ဆိုင်ခန်းဌားထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို တစ်ရုံးချင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ရန်ကုန်နယ်လုံပြော

ဆိုင်ခန်းဌားထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို တစ်ရုံးချင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ရန်ကုန်နယ်လုံပြော
March 13, 2018 AsianFame MediaGroup

12:37 pm
ဆိုင်ခန်းဌားထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို တစ်ရုံးချင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ရန်ကုန်နယ်လုံပြော

29133797_1722117201165571_6017778695329021952_n

ရန်ကုန် ၊ မတ် ၁၃

ဆိုင်ခန်းဌားထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို တစ်ရုံးချင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ နယ်လုံဝန်ကြီးက မနေ့က တိုင်းလွှတ်တော်မှာပြောပါတယ်။

အဲဒီလို ဌားရမ်းထားမှုတွေဟာ မြို့ နယ်ထွေအုပ်ဘက်က ခွင့်ပြုထားခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးရုံးအနေနဲ့ သာ ဌားကြတာဖြစ်တယ်လို့ ပြောသွားပါတယ်။

”ဆိုင်ခန်းနေရာတွေဌားထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးချင်းစီအလိုက်ကို ဌားရမ်ထားတဲ့အခြေအနေတွေကို စုံစမ်းစစ်ဆေးအဖွဲ့  ဖွဲ့ ပြီး စုံစမ်းစစ်ဆေးမယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရဲ့ တွေ့ ရှိချက်ကို စီစစ်ပြီး ဆက်ဆောင်ရွက်သွားမယ်” လို့ရန်ကုန်တိုင်းနယ်လုံဝန်ကြီးကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းအချို့ ဟာ ရန်ပုံငွေအကြောင်းပြပြီး ရုံးခန်းဧရိယာထဲမှာ ဆိုင်ခန်းနေရာဌားထားမှုတွေရှိနေတယ်ဆိုတဲ့အကြောင်းကို လသာမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းဟန်က ရန်ကုန်တိုင်းလွှတ်တော်မှာတင်ပြပါတယ်။ဒီလို ကိစ္စတွေကို တိုင်းအစိုးရက ခွင့်ပြုထားခြင်းရှိသလားလို့ သူက မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။ သူ့ ရဲ့မေးမြန်းမှုကို တိုင်းအစိုးရအဖွဲ့ မှ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

”အဓိက ကတော့ ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ရဲ့ ဒီဆိုင်ခန်းများဟာ ခွင့်ပြုထားခြင်း မရှိပါဘူး။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနေနဲ့သာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးအောင်စိုးမိုးကပြောပါတယ်။

ဒါပေမယ့်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံတွေကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ခွင့်ပြုရန်ပုံငွေ (ဘတ်ဂျက်) နဲ့ ဆောက်ထားတာမဟုတ်ဘဲ ကန်ထရိုက်နဲ့ အကျိုးတူဆောက်လုပ်ခြင်း၊ ရပ်ကွက်နေပြည်သူလူထုမှ ထည့်ဝင်တဲ့ အလှူငွေများနဲ့ ဆောက်ခဲ့တာဖြစ်တာကြောင့် ရပ်ကွက်အတွင်း ဘာသာရေး၊ သာသနာရေး၊ လူမှုရေးကိစ္စများမှာ ထောက်ပံ့နိုင်ဖို့  သဘောတူပြီး ငှားရမ်းကြတာဖြစ်တယ်လို့ သူကဆိုပါတယ်။

”ဈေးဆိုင်ခန်းက ဌားရမ်းလို့ ရတဲ့ငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆောက်အဦးဆောက်တုန်းက ကုန်ကျစရိတ်တစ်စိတ်တစ်ပိုင်းကို ထည့်သုံးနိုင်ဖို့ ကန်ထရိုက်နဲ့ သဘောတူပြီး နှစ်ထပ်ဆောက်။ အပေါ်ထပ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ အောက်ထပ်က ဈေးဆိုင်ခန်းဌားရမ်းအသုံးပြုကြတာကိုတွေ့ ရတယ်” လို့ ဗိုလ်မှူးကြီးအောင်စိုးမိုးကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ခရိုင် ၄ ခု၊ မြို့ နယ် ၄၅ မြို့ နယ်မှာ ရပ်ကွက် ၇၄၃ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၆၂၁ ရပ်ကွက်ရှိတယ်လို့ တိုင်းအစိုးရရဲ့ဖြေကြားချက်အရသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*