ရန်ကုန်တိုင်းအတွင်းကောက်နေတဲ့အခွန်တွေကို ခေတ်နဲ့ ညီိတဲ့နှုန်းထားတွေပြောင်းလဲကောက်ခံဖို့ ဥပဒေကြမ်း တိုင်းအစိုးရအဖွဲ့ တင်သွင်း၊ မော်တော်ယာဉ်တွေကို အင်ဂျင်ပါဝါပေါ်မူတည်ပြီိး ဘီးခွန်ကောက်ဖို့ပါဝင်

ရန်ကုန်တိုင်းအတွင်းကောက်နေတဲ့အခွန်တွေကို ခေတ်နဲ့ ညီိတဲ့နှုန်းထားတွေပြောင်းလဲကောက်ခံဖို့ ဥပဒေကြမ်း တိုင်းအစိုးရအဖွဲ့ တင်သွင်း၊ မော်တော်ယာဉ်တွေကို အင်ဂျင်ပါဝါပေါ်မူတည်ပြီိး ဘီးခွန်ကောက်ဖို့ပါဝင်
March 21, 2018 AsianFame MediaGroup

5:14 pm
ရန်ကုန်တိုင်းအတွင်းကောက်နေတဲ့အခွန်တွေကို ခေတ်နဲ့ ညီိတဲ့နှုန်းထားတွေပြောင်းလဲကောက်ခံဖို့ ဥပဒေကြမ်း တိုင်းအစိုးရအဖွဲ့ တင်သွင်း၊ မော်တော်ယာဉ်တွေကို အင်ဂျင်ပါဝါပေါ်မူတည်ပြီိး ဘီးခွန်ကောက်ဖို့ပါဝင်

29511005_1731614360215855_688772661035139072_n

ရန်ကုန် ၊ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကောက်ခံနေတဲ့အခွန်နှုန်းထားတွေကို ခေတ်နဲ့ ညီတဲ့အခွန်နှုန်းထားတွေဖြစ်ဖို့ ပြင်ဆင်ကောက်ခံသွားတော့မှာပါ။ မော်တော်ယာဉ်တွေကို ဘီးခွန်အဖြစ် ယာဉ်တန်ချိန်ဝိတ်အပေါ်မူတည်ပြီး ကောက်ခံနေရာကနေ ယခုအခါ အင်ဂျင်ပါဝါပေါ်အခြေခံပြီိးပြောင်းလဲကောက်ခံတော့မှာဖြစ်ပါတယ်။

ဒီိလိုပြောင်းလဲကောက်ခံသွားမယ့် ”၂ဝ၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်း” ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က တိုင်းလွှတ်တော်ကိုဒီိကနေ့ တင်သွင်းလိုက်ပါတယ်။

တိုင်းစီမံကိန်းနဲ့  ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းအစိုးရအဖွဲ့  ကိုယ်စား လွှတ်တော်ကိုလာရောက်တင်သွင်းသွားတာဖြစ်ပါတယ်။

ယခုတင်သွင်းလိုက်တဲ့ဥပဒေကြမ်းထဲမှာ ယမန်နှစ်က ပြဌာန်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေထဲက အချက်(၃၈)ချက် ကို ခေတ်ကာလနဲ့ ကိုက်ညီိတဲ့နှုန်းထားတွေဖြစ်စေဖို့ ပြောင်းလဲပြင်ဆင်ထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။

မော်တော်ယာဉ်ဘီးခွန်တွေကို လက်ရှိကောက်ခံနေတဲ့စနစ်ဟာ ၁၉၉၇ ခုနှစ်က စတင်ကောက်ခံခဲ့တဲ့နှုန်းထားဖြစ်နေတာကြောင့် နိုင်ငံတကာမှာ လက်ရှိကျင့်သုံးကောက်ခံနေတဲ့ ပါဝါပေါ်မှာအခြေခံကောက်ခံတဲ့ စနစ်ကိုပြောင်းလဲကောက်ခံဖို့ အခွန်ကောက်ခံတဲ့ ဌာနများနဲ့ ညှိနှိုင်းပြီးပြင်ဆင်ခဲ့တယ်လို့ လွှတ်တော်မှာတင်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်အခများ ကောက်ခံ ရရှိမှသာ ပြည်သူလူထုအတွက် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေ ၊တည်ဆောက်ရေးလုပ်ငန်းတွေ ၊ စီမံကိန်းလုပ်ငန်းတွေ လျှင်မြန်စွာအကောင်အထည်ဖော်နိုင်မှာဖြစ်လို့ အခုလို ပြင်ဆင်ကောက်ခံဖို့ ရေးဆွဲရတယ်လို့ ဦးမြင့်သောင်းကပြောပါတယ်။

ယခုနှစ် ဧပြီလဆန်း ကစပြီး ရန်ကုန်မြိုံတော်စည်ပင်သာယာရေးကော်မတီကနေ လက်ရှိကောက်ခံလျက်ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ လမ်းတံတား ဖြတ်သန်းခ၊ တိုးဂိတ်များမှာရှိတဲ့ တံတားဖြတ်သန်းခများကိုလည်း ကင်းလွတ်ခွင့်ပြုသွားမယ်လို့ ဥပဒေကြမ်းမှာ ပြဌာန်းထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*