တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမ၀င်ရောင်းဝယ်ဖောက်ကားနေခြင်းကို ရပ်တန့်ဖို့ နောက်ထပ် လူထုလှုပ်ရှားမှုအနေနဲ အခမဲ့ဂီတဖျော်ဖြေပွဲလုပ်မယ်

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမ၀င်ရောင်းဝယ်ဖောက်ကားနေခြင်းကို ရပ်တန့်ဖို့ နောက်ထပ် လူထုလှုပ်ရှားမှုအနေနဲ အခမဲ့ဂီတဖျော်ဖြေပွဲလုပ်မယ်
April 3, 2018 Asian Fame Media

12:14 pm
တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမ၀င်ရောင်းဝယ်ဖောက်ကားနေခြင်းကို ရပ်တန့်ဖို့ နောက်ထပ် လူထုလှုပ်ရှားမှုအနေနဲ အခမဲ့ဂီတဖျော်ဖြေပွဲလုပ်မယ်

news

ရန်ကုန် ၊ ဧပြီိ ၃

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမ၀င်ရောင်းဝယ်ဖောက်ကားနေခြင်းကို ရပ်တန့့်ဖို့ နောက်ထပ် လူထုလှုပ်ရှားမှုအနေနဲ့  ပြည်တွင်းနာမည်ကြီးအနုပညာရှင်များက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ အခမဲ့ဂီတဖျော်ဖြေပွဲပြုလုပ်သွားမယ်လို့ WWF-Myanmar မှ ပြောပါတယ်။ ဒီပွဲ ကို WWF-Myanmar မှ (VOICES FOR MOMOS) အဖွဲ့  နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့ က ပူးပေါင်းစီစဉ်ဆောင်ရွက်ကြတာဖြစ်ပြီး ပြည်တွင်းနာမည်ကြီးအနုပညာရှင်များက ဒီိလှုပ်ရှားမှုကို အနုပညာကြေးမယူဘဲ ပါဝင်ဖျော်ဖြေပေးကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲကို ဧပြီလ (၇) ရက်နေ့  ညနေ (၅)နာရီမှ ည(၉)နာရီအထိကျင်းပမယ်လို့ ထုတ်ပြန်ပါတယ်။

“မြန်မာအစိုးရက တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမ၀င်ရောင်းဝယ်ဖောက်ကားနေမှုတွေကို ကာကွယ်ဖို့ ကြိုးစားနေတာကို ကျွန်တော်ဂုဏ်ပြုချင်ပါတယ်။ ပြီးတော့ အခုလို တရားမ၀င်ကုန်ကူးနေတာတွေကိုလည်း အပြီးသတ်နှိမ်နှင်းနိုင်ဖို့ ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာပြဌာန်းပေးဖို့ ကိုလည်းတိုက်တွန်းလိုပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် Mr. Peter Lysholt Hansen က သတင်းမီဒီယာများကို ပြောပါတယ်။

WWF-Myanmar မှ အဖွဲ့  အစည်းဖွံ့ ဖြိုးရေးနဲ့ မိတ်ဖက်ဖွဲ့ ရေးညွှန်ကြားရေးမှူး ဒေါ်မေမိုးဝါကတော့ ယခုလှုပ်ရှားမှုအပြီးမှာ ရန်ကုန်မြို့ က အဓိက တရားမ၀င်ရောင်းဝယ်ဖောက်ကားနေတဲ့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းဈေးကွက်အချို့ ပိတ်သွားနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ” အဓိက ဈေးကွက်ကြီးနှစ်ခုက ရွှေတိဂုံဘုရားနဲ့ ဗိုလ်ချုပ်ဈေးမှာပါ ။ ရွှေတိဂုံဘုရားက ဈေးသည်တွေကိုတော့ ဂေါပကတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလက အသိပညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ဈေးက ဈေးသည်မှာတော့ မတ်လက လုပ်ဆောင်ခဲ့တယ်။ ရောင်းဝယ်ဖောက်ကားနေမှုတွေကတော့ရှိနေတုန်းပဲ” လို့ သူမကပြောပါတယ်။

(VOICES FOR MOMOS) အဖွဲ့ ရဲ့ မိုမိုတို့ အတွက်ရင်တွင်းစကားသံအစီအစဉ်ဟာ ၂၀၁၇ ခုနှစ်နိုဝင်ဘာလက စပြီး မျိုးသုန်းလုနီးပါးအမဲလိုက်သတ်ဖြတ်ခံနေရတဲ့ မြန်မာ့တောရိုင်းဆင်ကြီးများရဲ့ အခက်အခဲကို လူထုသတိထားမိအောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလက WWF-Myanmar ရဲ့လေ့လာချက်တွေအရ ဗိုလ်ချုပ်ဈေးအတွင်းရှိ ၆၇ ရာခိုင်နှုန်းသောဆိုင်များနဲ့ ရွှေတိဂုံဘုရားအတွင်းရှိ ၃၀ ရာခိုင်နှုန်းသောဆိုင်များမှာ ဆင်အပါအ၀င် အခြားသော တောရိုင်းတိရိစ္ဆာန်ထွက်ပစ္စည်းတွေကို တရားမ၀င်ရောင်းချနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ တစ်ပတ်ကို တောရိုင်းဆင်တစ်ကောင်နှုန်း အရေခွံနွှာ သတ်ဖြတ်ခံနေရတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ မှ ဒီဇင်ဘာလအတွင်းဆင်နဲ့ အစိတ်အပိုင်းများဖမ်းဆီးရမိမှုဟာ ၁၃ မှုရှိပြီး ဧရာဝတီတိုင်းက အများဆုံးဖမ်းဆီးရမိတာဖြစ်ပါတယ်။

အခမဲ့ဂီတဖျော်ဖြေပွဲကို ဘန်နီဖြိုး၊ခြူးစစ်ဟန်၊ကျော်သီဟ၊အိုင်းရင်းဇင်မာမြင့်၊ပန်းရောင်ခြယ်၊၀ိုင်းလေး၊ ဇွဲပြည့်နဲ့ DJ များ၊ အကအဖွဲ့ များနဲ့ အခြားသောအနုပညာရှင်များပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*