မဟာသင်္ကြန်ကာလအတွင်း နိုင်ငံအနှံ့ အပြားမှာ မိုးရွာသွန်းနိုင်

မဟာသင်္ကြန်ကာလအတွင်း နိုင်ငံအနှံ့ အပြားမှာ မိုးရွာသွန်းနိုင်
April 9, 2018 Fame Asian

3:36 pm
မဟာသင်္ကြန်ကာလအတွင်း နိုင်ငံအနှံ့ အပြားမှာ မိုးရွာသွန်းနိုင်

30581742_1752027294841228_1261473744996532224_n

ရန်ကုန် ၊ ဧပြီ ၉

မကြာခင်ကျရောက်တော့မယ့် မဟာသင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံအနှံ့ အပြားမှာ မိုးရွာသွန်းနိုင်တယ်လို့  မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ အတွင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးရွာသွန်းနိုင်တယ်လို့ သူကပြောပါတယ်။

”ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ မှာ အဓိကမိုးရွာသွန်းနိုင်တယ်။ လေပြင်းတိုက်နိုင်ချေကလည်း မေလကုန်အထိရှိနေတယ်။ မိုးတိမ်တောင်ဖြစ်ရင် ဖြစ်သလိုဆိုတော့ အဲဒီရက်အတွင်းမတိုက်ဘူးလို့ တော့ပြောလို့ မရဘူး” လို့ ဦိးထွန်းလွင်က ခန့် မှန်းပြောဆိုပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ နေရာကျဲကျဲမှစိပ်စိပ် ရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ၊ မန္တလေးတိုင်းမြောက်ပိုင်းစွန်း ၊ မကွေးတိုင်းမြောက်ပိုင်းစွန်းနေရာတွေမှာတော့ နေရာကျဲကျဲမိုးရွာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်ဆိုပါတယ်။

ဧပြီလနဲ့ မေလများအတွင်းမှာ နေ့ အပူချိန်မြင့်မားမှုကြောင့် အပူပျံတက်တိမ်များဖြစ်ထွန်းပြီး မွန်းလွဲ/ ညနေပိုင်းတို့မှာ မိုးတိမ်တောင်များဖြစ်ပေါ်နိုင်တဲ့အတွက် အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်မှာ လေပြင်းများတိုက်ခတ်ခြင်း၊လေပြင်းနဲ့ အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်း၊နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေဟာတစ်နာရီကို (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်ခဲ့သည့် မာရုသာ မုန်တိုင်းဟာ ကမ်းရိုးတန်းအား ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်း ၀င်ရောက်ခဲ့တာကြောင့် ဒေသအများစု၌ မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ယခုအချိန်အထိမုန်တိုင်းသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*