တံတားတွေဖျက်ဆီးခံရပြီးသွားလာရေးပြတ်တောက်နေတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းမှာ ပူတာအိုထိလမ်းပေါက်အောင် လာမယ့် ၂ပတ်အတွင်းဆောင်ရွက်ပြီးစီးဖို့ ရည်မှန်းကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနဆို

တံတားတွေဖျက်ဆီးခံရပြီးသွားလာရေးပြတ်တောက်နေတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းမှာ ပူတာအိုထိလမ်းပေါက်အောင် လာမယ့် ၂ပတ်အတွင်းဆောင်ရွက်ပြီးစီးဖို့ ရည်မှန်းကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနဆို
February 27, 2018 Fame Asian

4:45 pm
တံတားတွေဖျက်ဆီးခံရပြီးသွားလာရေးပြတ်တောက်နေတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းမှာ ပူတာအိုထိလမ်းပေါက်အောင် လာမယ့် ၂ပတ်အတွင်းဆောင်ရွက်ပြီးစီးဖို့ ရည်မှန်းကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနဆို

28168264_1706837469360211_2696372146352763204_n

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

တံတားတွေ မိုင်းခွဲဖျက်ဆီးခံထားရပြီးသွားလာရေးပြတ်တောက်နေတဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကို လာမယ့် ၂ ပတ်အတွင်း သွားလာလို့ရအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်း က ဒီကနေ့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မိုးကောင်း မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းနိုင် မေးမြန်းခဲ့တဲ့ ” မြစ်ကြီးနား- ရွှေဘို- မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းမြို့နယ်တွင်း လမ်းပိုင်းနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းပိုင်းတို့အား B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရှိမှု အခြေအနေကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း” ကို ပြန်လည်ဖြေကြားရာမှာ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“သွားရောက်ဆောင်ရွက်ရတဲ့ ၀န်ထမ်းတွေရဲ့ အပိုင်းမှာက ဘာလိုအပ်လာလဲဆိုတော့ လုံခြုံရေးပါ။ အခုဆိုလို့ရှိရင် ၂ ပတ်လောက်ကစပြီး သွားလို့ရပြီဆိုပြီး အကြောင်းကြားလာတယ်။ ကျွန်တော်တို့အဖွဲ့တွေအားလုံး လုံခြုံရေးနဲ့ သွားပါတယ်။ သွားတဲ့အချိန်မှာလည်း ပြန်ဆုတ်ဆိုရင် အတူတကွပြန်ဆုတ်ရတာတွေရှိပါတယ်။ အခုဆိုရင် အရေးအကြီးဆုံးဖြစ်တဲ့ မြစ်ကြီးနား ဆွမ်ပရာဘွမ် ပူတာအို လမ်းပိုင်း အရေးကြီးတဲ့အတွက် အခု ကျွန်တော်တို့အဖွဲ့တွေ ၀င်နေတဲ့အခါမှာ လွိုင်ကော်တပ် ခလရ ၂၅၀ က လာပေါင်းပြီးတော့ ခလရ ၂၅၀ နဲ့တွဲပြီးသွားပါတယ်။ အခက်အခဲက ဘာလဲဆိုတော့ မိုင်းတွေမြုပ်ထားတဲ့အခါကြတော့ ခရီးကမတွင်ပါဘူး။ အဲ့ဒီတော့ မိုင်းကိုအရင်ရှင်ြး့ပီးတော့ နောက်ကနေ ကပ်ပြီးလိုက်ဆိုတဲ့အခါကြတော့အ ခု Target ထားတာသည်လာမယ့် ၂ ပတ်အတွင်းမှာ ဆွမ်ပရာဘွမ်၊ ပူတာအိုထိပေါက်အောင်လုပ်မယ် ” လို့ ဦးကျော်လင်း ကပြောပါတယ်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်ကြားက တံတားတစ်စင်း၊ ဆွမ်ပရာဘွမ် – ပူတာအိုကြားက တံတားတစ်စင်း တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာပဲဖျက်ဆီးခံခဲ့ရပါတယ်။

အဆိုပါဖြစ်စဉ်အပြီး လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်သွားလို့ ပူတာအို မှာ ဓာတ်ဆီ တစ်ဂါလံ ၂၀၀၀၀ ကျပ်ထိ ဈေးတက်သွားပြီး ကုန်ဈေးနှုန်းတွေအားလုံး ၃ ဆကျော်ဈေးတက်ကုန်ပါတယ်။ အခုလက်ရှိ လေယာဉ်လမ်းကြောင်းကိုသာအားကိုးနေကြတယ်လို့ ပူတာအို ဒေသခံတွေထံကနေသိရပါတယ်။

ဒါ့အပြင် ဒီကနေ့ လွှတ်တော်မှာ ကိုယ်စားလှယ် ဦးဝင်းနိုင်မေးမြန်းခဲ့တဲ့ ရွှေဘို မြစ်ကြီးနားလမ်းပိုင်းပေါ် က တံတား ၁၂ စင်းချဉ်းကပ်လမ်းပြင်ဆင်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်ကစပြီး ရန်ပုံငွေတင်ပြတောင်းခံသွားမှာဖြစ်ကြောင်း ၊ ရွှေဘို- မြစ်ကြီးနား လမ်းပိုင်းကို BOT စနစ်ပေးဖို့ ရှိကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီးက ထပ်လောင်းဆိုပါတယ်။

မိုးကောင်း-ကာမိုင်း- ဖားကန့်လမ်းပိုင်း နဲ့ပတ်သတ်လို့ဆောက်လုပ်ရေးဒုဝန်ကြီး က ပြီးခဲ့တဲ့ ၅နှစ်တာကာလမှာ ပြည်နယ်အစိုးရအဖွဲ့ထောက်ခံချက်နဲ့ ကုမ္ပဏီတစ်ခုကို BOT လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ၊ ဒါပေမဲ့ အဆိုပါကုမ္ပဏီဟာ မငြိမ်းချမ်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ငန်းတွေ မလုပ်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်နောက်ပိုင်းမှာ ကချင်ပြည်နယ်အစိုးရအသစ်နဲ့ ညှိနှိုင်းပြီးကုမ္ပဏီထံကနေပြန်လည်သိမ်းယူကြောင်း ၊ အခုဆိုရင်ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောပါတယ်။

ထပ်မံပြီး လ၀ါး-ပန်ဆောင် လမ်းပိုင်း နဲ့ပတ်သတ်လို့ ဆောက်လုပ်ရေးဒုဝန်ကြီးက တာဝန်ယူထားတဲ့မြောက်ပိုင်းတော်ဝင်ကျောက်စိမ်းကုမ္ပဏီအနေနဲ့ မငြိမ်းချမ်းမှုကိုအကြောင်းပြပြီး ၀င်ရောက်စွက်ဖက်ခြင်းမရှိတဲ့အတွက် ကုမ္ပဏီထံကနေပြန်လည်သိမ်းယူပြီးဖြစ်ကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ဝန်ထမ်းတွေနဲ့ ၀င်ရောက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

မိုးကောင်း- ကာမိုင်း- ဖားကန့်လမ်းပိုင်းအတွက်ကတော့ ရန်ပုံငွေရတာနဲ့ကတ္တရာလမ်းအဖြစ်မြင့်တင်သွားမှာဖြစ်ကြောင်း ၊ လုံခြုံရေးအတွက် အထောက်အကူပြုတပ်ဖွဲ့လည်းရပြီဖြစ်ကြောင်း ၎င်းကထပ်လောင်းဆိုခဲ့ပါတယ်။

လမ်းပြင်ဆင်မှုအတွက်ကတော့ အဓိကက ဒေသငြိမ်းချမ်းရေးဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*