ယခုနှစ်မဟာသင်္ကြန်မှာ မဏ္ဍပ်တွေက ထွက်တဲ့အမှိုက်တွေကို ကောက်ဖို့ မနှစ်ကထက် သန့် ရှင်းရေးဝန်ထမ်းအင်အားတိုးထား

ယခုနှစ်မဟာသင်္ကြန်မှာ မဏ္ဍပ်တွေက ထွက်တဲ့အမှိုက်တွေကို ကောက်ဖို့ မနှစ်ကထက် သန့် ရှင်းရေးဝန်ထမ်းအင်အားတိုးထား
April 3, 2018 Fame Asian

6:31 pm
ယခုနှစ်မဟာသင်္ကြန်မှာ မဏ္ဍပ်တွေက ထွက်တဲ့အမှိုက်တွေကို ကောက်ဖို့ မနှစ်ကထက် သန့် ရှင်းရေးဝန်ထမ်းအင်အားတိုးထား

29594854_980417452105238_6839698678567275998_n

ရန်ကုန် ၊ ဧပြီ ၃

ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်များမှ ထွက်ရှိမယ့် အမှိုက်များကို သိမ်းဆည်းဖို့ အတွက် သန့် ရှင်းရေးဝန်ထမ်းအင်အားကို မနှစ်ကထက် ၂၀၀ ကျော်တိုးထားပါတယ်။ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီိမှာ လက်ရှိလုပ်ကိုင်နေတဲ့သန့် ရှင်းရေးဝန်ထမ်းအင်အား ၄၀၀၀ ကျော်ရှိတဲ့အနက်က ၀န်ထမ်း ၈၂၃ ဦးကို သင်္ကြန်မဏ္ဍပ်များမှထွက်ရှိတဲ့အမှိုက်တွေကို သိမ်းဆည်းဖို့ တာဝန်ချထားတာပါ။ မနှစ်က မဟာသင်္ကြန်တုန်းက သန့် ရှင်းရေးဝန်ထမ်း ၆၀၀ ကျော်နဲ့ မဏ္ဍပ်များမှထွက်ရှိတဲ့အမှိုက်တွေကိုသိမ်းဆည်းကောက်ခံတာဖြစ်ပြီး ယခုနှစ်မှာ မဏ္ဍပ်အရေအတွက် တိုးလာတဲ့အတွက် ယခုလိုအင်အားတိုးထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနကပြောပါတယ်။

” ဒီနှစ်မှာ ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ စီးပွားရေးလုပ်ငန်းမဏ္ဍပ်တွေ တိုးတက်များပြားလာတာတွေ့ ရတယ်။ မဏ္ဍပ်တွေတိုးလာတဲ့အတွက် သန့် ရှင်းရေးဆောင်ရွက်မှုအပိုင်းတွေ၊အင်အားစုဖွဲ့ မှုတွေတိုးမြှင့်ဆောင်ရွက်ရတယ်။ မနှစ်က အင်အား ၆၀၀ ပတ်ဝန်းကျင်ပဲ။ဒီနှစ်မှာတော့ အင်အား ၈၀၀ ကျော်နဲ့ ဆောင်ရွက်သွားမယ်။ နောက် ကျွန်တော်တို့ ဌာနနဲ့ ပူးပေါင်းပြီး မြန်မာ့ရိုးရာသင်္ကြန်ဖော်ဆောင်ရေးပရဟိတအဖွဲ့  တွေကလည်း တစ်နေ့ကို အင်အား ၂၀၀ နီးပါးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” လို့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

သန့် ရှင်းရေးဝန်ထမ်းများကို ခရိုင်အလိုက် နေ့ ညဆောင်ရွက်သွားမှာဖြစ်ပြီး အရှေ့  ပိုင်းခရိုင်မှာ ၀န်ထမ်း ၁၅၀ ဦး၊ အနောက်ပိုင်းခရိုင်မှာ ၂၂၃ ဦး၊တောင်ပိုင်းခရိုင်မှာ ၁၈၀ ဦိး၊ မြောက်ပိုင်းခရိုင် ၂၄၀ ဦးတို့ နဲ့ ရန်ကုန်မြို့ တော်ဗဟိုမဏ္ဍပ်မှာ သန့် ရှင်းရေးဝန်ထမ်း ၃၀ ဦးတို့ နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မဟာသင်္ကြန်ရက်များအတွင်း အလွယ်တကူရွေ့ ပြောင်းတပ်ဆင်လို့ ရတဲ့ သန့် စင်ခန်း (Mobile Toilet) များကိုလည်း ရန်ကုန်မြို့ မှာ (၁၈) လုံးတပ်ဆင်ပေးသွားဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဝင်းနိုင်ကပြောပါတယ်။ မဏ္ဍပ်တွေမှာ သန့် ရှင်းရေးဆောင်ရွက်ပေးဖို့ ပါမစ်တင်ကတည်းက ထည့်သွင်းပေးဆောင်ရတာဖြစ်ပြီး မဏ္ဍပ်အကြီးကို တစ်သိန်း၊အလတ်ကို လေးသောင်းနဲ့ အသေး ၂ သောင်းတို့ ဖြစ်ပါတယ်။

” တပ်ဆင်ဖို့ စီစဉ်ထားတာတော့ မိုဘိုင်းအိမ်သာက ၁၈ လုံးရှိပါတယ်။ ဖျော်ဖြေရေးမဏ္ဍပ်တွေအနေနဲ့ အခကြေးငွေပေးပြီး ဌားရမ်းမယ်ဆိုရင်လည်း ဌားရမ်းပေးဖို့ စီစဉ်ထားတာရှိပါတယ်” လို့ သူကဆက်ပြောပါတယ်။ အလွယ်တကူရွေ့ ပြောင်းတပ်ဆင်လို့ ရတဲ့ သန့် စင်ခန်း (Mobile Toilet) များကို မနှစ်က အထက(၂)အင်းစိန်အနီိးမှာ ၂လုံး၊တောင်ပိုင်းခရိုင်အတွင်းမှာ ၂ လုံး၊ပြည်လမ်းပေါ်မှာ ၂ လုံး၊ အင်းလျားကန်ဘောင်မှာ ၄ လုံး၊ မြို့ တော်ခန်းမအနီးမှာ ၄ လုံးတို့ ကိုချထားပေးခဲ့တယ်လို့ သိရပါတယ်။

” သန့်ရှင်းရေးဝန်ထမ်းတိုးပြီးချထားတယ်ဆိုလို့ ဝမ်းသာပါတယ်။အမှိုက်ကတော့ ထွက်မှာပဲ ဘယ်လောက်ကောက်ကောက် Facebook ပေါ်မှာ မြန်မာတွေ ညစ်ပတ်လိုက်တာလို့ ပြောစရာ ဓာတ်ပုံတွေရိုက်တင်ဖို့ လုံလောက်တဲ့ အမှိုက်ကတော့ ထွက်လာမှာပဲ။အဓိက က တကယ်ကြပ်ကြပ်မတ်မတ်နဲ့ တကယ် လုပ်ရင် သင်္ကြန်အပြီးမှာ ညစ်ပတ်တဲ့ ရန်ကုန်ထက် မူလရန်ကုန် အခြေအနေကို ပြန်ရောက်အောင် သန့်ရှင်းနိုင်မှာပါ။ Mobile Toilet တွေကို လူစည်ကားရာ အရပ်ဆိုတာထက် အများပြည်သူနေရာတွေကို အလွယ်မရောက်နိုင်တဲ့နေရာတွေနားမှာထားပေးထားရင် တကယ်အကျိုးရှိမှာပါ ” လို့ စမ်းချောင်းမြို့ နယ်နေ ကိုမြတ်မျိုးအောင်က သူ့ အမြင်ကိုပြောပါတယ်။လက်ရှိအချိန်အထိ ခွင့်ပြုချက်ထုတ်ပေးထားတဲ့ရေကစားမဏ္ဍပ် (၆၆) ခုရှိပြီလို့ သိရပါတယ်။

ဖြိုးထက်အောင်

29792142_980417495438567_2368702151217907884_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*