ငွေကျပ် ဘီလီယံ ၂၀ အသုံးပြု၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုး ကာရံခြင်းလုပ်ငန်းများဆက်လက်လုပ်ကိုင်မည်

ငွေကျပ် ဘီလီယံ ၂၀ အသုံးပြု၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုး ကာရံခြင်းလုပ်ငန်းများဆက်လက်လုပ်ကိုင်မည်
February 23, 2018 Fame Asian

2:34 pm
ငွေကျပ် ဘီလီယံ ၂၀ အသုံးပြု၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုး ကာရံခြင်းလုပ်ငန်းများဆက်လက်လုပ်ကိုင်မည်

img11

နေပြည်တော်၊ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စု၏ အရေးပေါ်ရန်ပုံငွေ ထဲမှ ငွေကျပ် ဘီလီယံ ၂၀ကိုအသုံးပြု၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုး ကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို လုပ်ဆောင် မည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထောင်စုလွှတ်တော်သို့ ယမန်နေ့က တင်ပြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၃/၂၀၁၈ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းပြပြီး၊လုပ်ငန်းများကို ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်း လုပ်ဆောင်စေမည်ဟု ပြည်ထဲရေးဒုတိယ၀န်ကြီးက ပြောသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်းမြေခြင်းထိစပ်နေသည့် အရှည်မိုင်မှာ ၁၈၂ဒသမ၆၈မိုင် ရှိပြီး၊ နယ်စပ် စည်းရိုးကာ ရံခြင်းကို စတင်ခဲ့သည့် ၂၀၀၉ခုနှစ် မတ်လ ၁၃ရက်နေ့မှ ၂၀၁၅ မတ်လ ၃၀ရက်နေ့အထိ ၁၂၆ဒသမ ၆၈ မိုင်ကို နယ်စပ်စည်းရိုးကာခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် နေရာများကို ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဒုတိယ၀န်ကြီးက လွှတ်တော်ကို အသိပေးတင်ပြခဲ့သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*