး
May 4, 2018 Fame Asian

3:26 pm
ကန်ဘောင်တွေမှာ စည်းကမ်းမဲ့အမှိုက်တွေကြောင့် ကြွက်တွင်းတွေရာနဲ့ ချီဖြစ်နေတဲ့ကိစ္စ စီမံချက်ချဆောင်ရွက်ဖို့ ရှိမရှိ တိုင်းအစိုးရကိုလွှတ်တော်ကိုယ်စားလှယ်မေး

DSC_0805

ရန်ကုန် ၊ မေ ၎

အင်းလျားကန်ဘောင်မှာ ကြွက်တွင်းများ ရာချီဖြစ်နေတာကြောင့် ကန်ဘောင်ပတ်ဝန်းကျင်မှာ အစားအသောက်များ စည်းကမ်းမဲ့ရောင်းချနေမှုကို တားဆီးဖို့ ၊ ကြွက်နှိမ်နှင်းရေးလုပ်ငန်းများ စီမံချက်ချပြီး ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိမရှိကို ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ မရမ်းကုန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့ပါတယ်။ အမှိုက်များကို နိုင်နိုင်နင်းနင်းသိမ်းဆည်းနိုင်ဖို့ အမှိုက်ကားများကို လုံလောက်အောင်ဝယ်ယူပြီး ဆောင်ရွက်ဖို့ တိုင်းလွှတ်တော်မှာတိုက်တွန်းပါတယ်။တစ်ဆက်တည်းမှာ ကန်တော်ကြီး၊အင်းလျားကန်တိုရဲ့အနီးတစ်ဝိုက်မှ စားသောက်ဆိုင်များဟာ ကြွက်တွေပွားများလာစေရုံသာမက ရေရဲ့အရည်အသွေးကိုပါကျဆင်းစေတာကြောင့် သဘာဝအရင်းအမြစ်တွေကိုထိန်းသိမ်းဖို့ ရာ ကန်တော်ကြီးနဲ့ အင်းလျားကန်ဘောင်တို့ ရဲ့အနီးပတ်ဝန်းကျင်မှာ စားသောက်ဆိုင်ကြီးတွေရောင်းချနေကြတာကို တားမြစ်ပိတ်ပင်ဖို့ သင့်နေပြီလို့ တိုင်းအစိုးရကို တိုက်တွန်းသွားပါတယ်။

”ကန်ပတ်ဝန်းကျင်မှာရှိတဲ့ စားသောက်ဆိုင်ကြီးများရဲ့ အနံ့  အသက်များနဲ့ ဆေးကြောလိုက်တဲ့ရေတွေဟာ ကြွက်တွေကိုလာဖို့ ရာဖိတ်ခေါ်နေသလိုဖြစ်နေတယ်။ဒါကြောင့် စားသောက်ဆိုင်ကြီးတွေကို စနစ်တကျစစ်ဆေးပြီး ပိတ်သိမ်းတဲ့အထိ ဆောင်ရွက်သွားသင့်ပါတယ်” လို့ဦးရန်ရှင်းကပြောပါတယ်။ ”အထူးသဖြင့်အင်းလျားမှာ နံနက်လင်းအားကြီး ၂ နာရီ ၃ နာရီိဝန်းကျင်တွေမှာဆို နိုက်ကလပ်က ပြန်လာတဲ့သူတွေက အဲဒီနားမှာလာပြီးတော့စည်းကမ်းမဲ့ အိပ်စက်ကြပြီး စားသောက်ပြီးပစ်ထားခဲ့ကြတာတွေက ပတ်ဝန်းကျင်ကိုအများကြီးထိခိုက်စေပါတယ်။ အဲဒါတွေကိုအချိန်ပြည့်ကြီးကြပ်ဖို့ လည်းအကြံပြုပါတယ်” လို့ သူကဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်ရှိတဲ့ မြို့ တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်မြို့ တော်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ကြွက်တွေကို တစ်လတစ်ကြိမ်စီမံချက်ချပြီးနှိမ်နင်းဆောင်ရွက်နေတယ်လို့ ဖြေပါတယ်။ နေ့ စဉ်ကြွက်ရှင်းလုပ်သားခန့် ထားမှုကိုတော့ မြို့ တော်ဝန်က ၂ မျိုးဖြေကြားသွားပါတယ်။ ကြွက်ရှင်းလုပ်သား၆၀ ခန့် ထားတယ်လို့ ပြောသွားသလို အင်အား ၆၀၀ နဲ့ ဆောင်ရွက်နေတယ်လို့ လည်း လွှတ်တော်မှာ ဖြေသွားပါတယ်။

”စားသောက်တဲ့အစားအသောက်တွေကို စနစ်တကျစွန့် ပစ်ခြင်းဖြင့် ကြွက်ဦးရေကို အဓိက လျှော့ချနိုင်တဲ့ အချက်တစ်ချက်အနေနဲ့ ပြည်သူလူထုက ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။” လို့ ဝန်ကြီးကပြောသွားပါတယ်။ ကန်ဘောင်အနီးမှာ ဖွင့်လှစ်တဲ့စားသောက်ဆိုင်များပိတ်သိမ်းဖို့ တိုက်တွန်းတဲ့ကိစ္စကိုတော့ ထိရောက်တဲ့နည်းဖြစ်ပေမယ့် တိုးတက်တဲ့နည်းလမ်းမဟုတ်ဘူးလို့ မြို့  တော်ဝန်ဦးမောင်မောင်စိုးကပြန်လည်ဖြေကြားပါတယ်။

”ကန်ဘောင်မှာနေပြီး နေကြာစေ့လေးအစ စားပြီးတော့ ပျော်ရွှင်ကြည်နူးမှုလေးရမယ်။ကန်ဘောင်မှာထိုင်ပြီးရေငတ်ပြီးဘာမှမစားရဘူးဆိုရင် ပျော်ရွှင်မှုကပျောက်သွားမယ်။ အဓိက ကျွန်တော်လိုချင်တာက စည်းကမ်းပဲဗျ။ စားပါ၊ သောက်ပါ၊ နေပါ၊ ပြီးသွားရင် ကိုယ့်ပြဿနာကိုယ်တာဝန်ယူပြီးသိမ်းသွားပါ။ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးဆိုရင် ကျွန်တော်တို့ လူနေမှုအဆင့်အတန်းတွေက ကျကျသွားမယ်” လို့ ဝန်ကြီးကဖြေကြားခဲ့ပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*