ထိန်​ပင်​အမှိုက်​မီးခိုးကြောင့် နာတာရှည်​နှလုံး​ရောဂါနဲ့ပန်းနာရင်​ကြပ်​ရောဂါသည်​ အဘွားအိုတစ်​ဦး​သေဆုံးဟုဆို

ထိန်​ပင်​အမှိုက်​မီးခိုးကြောင့် နာတာရှည်​နှလုံး​ရောဂါနဲ့ပန်းနာရင်​ကြပ်​ရောဂါသည်​ အဘွားအိုတစ်​ဦး​သေဆုံးဟုဆို
April 25, 2018 Fame Asian

5:26 pm
ထိန်​ပင်​အမှိုက်​မီးခိုးကြောင့် နာတာရှည်​နှလုံး​ရောဂါနဲ့ပန်းနာရင်​ကြပ်​ရောဂါသည်​ အဘွားအိုတစ်​ဦး​သေဆုံးဟုဆို

hlaing

ရန်ကုန်၊ဧပြီ ၂၅

ထိန်ပင်အမှိုက်ပုံက ထွက်ရှိလာတဲ့ မီးခိုးငွေ့ဒဏ်ကြောင့် နာတာရှည်နှလုံးရောဂါနဲ့ ပန်းနာရင်ကြပ်ရောဂါသည် အဘွားအိုတစ်ဦးသေဆုံးခဲ့တယ်လို့ လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်း မှ ဒုရဲအုပ်စစ်အောင်ပိုင်ကပြောပါတယ်။

“အမေက ထိန်ပင်အမှိုက်ပုံမီးမလောင်ခင်ထဲက ဖြူစင်မေတ္တာပရဟိတအသင်းကလှူတဲ့ အောက်စီဂျင်နဲ့ အသက်ရှူရတာ။ဒီနေ့မနက်မှာ အသက်ရှူမဝပဲဆုံးသွားတာ “လို့သေဆုံးသူ၏သားဖြစ်သူ ဦးညီညီလတ်ကပြောပါတယ်။

သေဆုံးသူဟာ အသက်၆၁နှစ်အရွယ်ရှိအမျိုးသမီးဖြစ်ပြီး ၂၀ရပ်ကွက်အပိုင်၁၊ဆရာဇော်ဂျီလမ်း၊အမှတ်မရှိကျူးကျော်ရပ်ကွက်အတွင်းနေထိုင်သူဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ထိန်ပင်အမှိုက်ပုံဟာ မီးလောင်လျက်ရှိပြီး လေနှင်ရာတစ်လျောက် မီးခိုးငွေ့များပျံ့နှံ့နေတာဖြစ်သလို ရန်ကုန်မြို့လယ်ခေါင်အထိ မီးခိုးငွေ့တွေ၊ ပလတ်စတစ်ညှော်နံ့တွေပျံ့နှံ့နေတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားမှုတွေရှိနေပါတယ်။

“သေတာတော့ တစ်ဦးပဲရှိသေးတယ်။ဆေးရုံမှာ၇ဦးပေါ့။ကျူးကျော်မှာနေတဲ့သူတွေက အမှိုက်ပုံမီးခိုးငွေ့ဒဏ်တော်တော်ခံရတယ်။ဆက်ပြီး မီးခိုးငွေ့တွေများလာမယ်ဆိုရင်တော့ နီးစပ်ရာရပ်ကွက်တွေထဲရွှေ့ပြောင်းပြီး ဘေးကင်းအောင်လုပ်ပေးမယ် “လို့ ဒုရဲအုပ်စစ်အောင်ပိုင်ကပြောပါတယ်။

ထိန်ပင်အမှိုက်ပုံနဲ့ပတ်သတ်ပြီး မီးခိုးငွေ့ကြောင့်ေ သဆုံးသူ ၅ ဦးရှိပြီဆိုတဲ့သတင်းတွေ၊ ရေးသားပြောဆိုမှုတွေရှိနေတာနဲ့ပတ်သတ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန(နေပြည်တော် ၀န်ကြီးဌာနရုံး) ဒုညွှန်မှူး
ဒေါက်တာသန်းနိုင်စိုး က “ဒါကိုတော့ ကျွန်တော်တို့အတည်မပြုဘူး။ ဒီမီးလောင်တဲ့ဧရိယာအထဲမှာ ကွယ်လွန်တဲ့သူက မီးခိုးငွေ့ကြောင့်လား၊ သူ့နဂိုရောဂါကြောင့်လားဆိုတာကို စစ်တမ်းကောက်ပြီးမှသာ အတည်ပြုပေးလို့ရမှာ။ ကျွန်တော်တို့ကြားတာတော့ ၁ ယောက်သေတယ်လို့ကြားတယ်။ ဒါပေမဲ့ သူကလည်း ဆေးရုံမှာသေတာမဟုတ်ဘူးလို့သိရတယ်။ မီးခိုးကြောင့်သေတာလား ဆိုတာလည်း အတည်မပြုနိုင်သေးဘူး။ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးမှူးဦးစီးမှူးက ဒါကို အတည်ပြုနိုင်ဖို့စစ်တမ်းကောက်နေတယ်” လို့ ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုဟာ ဒီကနေ့အထိဆိုရင် ငါးရက်ကြာမြှင့်ခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့အထိ မီးခိုးငွေ့ဒဏ်ကြောင့် နီးစပ်ရာအစိုးရဆေးရုံသို့တက်ရောက်ကုသသူ၂ဦး၊စောင့်ကြည့်လူနာ ၄ဦး၊သေဆုံးသူ၁ဦးနဲ့ ရောဂါမတွေ့ရှိလို့ အိမ်ပြန်လွှတ်သူတစ်ဦးတို့ရှိကြောင်း သောင်ကြီးမြို့မရဲစခန်းကနေသိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*