ဒိုင်ဝန်ကွင်းဈေးကို စည်ပင်ဘတ်ဂျက် ကျပ် သန်း ၁၅၀၀ကျော် အသုံးပြုပြီး အဆင့်မြှင့်မည်

ဒိုင်ဝန်ကွင်းဈေးကို စည်ပင်ဘတ်ဂျက် ကျပ် သန်း ၁၅၀၀ကျော် အသုံးပြုပြီး အဆင့်မြှင့်မည်
February 23, 2018 AsianFame MediaGroup

2:28 pm
ဒိုင်ဝန်ကွင်းဈေးကို စည်ပင်ဘတ်ဂျက် ကျပ် သန်း ၁၅၀၀ကျော် အသုံးပြုပြီး အဆင့်မြှင့်မည်

28058816_1702441399799818_3523061398159850245_n

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဓိက ဈေးတစ်ခုဖြစ်သည့် ဒိုင်ဝန်ကွင်းဈေးကို ဖြိုဖျက်ပြီးနောက် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်ငွေ ကျပ် သန်း ၁၅၀၀ ၀န်းကျင် အသုံးပြုကာ သုံးထပ်ဆောင်ဆောက်လုပ်လျက်ရှိကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါဈေးကို ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်အတွင်း အပြီးသတ်ဆောက်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဆောက်လုပ်ဖို့အတွက် လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမြင့်အောင်က ပြောသည်။

“ဈေးကို သုံးထပ်ဆောင် ဆောက်လုပ်မှာပါ။အောက်ဆုံးအထပ်ကိုတော့ ဈေးသည်တွေကို နေရာချထားပေးမယ်။ ကျန်တဲ့အပေါ်က နှစ်ထပ်အတွက် တခြားအစီအမံလေးတစ်ခုလုပ်ဖို့ရှိပါတယ်။ ဈေးဆိုတော့ ခြံဝင်းကို သေချာခတ်ပြီးတော့လုပ်ရမှာပေါ့။အခုလုပ်ငန်းတွေစပြီးဆောက်ဖို့လုပ်နေပြီ။ဘတ်ဂျက်ကတော့ ကျပ်သန်း ၁၅၀၀ ဝန်းကျင်ဆိုတော့ သိန်းပေါင်း တစ်သောင်းခွဲလောက် ခန့်မှန်းထားပါတယ်” ဟု၎င်းက ပြောကြားသည်။

ဈေးဖျက်ထားရသည့်အတွက် ဈေးသည်များကို ရထားချဉ်းကပ်လမ်းကဲ့သို့ အနီးပတ်ဝန်းကျင်နေရာများတွင် ပြန်လည်နေရာချထားရပြီး အနည်းဆုံး သုံးလမှ လေးလအထိ ယာယီပြောင်းရွှေ့ထားရမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အတွက်ဈေးအပြောင်းအရွှေ့စီမံချက်က အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“ဈေးအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေရှိတယ်။ မြေနေရာအခက်ခဲတွေရှိတော့ အကောင်အထည်ဖော်ရတဲ့အပိုင်းမှာ ပြသနာရှိတယ်။သံလွင်ဈေးတို့၊ ဒိုင်ဝန်ကွင်းဈေးတို့က အဓိက စိန်ခေါ်မှုပဲ” ဟု ၄င်းက ပြောသည်။

ယခုဆောက်လုပ်နေသည့် ဒိုက်ဝန်ကွင်းဈေးသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေသည့်အတွက် အန္တရာယ်ရှိသည့်အဆောက်အအုံတစ်ခုလည်းဖြစ်သည်။

လက်ရှိပြောင်းရွှေ့နေရသည့် ယာယီဈေးခန်းများရှိ ဈေးသည်များအနေဖြင့် ယခင်ထက် ရောင်းအားကျဆင်းနေပြီး ဈေးအတွင်း စားဝတ်နေရေးအခက်တွေ့နေကြောင်း၊ယင်လုံအိမ်သာမရှိခြင်းနှင့် ပစ္စည်းများထားရန် လုံခြုံစိတ်ချမှုမရှိခြင်းတို့ကြောင့် အာစီသုံးထပ်ဆောင် ဈေးကို အမြန်ဆုံးဆောက်လုပ်ပေးပါရန် တောင်းဆိုနေကြသည်။

CL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*