အကောက်ခွန်ရုံးများတွင်ထုတ်ယူမရဖြစ်နေသည့် Delivery Vanကားများအတွက်နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံတင်ပြသွားမည်

အကောက်ခွန်ရုံးများတွင်ထုတ်ယူမရဖြစ်နေသည့် Delivery Vanကားများအတွက်နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံတင်ပြသွားမည်
March 7, 2018 AsianFame MediaGroup

1:42 pm
အကောက်ခွန်ရုံးများတွင်ထုတ်ယူမရဖြစ်နေသည့် Delivery Vanကားများအတွက်နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံတင်ပြသွားမည်

28951441_1715397321837559_3275330514857867490_n

နေပြည်တော်၊ မတ် ၇

အကောက်ခွန်ဦးစီးဌာနမှဇန်န၀ါရီလ(၃၁)ရက်နေ့တွင်DeliveryVanများကိုမူလစက်ရုံထုတ်Originalအတိုင်းသာဖြစ်ရမည်ဟုစည်းကမ်းချက်အသစ်ထုတ်ပြန်ခဲ့ပြီးဆိပ်ကမ်းနှင့်နယ်စပ်ဂိတ်များတွင်ထုတ်ယူမရဖြစ်သွားသည့်DeliveryVanကားများအတွက်နိုင်ငံတော်သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံတင်ပြသွားမည်ဟုမော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှသိရသည်။

“အခုဟာက တန်ဖိုးကြီးဇိမ်ခံကားအချို့သံပြားပိတ်ပြီး DVလိုင်စင်နဲ့ထွက်သွားတာမျိုးရှိခဲ့လို့ကာစတန်က ကန့်သတ်လိုက်တာပေါ့။ဒါပေမယ့်အခုလို ကန့်သတ်တာက DVသွင်းနေတဲ့လူအားလုံးကို ထိခိုက်သွားစေတာပါ။တကယ့်တကယ် လုပ်စားသွားတဲ့သူတစ်ချို့ကိုသာနောက်ကြောင်းပြန်အရေးယူတာမျိုးလုပ်သင့်ပြီး DVအဖြစ်အရင်ထဲကသွင်းနေတဲ့ကားတွေကိုတော့ပြန်စဉ်းစားပေးစေချင်ပါတယ်။ဒါကြောင့်လဲသမ္မတကြီးနဲ့အမေစုတို့ဆီကို စာနဲ့တင်ပြသွားဖို့လုပ်နေပါတယ်”ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

တန်ဖိုးကြီးလူစီးWagonကားအချို့ကို Delivery Van အဖြစ်ပြောင်းလဲတင်သွင်းမှုများရှိခဲ့သဖြင့်အကောက်ခွန်ဦးစီးဌာနမှ Delivery Vanတင်သွင်းမှုအတွက် စည်းကမ်းချက်အသစ်ကိုထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကောက်ခွန်ဦးစီးဌာနမှထုတ်ပြန်ခဲ့သည့်စည်းကမ်း ချက်အသစ်ဖြစ်သည့်မူလစက်ရုံထုတ်ဆိုသည့်အချက် မှာ ပြည်တွင်းသို့တင်သွင်းထားသည့်ကားများအတွက် ကိုက်ညီရန်လွန်စွာနည်းပါးလျှက်ရှိနေသည်။

“အခုဂျပန်ညာမောင်းDVတွေရဲ့တင်သွင်းခွင့်ပါမစ်သက်တမ်းကဒီလဆိုကုန်ပြီ။အခုထိကားတွေကထုတ်မရသေးဘူး။သူတို့ပြောသလို Originalစက်ရုံထုတ်DVဆိုတာက လေလံမှာထဲကရှားပါတယ်။စည်းကမ်းချက်အသစ်က ဇန်နဝါရီလကုန်မှထုတ်တာကားတွေကအရင်ထဲကသွင်းထားကြတာအခုကထုတ်မရတော့ဘူးဆိုတော့ ကားလုပ်ငန်းရှင်တွေဘက်ကိုလည်းစဉ်းစားပေးကြပါ။လူတစ်ချို့ကြောင့်ကားလုပ်ငန်းရှင်အားလုံးအထိနာကြရပါတယ်”ဟုရန်ကုန်မြို့မှဂျပန်လေလံကားတင်သွင်းနေသည့် လုပ်ငန်းရှင် ဦးစိုးမြင့်ကဆိုသည်။

ယခုတစ်ပတ်အတွင်း Delivary Vanကားများပြန်လည် ထုတ်ယူခွင့်ရရှိစေရန်အတွက် နိုင်ငံတော်အကြီးအကဲ များထံတင်ပြသွားရန်စီစဉ်နေပြီးယခုလဆန်းအထိ ဆိပ်ကမ်းနှင့်မြဝတီနယ်စပ်တို့တွင် ထုတ်ယူခွင့်မရသည့် DeliveryVanကားအစီးရေသုံးထောင်ကျော်အထိရှိနေသည်ဟု ကားတင်သွင်းသူများထံမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*