ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ သတင်းဆောင်းပါးကိုသက်သေအဖြစ် ထပ်မံတင်သွင်းမှု ထပ်မံပယ်ချခံရ၊ ကျွမ်းကျင်သူနဲ့မှ စစ်ဆေးမှတ်တမ်းတင်နိုင်မယ်ဆို

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ သတင်းဆောင်းပါးကိုသက်သေအဖြစ် ထပ်မံတင်သွင်းမှု ထပ်မံပယ်ချခံရ၊ ကျွမ်းကျင်သူနဲ့မှ စစ်ဆေးမှတ်တမ်းတင်နိုင်မယ်ဆို
March 21, 2018 AsianFame MediaGroup

4:45 pm
ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ သတင်းဆောင်းပါးကိုသက်သေအဖြစ် ထပ်မံတင်သွင်းမှု ထပ်မံပယ်ချခံရ၊ ကျွမ်းကျင်သူနဲ့မှ စစ်ဆေးမှတ်တမ်းတင်နိုင်မယ်ဆို

29496849_1731585533552071_534814249730441216_n

ရန်ကုန်၊ မတ် ၂၁

ရိုက်တာသတင်းထောက်နှစ်ဦးရေးသားခဲ့တဲ့ သတင်းဆောင်းပါးကို သက်သေအဖြစ် သူတို့ ရဲ့ရှေ့ နေတွေက ဒီကနေ့  ရုံးချိန်းမှာ ထပ်မံတင်သွင်းခဲ့ပေမယ့် ထပ်မံပယ်ချခံခဲ့ရပါတယ်။ အဲဒီသတင်းဆောင်းပါးကို သက်သေအဖြစ် တင်ချင်ရင် သိပ္ပံကျွမ်းကျင်သူအရာရှိနဲ့ သာ ရုံးတော်ကိုတင်သွင်းဖို့ ပြန်လည်ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ရှေ့ နေဖြစ်သူ ကိုသန်းဇော်အောင်က သတင်းထောက်တွေကိုပြောပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးကို အင်းစိန်းမြောက်ပိုင်းခရိုင်တရားရုံးမှာ ဆယ်ကြိမ်မြောက်ရုံးထုတ်အဖြစ် ဒီကနေ့  ရုံးထုတ်လာခဲ့ပါတယ်။

”ရိုက်တာနဲ့ ထုတ်တဲ့သတင်းနဲ့ ပတ်သတ်ပြီးတင်မယ်ဆိုလို့ ရှိရင် နောက်လာမယ့် ကျွမ်းကျင်သူအရာရှိနဲ့ ပဲ တင်ဖို့ အတွက်ပြောတယ်။ ဒီအီလက်ထရောနစ်ကလည်း ကျွမ်းကျင်သူကသာ တိုက်စစ်ပြီး မှတ်တမ်းတင်လက်ခံနိုင်မယ်လို့ ပြောတယ်။ သက်သေခံသွင်းတဲ့နေရာမှာသက်သေခံဥပဒေမှာတော့ ပြဌာန်းချက်တစ်ချို့ တော့ရှိတာပေါ့ ” လို့ သူကပြောပါတယ်။

ဒါပေမယ့် ရိုက်တာသတင်းဆောင်းပါးကို သက်သေအဖြစ် စစ်ဆေးမှတ်တမ်းတင်ဖို့ ရုံးတော်ကိုတင်သွင်းမယ့် သိပ္ပံကျွမ်းကျင်သူအရာရှိဆိုသူကတော့ တရားလိုဘက်က သက်သေဖြစ်တဲ့အတွက် စိုးရိမ်စိတ်တော့ရှိတယ်လို့ ရိုက်တာဘက်မှ ရှေ့ နေတွေကဆိုပါတယ်။
”ကျွမ်းကျင်သူဆိုတာကတော့ တရားလိုပြသက်သေပဲလေ။ တရားလိုဘက်က ပြတဲ့သက်သေဆိုတော့ ကျွန်တော်တို့ လွတ်ချင်တဲ့ ကျွန်တော်တို့ တင်ချင်တဲ့ လက်ခံမလား ထောက်ခံပါ့မလားဆိုတာ စိုးရိမ်ချက်တော့ရှိပါတယ်”လို့ ရှေ့ နေ ဦးသန်းဇော်အောင်ကပြောပါတယ်။

ဒီကနေ့  မှာ တရားလိုပြသက်သေ ၃ ဦးစစ်ဆေးဖို့ လုပ်ထားခဲ့ပေမယ့် တစ်ဦးကတော့ နှလုံးရောဂါပြဿနာရှိနေတာကြောင့်ဆိုပြီး ဒီကနေ့ မလာခဲ့ပါဘူး။ စစ်ဆေးခဲ့တဲ့ တရားလိုပြသက်သေနှစ်ဦးကတော့ ရိုက်တာသတင်းထောက်ကိုဝလုံးရဲ့ညီဖြစ်သူ သူရအောင်နဲ့ ရှာဖွေသက်သေဦးပြေငြိမ်းတို့ ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက်ကိုဝလုံးရဲ့ညီဖြစ်သူ သူရအောင်ဟာ ကိုလ၀လုံးရဲ့အိမ်ကို ရှာဖွေစစ်ဆေးစဉ်က ပစ္စည်းတွေပေးအပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒီကနေ့  ရုံးချိန်းမှာ စစ်ဆေးခဲ့တဲ့ သက်သေတွေအပါဆိုရင် တရားလိုပြသက်သေ (၁၄) ဦးအထိစစ်ဆေးပြီးစီးသွားပြီဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့  က ရဲဝန်ထမ်း နှစ်ဦးနဲ့  ညစာအတူစားဖို့ ဖိတ်ခေါ်ခံခဲ့ ရပြီးတဲ့နောက် စာရွက်စာတမ်းအချို့ လက်ဝယ်တွေ့ ရှိမှုနဲ့ နိုင်ငံတော်ရဲ့လျှို့ဝှက်ချက် အက်ဥပဒေ ကို ဖောက်ဖျက်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဖြိုးထက်အောင်

29472550_1731585546885403_8506877406328389632_n

29512681_1731585540218737_534380711436615680_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*