အင်းလျားကန်မှာ အမှိုက်တွေ ညစ်ပတ်နံစော်နေတဲ့ ကိစ္စ မြို့ တော်ဝန်ကို မြေပြင်ဆင်းကြည့်စေချင်တယ် လို့ တိုင်းလွှတ်တော် အမတ်ပြော

အင်းလျားကန်မှာ အမှိုက်တွေ ညစ်ပတ်နံစော်နေတဲ့ ကိစ္စ မြို့ တော်ဝန်ကို မြေပြင်ဆင်းကြည့်စေချင်တယ် လို့ တိုင်းလွှတ်တော် အမတ်ပြော
March 12, 2018 Asian Fame

4:06 pm
အင်းလျားကန်မှာ အမှိုက်တွေ ညစ်ပတ်နံစော်နေတဲ့ ကိစ္စ မြို့ တော်ဝန်ကို မြေပြင်ဆင်းကြည့်စေချင်တယ် လို့ တိုင်းလွှတ်တော် အမတ်ပြော

Inya(ရန်ကုန်၊ မတ် ၁၂)

အင်းလျားကန်မှာ အမှိုက်တွေ ညစ်ပတ်နံစော်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မြို့ တော်ဝန်ကို မြေပြင်ဆင်းကြည့်စေချင်တယ်လို့ လှိုင်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်က မြို့ တော်ဝန်ဦးမောင်မောင်စိုးကို ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြောပါတယ်။

အင်းလျားကန်ကြီးကို စနစ်တကျထိန်းသိမ်းဆောင်ရွက်ပြီး ရန်ကုန်မြို့ တွင်းပြည်သူတွေသာမက နိုင်ငံတကာ ခရီးသွားများပါ အပန်းဖြေနိုင်တဲ့ နေရာတစ်ခု အဖြစ် အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ်ရှိမရှိ ကိုလှိုင်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်မာဌေးက ဒီကနေ့  ပြုလုပ်တဲ့ တိုင်းလွှတ်တော်မှာမေးပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူဖြစ်တဲ့ မြို့ တော်ဝန်ရဲ့ပြန်လည်ဖြေကြားချက်ဟာ အားလုံးကိုခြုံပြောသလိုသာဖြစ်နေတာကြောင့် လက်ရှိမြေပြင်အခြေအနေကို ဆင်းကြည့်စေချင်တယ်လို့ သူမက ပြန်လည်ပြောကြားပါတယ်။

”ကျွန်မ မနက်တိုင်း အင်းလျားကန်မှာလမ်းလျောက်ပါတယ်။ မနက်တိုင်း အမှိုက်ပုံထဲက ဖြတ်ရပါတယ်။ မြောင်းပုတ်စော်တွေက အင်မတန်နံပါတယ်။ ဒါမြေပြင်မှာတကယ်ဖြစ်နေတဲ့အခြေအနေဖြစ်ပါတယ် ။ မြို့ တော်ဝန်ကြီးကတော့ အားလုံးကိုခြုံပြီးပြောတာဖြစ်ပေမယ့် သန့် ရှင်းမှုဆောင်ရွက်ဖို့ က အင်မတန်လိုနေပါတယ်” လို့ ဒေါ်ခိုင်မာဌေးပြောပါတယ်။

” ကန်စပ်မှာစားသောက်ဆိုင်တွေကိုထားတာက ကျွန်မတို့ ရှေ့  မှာတင်ပဲ စားတဲ့သူတွေက သူတို့ ရဲ့အကြွင်းအကျန်တွေကို ကန်ထဲကို ပစ်ချတာတွေ့ ရတယ်။ ဒါတွေကိုထိန်းသိမ်းဖို့ က ခက်ပါတယ်။ အဲဒီတော့ကန်စောင်းမှာ စားသောက်ဆိုင်တွေကိုမထားဘဲနဲ့ အများပြည်သူနေရာထားလိုက်ရင် အဆင်မပြေနိုင်ဘူးလား ဒါလေးတွေပြန်ဆွေးနွေးသင့်ပါတယ်” လို့ သူမကဆက်ပြောပါတယ်။

မြို့ တော်ဝန်ဦးမောင်မောင်စိုးကတော့ အဓိကအပိုင်းတွေကို လက်တွေ့ ကျကျလုပ်နေရတဲ့အတွက်ကြောင့်ပြီးရင်ဆက်ပြီးစဉ်းစားလုပ်ဆောင်ပေးပါမယ်လို့ လွှတ်တော်မှာဖြေကြားပါတယ်။

”ပိုပြီးအရေးကြီးတာက ညဖက်မှာ အုပ်စုဖွဲ့ ပြီးစားသောက်ပြီး ပစ်ထားခဲ့ကြတဲ့ စားကြွင်းစားကျန်များပါ။ အဲဒီအတွက်ကိုလည်းအလေးထားပြီး ဆောင်ရွက်နေတယ်။ ဒီဟာက ဘာကိုဒုက္ခပေးမလဲဆိုရင် စားကြွင်းစားကျန်ရှိရင် ကြွက်ရှိလာပါမယ်။ ဒီကြွက်က တွင်းတွေဖောက်ရင်ကန်ဘောင်ကိုပါ။ ကန်ဘောင်ကိုလည်းအဓိကထားနေရပါတယ်။ ကျွန်တော်ဆီမှာ ပိုပြီးစနစ်ကျရုံတင်မကဘူး အန္တရာယ်ရှိမယ့်အလုပ်တွေကိုပါ လက်တွေ့ ကျကျလုပ်နေရတဲ့အပိုင်းတွေပါ” လို့ မြို့ တော်ဝန်ကဆိုပါတယ်။

ဒါ့အပြင် အင်းလျားကန်ဘေးပတ်လည်မှ ဘူးသီးကြော်နဲ့ စားသောက်ဆိုင်များကိုလည်း ဟိုးယခင်ကတည်းက ရှိပြီးသားမို့ ရွေ့ ဖို့ အစီအစဉ်မရှိဘူးလို့ ဦးမောင်မောင်စိုးကပြောပါတယ်။

ဒါပေမယ့် ” အပေါ့အပါးသွားတဲ့ကန်ကိုတော့ အထဲကိုမပေးပါဘူး။ အဲဒါကိုလည်း ဒီိကန်ကိုလည်း အလယ်ကိုပြန်စုဖို့ အတွက် ကမ်းဖက်ကို ပြန်စုဖို့ အတွက် အစီအစဉ်ရှိပါတယ်” လို့ ဆက်ပြောပါတယ်။

ကန်တော်ကြီးလို ရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှုအားနည်းခဲ့လို့ ရေပိုရေလွှဲစနစ်တွေ၊ရေတံခါးတွေပျက်ပြီး ယခုအခါ ထိန်းသိမ်းဖို့ ခက်ခဲတဲ့အခြေအနေဖြစ်နေတာကြောင့် အင်းလျားကန်ကိုလည်း အဲဒီလိုဖြစ်သွားမှာစိုးရိမ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ကလွှတ်တော်မှာတင်ပြခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*