ခရီးသည်များအဆင်ပြေစေရန် သင်္ကြန်​အထူးရထားများ တိုးချဲ့ပြေးဆွဲနေ ဟုဆို

ခရီးသည်များအဆင်ပြေစေရန် သင်္ကြန်​အထူးရထားများ တိုးချဲ့ပြေးဆွဲနေ ဟုဆို
April 11, 2018 Fame Asian

1:14 pm
ခရီးသည်များအဆင်ပြေစေရန် သင်္ကြန်​အထူးရထားများ တိုးချဲ့ပြေးဆွဲနေ ဟုဆို

train-2

ရန်ကုန်၊ဧပြီ ၁၁

သင်္ကြန်အထူးရထားများ တိုးချဲ့ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထား တိုင်းအမှတ်၇ မန်နေဂျာဦးဇော်လွင်ကPopular News ကိုပြောပါတယ်။

“ခရီးသည်တွေအဆင်ပြေဖို့လုပ်ဆောင်ပေးတာပါ၊ယခင်နှစ်ကလည်း အလားတူပြေးဆွဲပေးမှုမျိုးလုပ်ခဲ့ပါတယ်။ဒါပေမယ့် ဒီနှစ်တော့ ဧပြီ ၁၀ ရက်၊ ၁၂ရက် တို့မှာပါ။ပြေးဆွဲပေးပါ့မယ်။ ရထား ၂စီးနဲ့ပါ”လို့ ၎င်းက ပြောပါတယ်။

ဧပြီ ၁၃ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်လည်း ပုံမှန်ရာထားအပြင် သင်္ကြန်အထူးရထားတွေကို ပြေးဆွဲသွားရန်ရှိပြီး၊ရန်ကုန်ကနေ မန္တလေး သို့ ဖြစ်တယ်လို့ ဦးဇော်လွင်ကဆက်ပြောပါတယ်။

အဆိုပါသင်္ကြန်အထူးရထားတွေဟာ ညနေ၄နာရီမှစတင်၍ ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာမှာဖြစ်ပြီး မန္တလေးကို နောက်တစ်နေ့ နံနက်၆နာရီရောက်ရှိမှာဖြစ်ပါတယ်။

မန္တလေးကနေ ညနေ ၆နာရီ၁၅မိနစ်မှာ ပြန်လည်ထွက်ခွာလာမယ့် ရထားတွေဟာ ရန်ကုန်ကို နောက်တစ်နေ့မနက် ၈နာရီ၂၀မိနစ်မှာ ပြန်လည်ရောက်ရှိလာမယ်လို့ မြန်မာ့မီးရထားကပြောပါတယ်။

“သင်္ကြန်မှာရထားစီးတဲ့သူက ၅ထောင်ကနေ၈ထောင်ကြားမှာရှိပါတယ်။ပုံမှန်ကတော့၃ထောင်ကနေ၄ထောင်ကြားမှာရှိတယ် “လို့ ဦးဇော်လွင်ကပြောပါတယ်။

လက်ရှိမှာဆိုရင် ရန်ကုန်-မန္တလေးပြေးဆွဲနေတဲ့ ရထားအစီးရေ ၅စီးရှိပြီး၊ ပုံမှန်ပြေးဆွဲနေကြတာကတော့ နေ့ပိုင်း၂စီးနဲ့ ညပိုင်း၂စီး အပြင် စာပို့၁စီးပါ ပြေးဆွဲလျက်ရှိတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

ရန်ကုန်-မန္တလေးအစုန်/ အဆန် သင်္ကြန် အထူးရထားတွေဟာ တိုးကြောင်ကလေး-ပဲခူး-တောင်ငူ-ပျဉ်းမနား-နေ ပြည်တော်-သာစည်ဘူတာတို့မှာ ရပ်တန့် ပေးမှာဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားများကို ခရီးစဉ်စဆုံး ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်၊ အထက်တန်းအိပ်စင် ၁၂၇၅၀ ကျပ် အသီးသီးသတ်မှတ်ထားတယ်လို့ မြန်မာ့မီးရထားကပြောပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*