တရားဝင်ဖိတ်ကြားရင် “၀” ဦးဆောင်တဲ့ FPNCC အနေနဲ့ ၂၁ ပင်လုံတတိယအစည်းအဝေးကိုတက်ရောက်မှာဖြစ်ပြီး လုံခြုံရေးအတွက် တရုတ်ကူညီပေးဖို့ FPNCC တောင်းဆို

တရားဝင်ဖိတ်ကြားရင် “၀” ဦးဆောင်တဲ့ FPNCC အနေနဲ့ ၂၁ ပင်လုံတတိယအစည်းအဝေးကိုတက်ရောက်မှာဖြစ်ပြီး လုံခြုံရေးအတွက် တရုတ်ကူညီပေးဖို့ FPNCC တောင်းဆို
March 29, 2018 Fame Asian

11:33 am
တရားဝင်ဖိတ်ကြားရင် “၀” ဦးဆောင်တဲ့ FPNCC အနေနဲ့ ၂၁ ပင်လုံတတိယအစည်းအဝေးကိုတက်ရောက်မှာဖြစ်ပြီး လုံခြုံရေးအတွက် တရုတ်ကူညီပေးဖို့ FPNCC တောင်းဆို

29541941_1740221182688506_4491992372793584318_n

ပန်ခမ်း၊ မတ် ၂၉

မကြာခင်ကျင်းပပြုလုပ်မယ့် ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ကိုတက်ရောက်ဖို့ ဖိတ်ကြားရင် UWSA (၀) အဖွဲ့ဦးဆောင်တဲ့ FPNCC အနေနဲ့ တက်ရောက်သွားမှာဖြစ်ပြီး ခရီးစဉ်လုံခြုံရေးအတွက် တရုတ်နိုင်ငံအနေနဲ့ ကူညီပေးဖို့ FPNCC က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

29542676_1740221156021842_2272582069017172537_n

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ UWSA ထိန်းချုပ်နယ်မြေ ပန်ခမ်း မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ ဒုတိယအကြိမ်အမြဲတန်းကော်မတီ အစည်းအဝေးအပြီးမှာ အခုလို တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ FPNCC ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ပါဝင်မှုဟာပိုမိုအရေးပါလာပြီး ကင်းကွာလို့ မရနိုင်ဟုသုံးသပ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို တက်ရောက်ဖို့ အစိုးရရဲ့ တရားဝင်ဖိတ်ကြားလွှာကိုရရင် FPNCC အဖွဲ့ဝင်တွေအားလုံးစုံစုံညီညီတက်ရောက်သွားမှာဖြစ်ကြောင်း၊ ဒီလိုတက်ရောက်တဲ့အခါမှာ လုံခြုံရေးအာမခံချက်ရှိဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ခရီးစဉ်အတွက်ဆက်လက်ကူညီထောက်ပံ့ပေးဖို့ ၊ ကချင် တအန်း ကိုးကန့် ရခိုင်ဒေသတွေမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို ကန့်ကွက်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ဖြေရှင်းဖို့ ၊ ဒီကနေ့ သမ္မတအသစ်အဖြစ်ရွေးကောက်တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့် ကိုကြိုဆိုပြီး သမ္မတရဲ့ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဆောလျင်စွာအကောင်အထည်ဖော်နိုင်ရေးမျှော်လင့်ကြောင်း စတဲ့အချက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။

အခုတစ်ခေါက်ကျင်းပတဲ့ FPNCC ရဲ့အစည်းအဝေးကို အဖွဲ့ဝင်တွေဖြစ်တဲ့ UWSA ၊ KIA ၊ AA ၊ TNLA ၊ MNDAA ၊ SSPP ၊ PSC တို့ က ကော်မတီဝင် ၂၇ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

AF – 178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*