ညောင်တုန်းမြို့နယ်အထဲက ကျေးရွာတွေမှာတပ်မယ့် အိမ်သုံးဆိုလာပြားကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံ/လွှတ်တော်ကိုယ်စားလှယ် တွေကတစ်ဘက်၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန) တို့ကတစ်ဘက် အငြင်းပွားနေ

ညောင်တုန်းမြို့နယ်အထဲက ကျေးရွာတွေမှာတပ်မယ့် အိမ်သုံးဆိုလာပြားကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံ/လွှတ်တော်ကိုယ်စားလှယ် တွေကတစ်ဘက်၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန) တို့ကတစ်ဘက် အငြင်းပွားနေ
May 3, 2018 AsianFame MediaGroup

5:26 pm
ညောင်တုန်းမြို့နယ်အထဲက ကျေးရွာတွေမှာတပ်မယ့် အိမ်သုံးဆိုလာပြားကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံ/လွှတ်တော်ကိုယ်စားလှယ် တွေကတစ်ဘက်၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန) တို့ကတစ်ဘက် အငြင်းပွားနေ

31901936_1778476358862988_847513819071643648_n

ညောင်တုန်း၊ မေ ၃

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အတွင်းက ကျေးရွာ ၅ခုလောက်မှာ တစ်အိမ်သုံး ဆိုလာပြား တပ်ဆင်မှုကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံတွေ/လွှတ်တော်ကိုယ်စားလှယ် တွေက တစ်ဘက်၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန) တို့က တစ်ဘက် အငြင်းပွားမှုဖြစ်ပွားနေပါတယ်။

ပြောတုန်းက ဂျပန်(သို့) ဂျာမနီလုပ် ဆိုလာပြားကဲ့သို့အရည်အသွေးပြည့်တဲ့ ဆိုလာပြားတွေ လို့ ပြောပြီး တစ်ကယ်တန်းပစ္စည်းလာချတဲ့အချိန်မှာ တရုတ်လုပ်ပစ္စည်းတွေဖြစ်နေတဲ့အတွက် အဆိုပါကျေးရွာ ၅ ခုက ဒေသခံပြည်သူတွေဟာ အထက်ပါ တရုတ်ဆိုလာတွေကို မလိုချင်ကြဘူး လို့ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး ကပြောပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက်ဆိုလာပြားတွေ ခွဲဝေမှုမှာ ခွဲတမ်းရရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို 100w ဆိုလာပြားဆိုရင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ 60w ဆိုလာပြားဆိုရင် ကျပ် ၅၀၀၀၀ နှုန်းနဲ့ ဂျပန်(သို့) ဂျာမနီလုပ်ကဲ့သို့ကောင်းမွန်တဲ့ ဆိုလာပြားတွေ အရေအသွေးကောင်းကောင်းနဲ့ရမယ်လို့ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ပြောခဲ့ပေမယ့် တစ်ကယ်တန်းပစ္စည်းတွေရောက်လို့ သွားကြည့်တဲ့အချိန်မှာ တရုတ်နိုင်ငံလုပ် ဆိုလာပြားတွေဖြစ်ပြီးဈေးကွက်မရှိတဲ့အဆင့်တွေပါဖြစ်နေတဲ့အတွက် အခုလိုပြဿနာဖြစ်နေရတာလို့ သူက ရှင်းပြပါတယ်။

“သူတို့ပြောတဲ့စကားနဲ့က တစ်ခြားစီဖြစ်နေတယ်။ အရင် ကြံ့ခိုင်ရေးက ဆိုလာပြားတွေပေးတုန်းက ဒီလို တရုတ်လုပ်တွေပဲ။ ဒါပေမဲ့ အလကားပေးခဲ့တယ်။ တရုတ်လုပ်ဆိုတော့ မကြာဘူးပျက်တာပဲလေ။ ဒါပေမဲ့ ပျက်လည်း အလကားရထားတာဆိုတော့ ဒေသခံတွေက ဘာမှမပြောကြဘူး။ အခုက ပိုက်ဆံနဲ့ဝယ်ရမှာ ။ ကျွန်မတို့က သူတို့ပြောစကား အတိုင်း လူထုနဲ့တွေ့ရင် ဂျပန်လုပ် အရေအသွေးကောင်းတယ်ဆိုပြီး အစဉ်အဆက်ပြောခဲ့တာ အခု တရုတ်ပစ္စည်းတွေလာချတော့ ကျွန်မတို့စကားကျွန်မတို့ တာဝန်ယူရမှာလေ။ ဒေသခံတွေက တရုတ်ပစ္စည်းဆိုမလိုချင်ကြတော့ဘူး” လို့ သူကဆိုပါတယ်။

ဒါပေမဲ့ အထက်ပါအကြောင်းအရာနဲ့ပတ်သတ်ပြီး အဆိုပါကျေးလက်မီးလင်းရေးအစီအစဉ်ကိုဆောင်ရွက်တဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန/ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနလက်အောက်မှာရှိတဲ့ (အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း) စီမံကိန်းမန်နေဂျာ ဒေါ်စိုးစိုးအုန်း ကတော့ ဂျပန်နဲ့ ဂျာမနီလုပ် ဆိုလာပြားတွေလို့ ပြောဆိုခဲ့တာမဟုတ်မှန်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

အဆိုပါတစ်အိမ်သုံးဆိုလာစနစ်အတွက် တင်ဒါခေါ်ယူခြင်းပြုလုပ်ရာမှာ ပြည်တွင်းပြည်ပကုမ္ပဏီတွေအားလုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ International Competitive Bidding စနစ်ကျင့်သုံးခဲ့ကြောင်း၊
အဆိုပြုလွှာတင်သွင်းတဲ့ကုမ္ပဏီတွေရဲ့ ဆိုလာတွေကိုလည်း ကမ္ဘာ့ဘဏ်အဖွဲ့နဲ့ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်းအဖွဲ့ တို့မှ International Consultant တွေဦးစီးပြီး အရည်အသွေး စီစစ်အကဲဖြတ်မှုပြုလုပ်ခဲ့ကြောင်း၊ ဆိုလာစနစ်တွေအတွက် စံချိန်စံညွှန်းသတ်မှတ်ချက်တွေဖြစ်တဲ့ IEC/ISO စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး ဈေးနှုန်း အနည်းဆုံးနဲ့တင်သွင်းနိုင်မယ့် ကုမ္ပဏီကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း ဒေါ်စိုးစိုးအုန်းက ပြောပါတယ်။

အခု ဆိုလာပြားတွေတင်သွင်းတဲ့ ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီဖြစ်ပေမယ့် သက်မှတ်ထားတဲ့ အရည်အသွေးတွေနဲ့ ကိုက်ညီတဲ့ပစ္စည်းကို တင်သွင်းလာတာကြောင့် ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဈေးကွက်ပျောက်ပစ္စည်းမဟုတ်ဘဲ အာမခံသက်တမ်း ဘတ်ထရီ(၃နှစ်) ဆိုလာ(၁၀နှစ်) ရှိတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ သူကထပ်ပြောပါတယ်။

တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး ကတော့ သူ့မဲဆန္ဒနယ်မြေ အထဲက ရွာ ၃ ရွာ၊ တိုင်းဒေသကြီးမဲဆန္ဒနယ် ၂ အထဲက ရွာ ၂ ရွာ (စုစုပေါင်း ရွာ ၅ ရွာမှာ) အဆိုပါပြဿနာတက်နေတာကြောင့် ဒေသခံတွေအနေနဲ့ အဆိုပါ တရုတ်ဆိုလာပြားတွေကိုမယူတော့ဘူး လို့ ပြောပါတယ်။

“ဂျပန်/ဂျာမနီ လုပ်ပစ္စည်းတွေလိုအရေအသွေးကောင်းတာကိုရမယ်လို့ ပြောခဲ့လားမပြောဘူးလား ဆိုတာ ဒေသခံတွေကိုလာမေးကြည့်ပါ။ သူတို့မှာ အသံဖိုင်တွေရှိတယ်။ ဒီကိစ္စအတွက်လောလောဆယ် တိုင်းဒေသကြီး ၀န်ကြီးကိုအ ကြောင်းကြားထားပါတယ်” လို့ ၎င်းကပြောပါတယ်။

ဂျပန်နဲ့ ဂျာမနီ လောက်နီးနီးကောင်းတဲ့ပစ္စည်းတွေရမယ်လို့ ပြောခဲ့တယ်လို့ ပြောကြတဲ့ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိဆီကိုပေါ်ပြူလာနယူးစ်က တယ်လီဖုန်းနဲ့ ၂ ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စာမေးပွဲကိစ္စအတွက် နေပြည်တော်ရောက်နေကြောင်း မအားလပ်သေးကြောင်းသာပြန်လည်ပြောကြားခဲ့ပါတယ်။ မအားလပ်သေးတဲ့အတွက် မကြာခင် ဖုန်းပြန်လည်ခေါ်ဆိုပေးမှာဖြစ်ကြောင်းပြောပေမယ့် အခုသတင်းတင်ဆက်ချိန်အထိ ပြန်လည်ဖုန်းခေါ်ဆိုခြင်းမရှိသေးပါဘူး။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန / ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင် က “International Competitive Bidding စနစ်နဲ့ ဆိုတော့ ကျွန်တော်တို့မှာက ဘယ်နိုင်ငံကပစ္စည်းဖြစ်ရမယ်လို့ ကန့်သတ်လို့မရဘူး ။ အရည်အသွေးနဲ့ကွာလတီကိုပဲသတ်မှတ်လို့ရတယ်။ အဲဒါမှီရင် တင်သွင်းလို့ရတယ်။ ကျွန်တော်တို့မှာတော့ ဂျပန်ဖြစ်ရမယ် ဂျာမဏီဖြစ်ရမယ်လို့ ကန့်သတ်လို့မရဘူး။ ဖြစ်နိုင်တာအများဆုံးကတော့ ကျွန်တော်တို့ ကျေးလက်ဝန်ထမ်းက ကွင်းဆင်းစဉ်မှာ အဲဒီလို ဂျပန်/ဂျာမနီ လို့ ပြောခဲ့တာမျိုးတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဆိုလာပြားနဲ့ပတ်သတ်ပြီးတော့ အဲဒီစီမံကိန်းမှာ အခုလိုပြဿနာတက်တာ ဒါပထမဆုံးပါပဲ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အထက်ပါကျေးလက်မီးလင်းရေး တစ်အိမ်သုံးဆိုလာ တပ်ဆင်ခြင်း အစီအစဉ်ဟာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန/ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနလက်အောက်မှာရှိတဲ့ (အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း) ကကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း ၉၀ ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ နှစ်အလိုက် လျာထားဘတ်ဂျက်၊ ပြည်သူ့ထည့်ဝင်ငွေတို့နဲ့ စုပေါင်းဆောင်ရွက်တဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ဘတ်ဂျက်မချခင် တင်ဒါမဆွဲခင်က ဆိုလာပြားတွေနဲ့ ပတ်သတ်ပြီးပြည်သူလူထုကို ဂျပန်လုပ် ၊ ဂျာမဏီလုပ်ပစ္စည်းပါလို့ ချပြခဲ့ပေမယ့် တစ်ကယ်ပစ္စည်းပေးတဲ့အခါ တရုတ်ပစ္စည်းဖြစ်နေတဲ့ အကြောင်းအရင်း၊ ဘတ်ဂျက်မခွဲဝေခင် နယ်မြေတွေကို ကွင်းဆင်းချိန် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကိုအပါခေါ ခဲ့ပေမယ့် ပစ္စည်းတွေရာက်လာချိန်မှာ အကြောင်းကြားမှုမရှိတာ၊ ပြည်ထောင်စုအစိုးရက တရုတ်လုပ်ဆိုလာပြားတွေချထားပေးတဲ့ကိစ္စအပေါ် သက်ဆိုင်ရာဌာနက ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေအပေါ်ပွင့်လင်းမြင်သာစွာ မချပြတာ တွေဟာဘာကြောင့်လဲ လို့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဝင်းက မေးခွန်းထုတ်ထားပါတယ်။

AF-178
Photo – Daw Ni Ni Moe

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*