အစိုးရက ”ဟိုလူပြောရင်ကောင်းနိုးနိုး ၊ဒီလူပြောရင် ကောင်းနိုးနိုး လိုက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံလိုဖြစ်သွားမှာ မလွှဲ ဧကန်ပါပဲ”ဟု ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ပြော

အစိုးရက ”ဟိုလူပြောရင်ကောင်းနိုးနိုး ၊ဒီလူပြောရင် ကောင်းနိုးနိုး လိုက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံလိုဖြစ်သွားမှာ မလွှဲ ဧကန်ပါပဲ”ဟု ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ပြော
March 5, 2018 Fame Asian

1:18 pm
အစိုးရက ”ဟိုလူပြောရင်ကောင်းနိုးနိုး ၊ဒီလူပြောရင် ကောင်းနိုးနိုး လိုက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံလိုဖြစ်သွားမှာ မလွှဲ ဧကန်ပါပဲ”ဟု ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ပြော

28782858_1738022232926718_2627429107158301916_n

နေပြည်တော်၊မတ် ၅

ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် ”ကမန်လူမျိုးစု အိမ်ထောင်စု(၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို
ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ၍ အဆိုကို လက်ခံဆွေးနွေးသွားရန် လွှတ်တော်က သဘောတူကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ယနေ့တွင်ကြေညာသည်။

မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် တင်သွင်းသည့် အဆို အပြည့်အစုံမှာ “ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေး ကော်မတီ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေအနေ ထုတ်ပြန်ချက် ပါအချက်နှင့်ပတ်သက်၍ ရန်ကုန်သို့ပြောင်းရွှေ့ နေထိုင် ခွင့်ပြုခဲ့သည် ဆိုသည့် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့ နယ်များရှိ ဒုက္ခသည် စခန်း(၃)ခုမှ ကမန်လူမျိုးစု အိမ်ထောင်စု(၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆို ဖြစ်သည်။

အဆိုရှင် က ရခိုင်ရှိဒုက္ခသည်စခန်း များမှ ကမန်မိသားစု ၅၅စုကို အစိုးရက ရန်ကုန်သို့ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းအပေါ် “ကော်မရှင်ကို ခုတုံးလုပ် ပြည်သူကိုမျက်လှည့်ပြတဲ့လုပ်ရပ်တစ်ခု” ဟု ထောက်ပြဝေဖန်သည်။

“အကြံပြုချက်မှာပါဝင်တဲ့ မူလနေရပ်ကိုပြန်ပို့ရမယ်ဆိုတာ ရန်ကုန်ကိုပို့တာဟာ ရည်ရွယ်ချက်ရှိရှိနဲ့လွဲမှားဆောင်ရွက်နေတယ်ဆိုတာထင်ရှားပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့အကြံပြုချက်အတိုင်းဆောင်ရွက်ရတယ်ဆိုတာဟာ ကော်မရှင်ကိုခုတုံးလုပ် ပြည်သူကိုမျက်လှည့်ပြတဲ့လုပ်ရပ်တစ်ခုအနေနဲ့ ကျွန်တော်ကတော့ရှူ့မြင်ပါတယ်။ တစ်ကယ်လို့ ဒီအိမ်ထောင်စု ၅၅စုရဲ့ မူလနေရပ်ဟာ ရန်ကုန်ဖြစ်တယ်ဆိုတာကို လွှတ်တော်ကြီးရှေ့မှာ အထောက်အထားနဲ့လာရှင်းပြနိုင်တယ်ဆိုရင် ကျွန်တော်တို့က ဒါကို ကြည်ဖြူစွာနဲ့ လက်ခံလို့ရပါတယ်။ သူတို့ရဲ့ မူလနေရာဟာ ရန်ကုန်ဆိုတာကို သက်သေမပြနိုင်ဘူးဆိုရင်တော့ ကော်မရှင်အကြံပြုတာကတစ်ခြားအစိုးရလုပ်တာကတစ်ခြားဆိုတာဟာလွန်စွာမှသိသာထင်ရှားနေပါတယ်၊ခုလို ရခိုင်ပြည်နယ်က ကမန်မိသားစု ၅၅စုကို ရန်ကုန်ခေါ်လာမယ်ဆိုတဲ့ တချိန်ထဲမှာ ရန်ကုန်မှာကျတော့ တိုင်းရင်းသားကျူးကျော်တွေကို အင်အားထောင်ဂဏန်းသုံးပြီးတော့ ရှင်းလင်းရေးဆောင်ရွက်နေတာကိုလည်း ၀မ်းနည်းစွာ တွေ့မြင်နေရပါတယ်။ကော်မရှင်ကို စတင်ဖွဲ့စည်းစဉ်က အကြံပေးသက်သက်သာ ဖွဲ့စည်းခဲ့တာလို့ ပြောပေမယ့် အခုမှာတော့ ကော်မရှင် ရဲ့ အကြံပြုချက်မှာ မပါတာတောင်မှ ပါလေသယောင် အမိန့်တစ်ရပ်ပမာ သဘောထားပြီးတော့ အစိုးရက လိုက်နာလုပ်ဆောင်နေတာတွေဟာ ပြည်သူအများစုရဲ့ ဆန္ဒနဲ့ရော ကိုက်ညီ ပါရဲ့လားဆိုတာ သုံးသပ်ဖို့ လိုနေပါပြီ။တကယ်တော့ ရခိုင်မှာ ဖြစ်တဲ့ ကိစ္စ ကို ရခိုင်မှာပဲ ရှင်းလို့ရပါတယ်။ရခိုင်မှာနေရာတွေ အများကြီး ရှိပါတယ်။ရခိုင်ပြည်နယ်မှာ နေရာ တွေအများကြီး ရှိရဲ့နဲ့ ရန်ကုန်ကို ရွှေ့ပြောင်းဖို့ စီမံစိုင်းပြင်းနေတာကို ကျွန်တော်တို့ ဦးနှောက်ကတော့ လိုက်လို့ မမှီနိုင်ပါဘူး။
ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ကင်ဆာဆဲလ်ကို ရခိုင်မှာပဲ ကုတာ ကောင်းပါတယ်။ကင်ဆာဆဲလ်တွေကို ရန်ကုန်ပို့မယ်ဆိုရင်တော့ တစ်ပြည်လုံး ပြန့်သွားမှာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို ကျနော်တို့ငြိမ်ခံနေမယ်ဆိုရင် ဒါဟာ အစဉ်အလာဖြစ်သွားပြီးနောက်ထပ် ပြောင်းရွှေ့ဖို့အတွက် IDP စခန်းတွေမှာ ဘင်္ဂါလီ ၁၂၀၀၀၀ ဟာ တန်းစီ ပြီးတော့မှ အသင့်စောင့်ဆိုင်းနေပါတယ်။ဒါကြောင့် မို့လို့ ခုလို တရားဝင်ရော၊တရားမ၀င်ရော ၀င်နေတာတွေကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေမယ် ဆိုရင်တော့ ရန်ကုန်တစ်မြို့လုံး မကြာခင်မှာ သူတို့တွေချည်း ဖြစ်သွားမှာမလွဲဧကန်ပဲ ဖြစ်ပါတယ်။ဒီရက်ပိုင်းမှာ ခိုးဝင်ဘင်္ဂလီတွေ ကို ဖမ်းမိတဲ့
သတင်းတွေ ဆက်တိုက်ပါနေပါတယ်။ ထိုင်းဘက်ကနေ မြ၀တီကို ပြန်လာတဲ့အလုပ်သမားတွေထဲမှာ ဘင်္ဂလီတွေပါတယ်။ ရန်ကုန်မှာ ၂၃ယောက်မိတယ်။ လမ်းခရီးမှာ ၄၊၅ ယောက်ချင်းမိတယ်။ဧရာဝတီမှာ မိတယ်။
သတင်းတွေ ဆက်တိုက်ပါတယ်။ရန်ကုန်ကို ပြောင်းမယ့် ကမန်မိသားစုတွေကို တစ်အိမ်ထောင် ၅သိန်း ၊တစ်ယောက် ချင်းစီ ကို ၁သိန်းစီ ပေးတယ် လို့လည်း သတင်းတွေကြားသိနေရပါတယ်။အဲဒီ့လူတွေကို အစိုးရထောက်ပံ့ပေးမှုကလည်း
ပွင့်လင်း မြင်သာမှုရှိဖို့ လိုပြီးတော့မှ ဒီအိမ်ထောင်စု ၅၅စုရဲ့ ရေရှည် စားဝတ်နေရေးအတွက် ဘယ်လို အဖွဲ့အစည်းတွေက ထောက်ပံ့နေသလဲဆိုတာ လည်းမေးခွန်းထုတ်စရာ ဖြစ်နေပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောသည်။

အဆိုအပေါ် ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ထောက်ခံ ခဲ့သည်။

ဦးမောင်မြင့်က ”ဒီလိုသာ ဟိုလူပြောရင်ကောင်းနိုးနိုး ၊ဒီလူပြောရင် ကောင်းနိုးနိုး လိုက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံလိုဖြစ်သွားမှာ မလွှဲ ဧကန်ပါပဲလို့ ” အဆိုတင်စဉ် ထည့်သွင်းပြောကြားသွားသည်။

အဆိုနှင့် ပတ်သတ်ပြီး လက်ခံဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်တောင်းခံရန် အားလုံးက သဘောတူခဲ့သဖြင့် ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်တွင် ဆွေးနွေးသွားကြတော့မည်ဖြစ်သည်။

051/YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*