လေပြင်းကြောင့် မြေခခဲ့သည့် နေရောင်ပြအင်းဘုရားကြီး၏ ရွှေထီးတော်ကိုသုံးလအတွင်း ပြန်တင်မည်

လေပြင်းကြောင့် မြေခခဲ့သည့် နေရောင်ပြအင်းဘုရားကြီး၏ ရွှေထီးတော်ကိုသုံးလအတွင်း ပြန်တင်မည်
April 2, 2018 Asian Fame

2:25 pm
လေပြင်းကြောင့် မြေခခဲ့သည့် နေရောင်ပြအင်းဘုရားကြီး၏ ရွှေထီးတော်ကိုသုံးလအတွင်း ပြန်တင်မည်

pagoda1

 

နေပြည်တော် ဧပြီ ၂

မတ်လ ၃၁ရက်နေ့ ညနေ ခြောက်နာရီခန့်အချိန်ကလေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်အတွင်း တည်ထားကိုးကွယ်သော နေရောင်ပြအင်း ပြည်လုံးချမ်းသာစေတီတော်ကြီး၏ ရွှေထီးတော် ကို သုံးလအတွင်း ပြန်တင်မည်ဟု စေတီတော်ကြီးတည်ဆောက်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဦးလှဝင်းက ပြောသည်။

“ထီးတော်ကို သုံးလအတွင်း ပြန်တင်မယ်၊ ဘယ်လမှာတင်မယ်ဆိုတာကိုတော့ ဆုံးဖြတ်ချက်မချသေးဘူး ” ဟု ၄င်းက ဆက်ပြောသည်။

နေရောင်ပြအင်းပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးသည် လေပြင်းထန်စွာတိုက်ခတ်ခြင်းကြောင့် ငှက်မြတ်နားတော်အောက်ပိုင်းရှိ သံမူလီဖြင့်ဆက်ထားသည့် ပိန္နဲတိုင်( စတီးချောင်း )ကျိုး၍ မြေခခဲ့ခြင်းပင်ဖြစ်ပြီး အခြားနေရာများကိုမူထိခိုက်မှုမရှိခဲ့ပေ။ထီးတော်ပြန်တင်မည့် ကာလသည် သုံးလအတွင်း ဖြစ်နေသည့်အတွက်နယုန်လအတွင်း ဖြစ်နိုင်ချေရှိသည်။အဆိုပါစေတီတော်ကြီးကို ထီးတော်ပြန်တင်ရန် ဧပြီလ ၁ရက်နေ့က မြို့နယ်သံဃာ့နာယကအဖွဲ့၊ စေတီတော်ကြီး တည်ဆောက်ရေးအဖွဲ့တို့အပါအ၀င် ရန်ကုန်မြို့မှ အလှူရှင်များဖြစ်ကြသည့် ဦးဥာဏ်ဝင်းနှင့် ဦးသန်းလေးတို့က ပြုလုပ်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စေတီတော်ကြီး၏ ရွှေထီးတော်အပိုင်းတွင်ကျန်ရှိခဲ့သည့် ထီးတော်နှင့် ဆက်စပ်အစိတ်အပိုင်းများကိုလည်း ငြမ်းပြန်ဆင်ပြီး ထီးတော်တင်ခြင်းကို ပြန်လည်လုပ်ဆောင်ရန် အောက်သို့ ခေတ္တ ပြန်လည်ပင့်ဆောင် သွားမည်ဟု သိရသည်။ထီးတော်မြေခခြင်းနှင့် အတူ စေတီတော်ကြီး၏ စိန်ဖူးတော် ပျက်စီးခဲ့ရပြီးဌာပနာတော်သည်လည်း မြေသို့ ခခဲ့ခြင်းကြောင့် ကျောက် သံ၊ ပတ္တမြားများ လွင့်စင် ပြန့်ကျဲခဲ့ရသည်ကိုတွေ့ရသည်။

“ဌာပနာပစ္စည်းတွေက ထည့်တာဘယ်လောက်ရှိလည်းမသိဘူး၊ ကျွန်တော်တိုရသင့်သလောက်တော့ ပြန်ရပါတယ် ” ဟု ဦးလှဝင်းက ပြောသည်။စေတီတော်ကြီး၏ ရွှေထီးတော်ကို ယခုနှစ်ဇန်န၀ါရီလ ၄ရက်နေ့( လွတ်လပ်ရေးနေ့)ကတင်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ရွှေထီးတော်တင်လှူခဲ့သည်မှာ ၈၇ရက်သာရှိသေး သည်။စေတီတော်ကြီး၏ ညဏ်တော်မှာ ၁၀၈တောင်နှင့် တစ်မိုက်၊ စေတီတော်ကြီး၏ ပတ်လည်မှာလည်း ၁၀၈တောင်ရှိပြီ ရှေးယခင်ကတည်းက နေရောင်ပြအင်းအတွင်းစေတီတော်ငယ်အဖြစ် တည်ထားကိုးကွယ်ရာမှ ဒေသခံအလှူရှင်များနှင့် ရန်ကုန်မြို့မှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့်ရွှေထီးတော်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*