ရှော့တိုက်ပြီး ငါးဖမ်းနေမှုတွေကို ဥပဒေနဲ့ အညီအရေးယူဖို့ကော့မှူးအမတ်အဆိုတင်၊ လက်လုပ်လက်စားပြည်သူတွေရဲ့မျက်နှာကို ကြည့်သင့်ဟုဆိုကာ သုံးခွလွှတ်တော်ကိုယ်စားလှယ်ကန့်ကွက်

ရှော့တိုက်ပြီး ငါးဖမ်းနေမှုတွေကို ဥပဒေနဲ့ အညီအရေးယူဖို့ကော့မှူးအမတ်အဆိုတင်၊ လက်လုပ်လက်စားပြည်သူတွေရဲ့မျက်နှာကို ကြည့်သင့်ဟုဆိုကာ သုံးခွလွှတ်တော်ကိုယ်စားလှယ်ကန့်ကွက်
March 12, 2018 AsianFame MediaGroup

6:00 pm
ရှော့တိုက်ပြီး ငါးဖမ်းနေမှုတွေကို ဥပဒေနဲ့ အညီအရေးယူဖို့ကော့မှူးအမတ်အဆိုတင်၊ လက်လုပ်လက်စားပြည်သူတွေရဲ့မျက်နှာကို ကြည့်သင့်ဟုဆိုကာ သုံးခွလွှတ်တော်ကိုယ်စားလှယ်ကန့်ကွက်

29133042_1721233244587300_1547571081475260416_n

ရန်ကုန် ၊ မတ် ၁၂

ရှော့တိုက်ပြီး ငါးဖမ်းနေမှုတွေကို ဥပဒေနဲ့ အညီအရေးယူဖို့အဆိုကို ဒီကနေ့  ရန်ကုန်တိုင်းလွှတ်တော်မှာ ကော့မှူးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ကတင်သွင်းပါတယ်။ ဒီအဆိုကို ကော့မှူးမြို့ နယ်လိုပဲ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့ နယ်တစ်ခုဖြစ်တဲ့ ဒလမြို့ နယ်ကလွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးဖို့ ထောက်ခံပေမယ့် သုံးခွမြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်ကတော့ စားဝတ်နေရေးချို့ တဲ့လို့ ဖြေရှင်းလုပ်ကိုင်စားသောက်နေရတဲ့ လက်လုပ်လက်စားပြည်သူများရဲ့မျက်နှာကို ကြည့်သင့်တာမို့ အဆိုကိုလွှတ်တော်မှာဆွေးနွေးဖို့ မသင့်ဘူးလို့ ထကန့် ကွက်တဲ့သူတွေလည်းရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အချို့ ကတော့ ဒီအဆိုဟာ မေးခွန်းအဆင့်သာရှိတာမို့ အဆိုကိုမဆွေးနွေးသင့်ဘူးလို့ ကန့် ကွက်ကြပါတယ်။

ဒါပေမယ့် အဆိုကတော့ လွှတ်တော်မှာဆွေးနွေးရန်သင့်မသင့်ကို မဲခွဲခဲ့ရာမှာ ထောက်ခံမဲ(၅၂) မဲ၊ ကန့် ကွက်မဲ (၄၀) ၊ ကြားနေ (၁၇) မဲတို့ ရှိခဲ့တာကြောင့် ဆွေးနွေးဖို့ အတည်ပြုခဲ့ပါတယ်။

”တကယ်ကို လက်လုပ်လက်စား သေးသေးလေးတွေရဲ့ စားဝတ်နေရေးအတွက်ဖြေရှင်းတဲ့အချက်ကို ကိုယ်စားလှယ်တွေအားလုံး ပါဝါပွိုင့်မှာမြင်ရမှာဖြစ်ပါတယ်။ ဒီလို အဆိုတစ်ရပ်အနေနဲ့ အစိုးရအဖွဲ့ ကို အဆိုအောင်လို့ အစိုးရဆောင်ရွက်ချက်ရှိတဲ့အခါ အင်မတန်မှပဲ စားဝတ်နေရေးက ဖြေရှင်းနေရတဲ့လူတွေ ဒုက္ခရောက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ လည်းသုံးခွဘက်ကပဲ။ မြစ်ချောင်းအင်းအိုင်တွေအများကြီးရှိပါတယ်။ရန်ကုန်တိုင်းထဲမှာလည်းရှိပါတယ်။ သို့ သော်လည်း ဒီလိုရှာဖွေစားသောက်နေတဲ့အခြေအနေ နဲ့ အစိုးရအဖွဲ့ နဲ့ လွှတ်တော်နဲ့ သွားနေတဲ့အခြေအနေတွေအားလုံးကို သုံးသပ်ဖို့ လိုပါတယ်။ ပြစ်မှုပြစ်ဒဏ်လို့ ပြောရင် အဆိုရှင်ကိုယ်တိုင်လည်းတင်ပြသွားတာရှိပါတယ်။ လ အနည်းငယ်အပြစ်ပေးခြင်း၊ ရက်အနည်းငယ်အပြစ်ပေးခြင်းဆိုပြီးတော့သင့်တော်သလို အပြစ်ပေးနေတာပဲဖြစ်ပါတယ်” လို့ သုံးခွမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေကပြောပါတယ်။

ကော့မှူးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်ရဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြစ်ချောင်းအင်းအိုင်များအတွင်းမှာ ဘတ္ထရီရှော့တိုက်ငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်းလုပ်ငန်းများကို ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းအဆိုကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဦးဟံထွန်းကလည်း ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းထားပြီးသားမေးခွန်းတစ်ခုဖြစ်တဲ့အတွက် သဘောချင်းတူညီနေတာမို့ လွှတ်တော်ဥက္ကဌကြီးရဲ့သဘောအတိုင်းပါလို့ လွှတ်တော်မှာပြောသွားပါတယ်။အဲဒီအဆိုကို လာမယ့် မတ်လ ၁၆ ရက်နေ့  မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*