အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ မန္တလေးကျုံးပတ်လည်မှာ အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်း ၃ ခုတည်ဆောက်ဖို့စီစဉ်နေ

အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ မန္တလေးကျုံးပတ်လည်မှာ အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်း ၃ ခုတည်ဆောက်ဖို့စီစဉ်နေ
May 3, 2018 AsianFame MediaGroup

4:27 pm
အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ မန္တလေးကျုံးပတ်လည်မှာ အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်း ၃ ခုတည်ဆောက်ဖို့စီစဉ်နေ

31815436_1778434575533833_2455579819853742080_n

မန္တလေး၊ မေ ၃

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးကျုံးပတ်လည်မှာ အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်း ၃ ခုတည်ဆောက်ဖို့စီစဉ်နေတာဟာ အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့လို့သိရပြီး နောက်ထပ်အလှူရှင်တွေပေါ်ပေါက်လာရင်လည်း တိုးချဲ့တည်ဆောက်ပေးသွားဖို့အစီအစဉ်ရှိတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်ဦးရဲမွန်က ပေါ်ပြူလာနယူးစ်နဲ့တွေ့ဆုံစဉ်ပြောပါတယ်။

“အခုလောလောဆယ်က ၃ လုံးလုပ်နေတာပါ၊ နှစ်လအတွင်းအပြီးလုပ်မှာပါ၊ အလှူရှင်တွေရဲ့ငွေနဲ့ပါ၊ နောက်ထပ်အလှူရှင်တွေပေါ်လာရင်တော့ ပိုတိုးပြီး လုပ်နိုင်မှာပေါ့၊ အဓိကကတော့နေရာပေါ့ဗျာ၊ သူများအိမ်ရှေ့တော့ သွားလုပ်လို့မရဘူးပေါ့” လို့ ၄င်းကဆိုပါတယ်။

မန္တလေးမြို့ရောက်ခရီးသွားဧည့်သည်တွေ အဆင်ပြေလွယ်ကူစေဖို့အတွက် အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်း ၃ ခုတည်ဆောက်ပေးသွားဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေတာပဲဖြစ်ပြီး ကျုံးတောင်ဘက်ခြမ်းအတွက် လမ်း ၇၀၊ ၂၆ ဘီလမ်း နဲ့ ၂၇ လမ်းကြားမှာတစ်ခု၊ ကျုံးအရှေ့ဘက်ခြမ်းအတွက် ၆၆ လမ်း နဲ့ ၁၄ လမ်းထောင့်မှာတစ်ခု၊ ကျုံးမြောက်ဘက်ခြမ်းအတွက် ၁၂ လမ်း နဲ့ ၇၄ လမ်းထောင့်မှာတစ်ခု၊ ကနဦး ၃ ခု တည်ဆောက်ပေးသွားဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

သန့်စင်ခန်း ၁ ခုချင်းဆီမှာ ကျားမသီးသန့်ခွဲထားမှာဖြစ်ပြီး မသန်စွမ်းသူတွေအတွက်လည်း စီစဉ်ပေးထားမှာဖြစ်တယ်လို့သိရပါတယ်။

“Public Toilet ဆိုပြီး အဆောက်အဦနဲ့လုပ်မှာပါ၊ အခကြေးငွေ Free ပါ၊ အဲဒီမှာ ကျွန်တော်တို့ဆီကသန့်ရှင်းရေးဝန်ထမ်းတွေရှိပါမယ်၊ အ၀င်မှာ စီစီတီဗီတပ်မယ်၊ အဲယားကွန်းလည်းပါမယ်၊ မိလ္လာစနစ်ကအစ အဆင့်မြင့်နည်းပညာနဲ့သွားမှာပါ” လို့လည်း ဒုတိယမြို့တော်ဝန်ကပြောပါတယ်။

အခုတည်ဆောက်မယ့်သန့်စင်ခန်း ၃ ခုက အရင်ကတစ်ခါမှမရှိဖူးသေးတဲ့အဆင့်မြင့်သန့်စင်ခန်းတွေပဲဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့လည်း ကော်မတီကကြေညာထားပါတယ်။

သန့်စင်ခန်းတွေမှာအသုံးပြုမယ့်မိလ္လာစနစ်ကို စုပုံစွန့်ပစ်တဲ့စနစ်မျိုးမဟုတ်ဘဲ Bioseptic နည်းပညာအသစ်(သန့်စင်ပြီးရေကြည်ရေသန့်နည်းစနစ်) နဲ့ တည်ဆောက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အဆင့်မြင့်သန့်စင်ခန်းတွေတည်ဆောက်သွားမှာနဲ့ပတ်သက်လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က “Johkasou Bioseptic Tanks, Sensor, Flush and Water Taps နဲ့ Hand Dryer တွေပါမှာပါ၊ အလှူရှင်တွေကို မြို့ကိုယ်စားကျေးဇူးအထူးတင်ပါတယ်၊ သင့်တော်သောအခြားနေရာများအ တွက်လည်း လှူလိုသူများကိုကြိုဆိုလျက်ပါ” လို့ သူ့ဖေ့စ်ဘွတ်ကတစ်ဆင့် တရားဝင်ပြောဆိုထားပါတယ်။

သတင်း – စောထွေး

ဓာတ်ပုံ – မန္တလေးမြို့တော်ဝန်ဖေ့စ်ဘွတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*