မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကျဆင်းလာနေလို့ စစ်တမ်းမှာဖော်ပြ

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကျဆင်းလာနေလို့ စစ်တမ်းမှာဖော်ပြ
May 2, 2018 Fame Asian

2:40 pm
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကျဆင်းလာနေလို့ စစ်တမ်းမှာဖော်ပြ

31895234_1777021349008489_8151627742014603264_n

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ကျဆင်းလာနေတယ်လို့ ”လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း(မြန်မာ)”အဖွဲ့က ကောက်ခံထားတဲ့ စစ်တမ်းမှာဖော်ပြပါတယ်။

ဒီစစ်တမ်းဟာ မီဒီယာလွတ်လပ်ခွင့်အပေါ် သက်ရောက်စေတဲ့ အရေးကြီးပြဿနာ နယ်ပယ်တွေအပေါ် မြန်မာသတင်းသမား ၂၀၀ ရဲ့ ထင်မြင်ချက်များကို မေးမြန်းကောက်ခံထားတာဖြစ်ပါတယ်။ ရရှိလာတဲ့ရလဒ်တွေဟာ စိတ်ပျက်အားလျော့ဖွယ်တွေသာဖြစ်တယ်လို့ စစ်တမ်းမှာဖော်ပြပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်ကို အဓိကခြိမ်းခြောက်နေတာက အစိုးရနဲ့ ဥပဒေလို့ စစ်တမ်းမှာ ဖော်ပြထားပြီး ၃၂ ရာခိုင်နှုန်းရှိနေတယ်လို့ ဆိုထားပါတယ်။ ခြိမ်းခြောက်မှုအများဆုံးဥပဒေတွေက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်လျှို့ ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ မတရားအသင်းဥပဒေ၊ သတင်းမီဒီိယာဥပဒေ ၊ ပုံနှိပ်ခြင်းနှင့်ဖြန့် ချီခြင်းဆိုင်ရာဥပဒေတို့ ဖြစ်တယ်လို့ စစ်တမ်းမှာဖော်ပြပါတယ်။

စစ်တမ်းမှာ မီဒီယာလွတ်လပ်ခွင့်အပေါ် အကာကွယ်ပေးရာမှာ အစိုးရရဲ့အောင်မြင်မှုကို ၅၈ ရာခိုင်နှုန်းသော သတင်းသမားတွေက အောင်မြင်မှုနည်းပါးတယ်တယ်လို့ ဖြေကြားခဲ့ပြီး အလွန်ကိုနည်းပါးတယ်လို့ ဖြေကြားခဲ့ကြတဲ့သတင်းသမားများက ၂၁ ရာခိုင်နှုန်းရှိနေပါတယ်။အောင်မြင်မှုရှိတယ်လို့ ဖြေတဲ့သတင်းသမားက ၁ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

မြန်မာသတင်းလွတ်လပ်ခွင့်အတွက်ဖွဲ့ စည်းခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အောင်မြင်မှုရှိတယ်လို့ ဖြေကြားခဲ့တဲ့ သတင်းသမားအရေအတွက်ဟာ ၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး မအောင်မြင်ဘူးလို့ ဖြေကြားခဲ့တဲ့ သမားသမားများက ၅၀ ရာခိုင်နှုန်းနဲ့ အလွန်ကို အောင်မြင်မှုနည်းပါးတယ်လို့ ဖြေကြားခဲ့တဲ့သတင်းသမားက ၁၀ ရာခိုင်နှုန်းရှိနေခဲ့ပါတယ်။

မနှစ်ကနဲ့ ယှဉ်ရင် မြန်မာဂျာနယ်လစ်များကြုံတွေ့ ရတဲ့အကြမ်းဖက်မှုခံရမှုပမာဏာဟာ တိုးလာတယ်လို့ ၅၁ ရာခိုင်နှုန်းသော သတင်းသမားများက ဖြေဆိုခဲ့ကြပါတယ်။မြန်မာသတင်းသမားအများစုက နိုင်ငံတော်ပိုင်ရေဒီိယိုနဲ့ ရုပ်မြင်သံကြားလုပ်ငန်းကို အများပြည်သူပိုင်ထုတ်လွှင့်ရေးအဖြစ်ပြောင်းလဲဖြစ်တယ်လို့ စစ်တမ်းမှာဖော်ပြပါတယ်။

ယခုစစ်တမ်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဖွဲ့ အစည်းပေါင်းစုံကပူးပေါင်းပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့  ရဲ့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာလည်း မြန်မာနိုင်ငံရဲသတင်းလွတ်လပ်ခွင့်ဟာ ယမန်နှစ်ကထက် ၆ဆင့်လျော့ကျသွားပါတယ်။ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းကတော့ ”တစ်ကျော့ပြန်ဒီမိုကရေစီသက်တမ်း ၇ နှစ်၊ စာနယ်ဇင်းလွတ်လပ်မှုသက်တမ်း ၅ နှစ်သာသာရှိသေးပြီး စိန်ခေါ်မှုပေါင်းမျိုးနဲ့ နပန်းလုံးနေရတဲ့ ကျွန်တော်တို့အတွက် အနှုတ် (၆) နဲ့ အဆင့် ၁၃၇ ရတာ ယှဉ်ကြည့်လိုက်ရင် အနည်းငယ်စိတ်သက်သာမှုရသွားခဲ့ရပါတယ်” လို့သူရဲ့ လှုမှုကွန်ရက်စာမျက်နှာထက်မှာ ဧပြီလ ၂၇ ရက်နေ့  က ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့  ၀င်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်ကို စွဲကိုင်ထားဖို့ ကတိက၀တ်ပြုထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၃၅၄   မှာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးဖို့ ပြဌာန်းထားပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ – ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*