ကနဦးရှေ့ပြေးတရားရုံးတွေရဲ့ ၀န်ဆောင်မှုအပေါ် ပြည်သူတွေ ရဲ့ ကျေနပ်မှု ယခင်နှစ်တွေကထက် ပိုတိုးလာတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးပြော

ကနဦးရှေ့ပြေးတရားရုံးတွေရဲ့ ၀န်ဆောင်မှုအပေါ် ပြည်သူတွေ ရဲ့ ကျေနပ်မှု ယခင်နှစ်တွေကထက် ပိုတိုးလာတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးပြော
April 9, 2018 Fame Asian

5:02 pm
ကနဦးရှေ့ပြေးတရားရုံးတွေရဲ့ ၀န်ဆောင်မှုအပေါ် ပြည်သူတွေ ရဲ့ ကျေနပ်မှု ယခင်နှစ်တွေကထက် ပိုတိုးလာတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးပြော

30414580_1752073031503321_761020573663887360_n

နေပြည်တော်၊ ဧပြီ ၉

ကနဦးရှေ့ပြေးတရားရုံးတွေရဲ့ ၀န်ဆောင်မှုတွေအပေါ် ပြည်သူတွေ ရဲ့ ကျေနပ်မှုဟာ ယခင်နှစ်တွေကထက်ပိုတိုးလာတာ တွေ့ရတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး က ပြောပါတယ်။

နိုင်ငံတော်အစိုးရ၏ ဒုတိယ(၁)နှစ်တာကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှုအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူထံအစီရင်ခံတင်ပြရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ပြည်သူတွေရဲ့ကျေနပ်မှုအပေါ် စစ်တမ်းတစ်ခုကောက်ခဲ့ကာရရှိခဲ့တဲ့ ရလဒ်ကို ကိုးကားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး မှ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်ဒေါ်တင်နွယ်စိုးက ပြောတာဖြစ်ပါတယ်။

၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ကောက်ခံခဲ့တာ ဖြစ်တယ်လို့ သူမကပြောပြီး ကနဦးရှေ့ပြေးတရားရုံးများဖြစ်တဲ့ တောင်ငူခရိုင်တရားရုံး၊ လှိုင်သာယာမြို့နယ်တရားရုံး၊ ဘားအံ့မြို့နယ်တရားရုံး တို့မှာ စစ်တမ်းကောက်ယူရာမှာ မူလက ပြည်သူတွေရဲ့ ကျေနပ်မှုက ၆၁ဒသမ၅ရာခိုင်နှုန်းရာခိုင်နှုန်းပဲရှိခဲ့ပေမယ့်၊၂၀၁၇ခုနှစ်မှာတော့ ပြည်သူတွေရဲ့ ကျေနပ်မှုက ၆၈ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် တိုးချဲ့ရှေ့ပြေးတရားရုံးတွေဖြစ်တဲ့ မုံရွာခရိုင်တရားရုံး၊ မော်လမြိုင်ခရိုင်တရားရုံး၊ ချမ်းအေးသာစံမြို့နယ်တရားရုံး၊ မကွေးမြို့နယ်တရားရုံး၊ ပုသိမ်မြို့နယ်တရားရုံး တွေမှာလည်း ပြည်သူတွေရဲ့ ကျေနပ်မှုကို စစ်တမ်းကောက်ယူရာမှာ မူလက ပြည်သူတွေရဲ့ကျေနပ်မှု ၆၃ရာခိုင်နှုန်း ရှိရာ ကနေ အခု ၇၇ ရာခိုင်နှုန်းအထိ ရှိလာပြီလို့ သူမက ပြောပါတယ်။

၂၀၁၇ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအနေဖြင့် ရာဇ၀တ်မှု ၁၅၄၃မှု၊တရားမမှု ၂၅၀၃၊စာချွန်တော်အမှု ၂၉၈မှု စသည့်အမှုများကို စီရင်ဆုံးဖြတ်ခဲ့ရာမှာ ပြီးပြတ်မှုနှုန်းအနေနဲ့ ရာဇ၀တ်မှု ၁၃၂၂မှု၊တရားမှု ၂၂၁၄မှု၊စာချွန်လွှာအမှု ၂၈၇မှု ရှိခဲ့ပါကြောင်း၊တိုင်းဒေသကြီး၊ပြည်နယ် တရားလွှတ်တော်တို့က ၂၀၁၇ခုနှစ်အတွင်း ရာဇ၀တ်မှုနဲ့ တရားမှု အမှုပေါင်း ၁၂၂၄၂မှု စီရင် ဆုံးဖြတ်ခဲ့ရာမှာ အမှုပေါင်း ၁၀၇၇၇မှု ပြီးပြတ်ခဲ့ကြောင်းနဲ့ယင်းအပြင် ခရိုင်တရားရုံးများက ရာဇ၀တ်နဲ့တရားမမှု ၃၃၁၂၂မှု စီရင်ဆုံးဖြတ်ခဲ့ရာမှာ အမှုပေါင်း ၃၀၀၅၈မှု ပြီးပြတ်ခဲ့သလို၊မြို့နယ်တရားရုံး များက ရာဇ၀တ်နဲ့တရားမမှု ၃၉၂၅၄၃မှု စီရင်ဆုံးဖြတ်ခဲ့ရာမှာ အမှုပေါင်း ၃၇၉၅၇၈မှု ပြီးပြတ်ခဲ့တယ်လို့လည်း ညွှန်ကြားရေးမှူးချုပ်ဒေါ်တင်နွယ်စိုးက ပြောပါတယ်။

ဥပဒေအရတည်ထောင်ထားသော အခြားတရားရုံးတွေဖြစ်တဲ့ ကလေးသူငယ်တရားရုံး၊စည်ပင်တရားရုံး၊ မော်တော်ယာဉ်တရားရုံးတို့ကလည်း ၂၀၁၇ခုနှစ်အတွင်း အမှုပေါင်း ၁၆၉၈၂၇ မှုကိုစီရင် ဆုံးဖြတ်ခဲ့ပြီး၊အမှုပြီးပြတ်မှုနှုန်း ၁၆၉၈၀၈ မှုရှိခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*