ရန်ကုန်-ဒလတံတားတည်ဆောက်ရေးလုပ်ငန်းတွေကို မေလမှာ စလုပ်မယ်

ရန်ကုန်-ဒလတံတားတည်ဆောက်ရေးလုပ်ငန်းတွေကို မေလမှာ စလုပ်မယ်
April 6, 2018 Fame Asian

3:30 pm
ရန်ကုန်-ဒလတံတားတည်ဆောက်ရေးလုပ်ငန်းတွေကို မေလမှာ စလုပ်မယ်

29792085_1748890678488223_8240407232873758720_n

ရန်ကုန် ၊ ဧပြီ ၆

ကန့်ကွက်မှုတွေရှိထားတဲ့ ရန်ကုန်-ဒလ တံတားစီမံကိန်းကို လာမယ့် မေလကပြီး တံတားတည်ဆောက်ရေးလုပ်ငန်းတွေစတင်လုပ်ဆောင်တော့မယ်လို့ ဒလမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။့

ရန်ကုန်-ဒလတံတားစီမံကိန်းနဲ့ ပတ်သတ်ပြီး မနေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ရုံးမှာ တည်ဆောက်ရေးလုပ်ငန်းလုပ်ဆောင်မယ့် ဌာနဆိုင်ရာများ ၊ ဆိပ်ကမ်းကုမ္ပဏီများများနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ဟာ တွေ့ ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။

”တည်ဆောက်ဖို့ ကတော့လုံးဝသေချာသွားပါပြီ။ မေလပိုင်းထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေစလုပ်ပြီလို့ ပြည်ထောင်စုဆောက်လုပ်ရေးအင်ဂျင်နီယာချုပ်က ကျွန်တော်တို့ ကိုပြောသွားပါတယ်။ တံတားက ပြည်ထောင်စုဆောက်လုပ်ရေးက ဆောက်သွားမှာ။ တိုင်းဒေသကြီးအစိုးရအဖွဲ့  ကလုပ်ဆောင်မှာမဟုတ်ဘူး” လို့ ဦးထွန်းရင်ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလပိုင်းက ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ နိုင်ငံ့စီးပွားရေးထိခိုက်နိုင်တယ်ဆိုပြီး မြန်မာ့စက်မှု ဆိပ်ကမ်း(MIP) က ကန့် ကွက်မှုတွေရှိတယ်လို့ ဒလမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ပြောခဲ့ပါတယ်။

တံတားဆောက်လုပ်လိုက်မယ် ဆိုရင် မြစ်ကြောင်းပြောင်းလဲကာ ဆိပ်ကမ်း၇ ခုမှာ သောင်းထွန်းနိုင်တယ်ဆိုပြီး ကန့် ကွက်တာဖြစ်တယ်။တံတားဆောက်လုပ် လိုက်မယ်ဆိုရင် နိုင်ငံတကာက လာမယ့် သဘောင်္ကြီးတွေ အနေနဲ့ အခက်အခဲဖြစ်နိုင်တာမို့ နိုင်ငံတကာ ၀င်ငွေ လည်း ထိခိုက်နိုင်တယ်ဆိုပြီးတော့လည်း ကန်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေကတော့ မြေနေရာလျော်ကြေးများပေးခြင်း၊မလွတ်တဲ့သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်မယ့် နယ်နိမိတ်ကို သွပ်ပြားများကာရံခြင်းများလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

”မလွတ်တဲ့ဘုရားကြီးကို ရွေ့ ဖို့ တောင် ဒီနေ့ ပဲ ရွေ့မယ်နေ့ ရာမှာ ပနတ်သွားရိုက်ကြတယ်။ လျော်ကြေးကိစ္စတွေလည်းပြီးပြီ။ စဆောက်ဖို့ ပဲကျန်တော့တာ။” လို့ ဒလမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။

ရန်ကုန်-ဒလတံတားစီမံကိန်းဟာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေနဲ့ ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ထည့်ဝင်
ငွေ ၃ဝ ဒသမ ၃၄၁ သန်းတို့ နဲ့ မတည်တည်ဆောက်တာပါ။ခန့် မှန်းကုန်ကျနိုင်ငွေ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျနိုင်ချေရှိတယ်လို့ ခန့် မှန်းထားကြတာဖြစ်ပါတယ်။တံတားစီမံကိန်းနဲ့ မလွတ်တဲ့နေအိမ်များအတွက် ပြီးခဲ့တဲ့ ၂၀၁၆၊ဖေဖော်ဝါရီလ၁၇ ရက်နေ့ က ခုနှစ်ကမြေယာလျော်ကြေးများ ပေးလျော်ထားပြီး မလွတ်ကင်းတဲ့ သာသနိက အဆောက်အအုံ များလည်း ပြောင်းရွှေ့ခွင့် ကျထားပြီးဖြစ်ပါတယ်။ပေ (၄ဝ x ၆ဝ) မြေတစ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာ/ အခွန်မှ သတ်မှတ်ဈေးနှုန်း သိန်း ၁၅ဝ ၊နဲ့  မြို့မြေဖြစ်တာကြောင့် သိန်း ၄၅ဝ နှုန်း လျော်ကြေးသတ်မှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။

ဆောက်လုပ်သွားမယ့် တံတားအမျိုးအစားဟာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းတံတား အရှည် ၆၁၄၃ ပေ၊ ပင်မတံတား အရှည် ၁၉၃၆ ပေရှိပြီး လေးလမ်းသွားတံတားဖြစ်ပါတယ်။ရန်ကုန်ဘက်ကမ်းချဉ်းကပ်တံတားအရှည်၂ဝ၂၆ ပေ၊ဒလ ဘက်ကမ်း ချဉ်းကပ် တံတားအရှည်မှာ ၂၁၈၂ ပေရှိပြီး လှိုင်မြစ်အတွင်းသွားလာနေသော တန်ချိန် ၁၅ဝဝဝ ရှိ DWT Cargo သင်္ဘောကြီးများ ရေလမ်းကင်းလွတ်စွာ သွားလာနိုင်ရန် ရေလမ်းကင်းလွတ်အမြင့်ပေ ၁၆ဝ၊ ရေလမ်းကင်းလွတ်အကျယ် ၅၂၅ ပေ ဒီဇိုင်းတွက်ချက်ရေးဆွဲထားပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅ တန်ဖြစ်တယ် လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*