ရန်ကုန်တိုင်းအစိုးရက ရောင်းမယ့် တန်ဖိုးနည်းအိမ်ယာတွေကို လျှောက်ထားခွင့်နောက်ဆုံးရက် ယခုလကုန်ထိ ထပ်တိုး

ရန်ကုန်တိုင်းအစိုးရက ရောင်းမယ့် တန်ဖိုးနည်းအိမ်ယာတွေကို လျှောက်ထားခွင့်နောက်ဆုံးရက် ယခုလကုန်ထိ ထပ်တိုး
March 14, 2018 AsianFame MediaGroup

4:07 pm
ရန်ကုန်တိုင်းအစိုးရက ရောင်းမယ့် တန်ဖိုးနည်းအိမ်ယာတွေကို လျှောက်ထားခွင့်နောက်ဆုံးရက် ယခုလကုန်ထိ ထပ်တိုး

29187101_1723526474357977_564522091840274432_n

ရန်ကုန် ၊ မတ် ၁၄

တိုင်းအစိုးရအဖွဲ့ မှ ရောင်းချမယ့် တန်ဖိုးနည်းအိမ်ယာတွေကို ယခုလကုန်ရက်အထိ ရက်တိုးပြီး ၀ယ်ယူခွင့်လျှောက်လွှာများ တင်ခွင့်ပြုသွားမယ်လို့ ပြည်သူ့ အိမ်ယာကော်မတီမှ အဖွဲ့ ဝင် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

တန်ဖိုးနည်းအိမ်ယာတွေကို ၀ယ်ယူဖို့ လျှောက်ထားရတဲ့လျှောက်လွှာမှာ သက်ဆိုင်ရာမြို့ နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ ထောက်ခံချက်လက်မှတ်ပါရမယ်လို့ ပါဝင်ပါတယ်။ အဲဒီထောက်ခံချက်ကိစ္စနဲ့ ပတ်သတ်ပြီိး ပြည်သူတွေအနေနဲ့ မရှင်းလင်းတာမျိုးရှိနေတာကြောင့် ယခင်သတ်မှတ်ထားတဲ့နောက်ဆုံးထား လျှောက်လွှာတင်ရမယ့်နေ့  အစား ယခုလကုန်ရက်အထိ တင်ခွင့်ပြုသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့ သူကဆိုပါတယ်။

”လျှောက်လွာတွေထုတ်ပေးတဲ့အတိုင်းအတာမှာ တစ်လသတ်မှတ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကနေ မတ်လ ၁၅ ရက်နေ့ အထိဆိုပြီး။ ဒါပေမယ့်ကြားထဲမှာ လက်မှတ်ထိုးတဲ့ကိစ္စလေးတွေနဲ့ ပတ်သတ်ပြီး ပြည်သူလူထုအနေနဲ့ မရှင်းလင်းတာလေးတွေရှိတဲ့အခါမှာ ရက်သုံးလေးငါးရက်လောက်က ဟ သွားတယ်။ အဲဒီအတွက် ပြည်သူ့ အိမ်ယာကော်မတီကနေ အစည်းအဝေးလုပ်ပြီး လျှောက်လွှာနောက်ဆုံးတင်ရမယ့်နေ့  ကို သက်တမ်းထက်တိုးလိုက်ပါတယ်” လို့ ဦးညီညီကပြောပါတယ်။

လက်ရှိမှာ လျှောက်လွှာဝယ်ယူမှုတွေများပြားနေတယ်လို့ သိထားပေမယ့် စာရင်းမချုပ်ရသေးတာကြောင့် စောင်ရေဘယ်လောက်အထိရောင်းချထားပြီးတယ်ဆိုတာာကိုတော့ မပြောနိုင်သေးဘူးလို့ သူကဆိုပါတယ်။ လျှောက်လွှာတွေကိုတော့ တစ်စောင်ကို တစ်ထောင်နှုန်းနဲ့ ခရိုင်အလိုက်ရောင်းချပါတယ်။

”အရင်လို ထောက်ခံစာတစ်စောင်ယူဖို့ အတွက်ဆိုရင် ရုံးထဲပဲဝင်ရမလိုလို ၊ ဘယ်နေရမှာထိုင်နေရမလိုလို ဆိုတဲ့ မ၀ံ့မရဲကိစ္စမျိုးတွေကိုကျော်လွှားအောင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆောင်ရွက်နေပါတယ်။ ထောက်ခံစာလာတောင်းတဲ့ပြည်သူတွေကို ကျွန်တော်တို့ မြို့ နယ်မှာဆို ကော်ဖီ၊ မုန့် တောင်တိုက်ပါသေးတယ်” လို့ ဦးညီညီကပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ က ရောင်းချပြီးနေရာချပေးသွားမယ့်အိမ်ယာတွေကို သင်္ကန်းကျွန်း၊ တောင်ဒဂုံ၊ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့ နယ်တွေမှာ ဆောက်လုပ်နေပြီး တိုက်ခန်းပေါင်းတစ်ထောင်ကျော်တယ်လို့ သိရပါတယ်။ တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာတွေကို မဲနှိုက်ပေးမလား၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီိတဲ့လျှောက်လွှာတွေကိုစဉ်းစားမလားဆိုတာကို ပြည်သူ့ အိမ်ယာရောင်းချရေးကော်မတီက အစည်းအဝေးထပ်လုပ်ပြီးဆုံးဖြတ်မယ်လို့ သိရပါတယ်။

တိုင်းအစိုးရအဖွဲ့ က ရောင်းချမယ့်အိမ်ယာတွေကို ၀ယ်ယူလိုသူတွေဟာ အသက်၃၂ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး အိမ်ထောင်တစ်စုမှာ တစ်ဦးသာ လျှောက်ထားခွင့်ရှိတယ်လို့ သိရပါတယ်။ရောင်းချမယ့်အိမ်ရာတွေကို ဝယ်ယူမယ့်သူတွေအနေနဲ့ အသက်၂၃နှစ်ပြည့်ပြီးသူ ဝင်ငွေနည်းပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်းတွေကိုရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အိမ်ထောင်စုတစ်ခုမှာတစ်ဦးသာ လျှောက်ထားခွင့်ရှိပြီးလျှောက်ထားသူရဲ့ မိသားစုပျမ်းမျှလစဉ် ဝင်ငွေစုစုပေါင်း ငွေကျပ်၃သိန်းကနေ ၁၂သိန်းထိရှိရမှာဖြစ်ပါတယ်။ တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်းအကြေပေးသွင်းမှု၊ ဘဏ်ချေးငွေနဲ့အများဆုံး(၁၅)နှစ်ပေးချေတဲ့စနစ်တွေနဲ့ ဝယ်ယူနိုင်မယ် လို့လည်း သိရပါတယ်။ တိုက်ခန်းတန်ဘိုးငွေကို အကြေပေးသွင်းပြီးမှသာ တိုက်ခန်း ပိုင်ဆိုင်ခွင့်စာအုပ်ကို ထုတ်ပေးမှာလည်းဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*