ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်လို့ အရေးယူရတဲ့အမှုအရေအတွက် တဖြည်းဖြည်းလျှော့ကျလာနေ

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်လို့ အရေးယူရတဲ့အမှုအရေအတွက် တဖြည်းဖြည်းလျှော့ကျလာနေ
February 19, 2018 Fame Asian

2:51 pm
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်လို့ အရေးယူရတဲ့အမှုအရေအတွက် တဖြည်းဖြည်းလျှော့ကျလာနေ

28166831_1722594607802814_1622346497229526156_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၊ ၁၉

NLD အစိုးရတက်လာပြီးနောက်ပိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖျောက်ဖျက်လို့ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုခဲ့တဲ့ အမှုတွေကို ၂၀၁၅ ခုနှစ် ကနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ထက်ဝက်ကျော်နီးပါးလောက်လျော့ကျလာနေတာကို တွေ့နေရတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ထုတ်ပြန်ထားတဲ့ စာရင်းတွေကိုကိုးကားပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူများကို စစ်ဆေးစီရင်ရန်အတွက် ရန်ကုန်၊ မန္တလေးမြို့ နဲ့ နေပြည်တော်တို့ မှာ မော်တော်ယာဉ်တရားရုံးတွေကိုသီးခြားဖွင့်လှစ်ထားရာမှာ အဲဒီ့တရားရုံးတွေကနေ ၂၀၁၇ခုနှစ်တစ်နှစ်လုံး စစ်ဆေးဆုံးဖြတ်ခဲ့တဲ့အမှုအရေအတွက်က ၁သိန်းလေးသောင်းကျော် (၁၄၆၂၉၆)  ရှိတယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပြောပါတယ်။

၂၀၁၆ခုနှစ်တုန်းကတော့ အဲဒီ့တရားရုံးတွေက အမှုပေါင်း ၁သိန်း၃သောင်းကျော်(၁၃၄၄၄၇) ကို စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့ရပြီး၊၂၀၁၅ခုနှစ်မှာတော့ အမှုပေါင်း ၃သိန်းကျော် (၃၀၈,၈၇၃) ကို ဆုံးဖြတ်ခဲ့ရပါတယ်။

ဒီစာရင်းတွေကိုအခြေပြုပြီး ၂၀၁၇ခုနှစ်မှာ စီရင် ဆုံးဖြတ်ခဲ့တဲ့ အမှုကို ၂၀၁၅ခုနှစ် နဲ့ နှိုင်းယှဉ် မယ်ဆိုရင် ထက်ဝက်ကျော် လျှော့နည်းသွားတာကိုတွေ့ရမှာပါ။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက အများပြည်သူတွေကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှုရှိစေဖို့ ပညာပေးမှုတွေ၊အသိပညာလိုက်လံဖြန့်ဝေမှုတွေ ဆက်တိုက်လုပ်နေတာကြောင့်အမှုတွေ လျှော့လာတာဖြစ်မယ်လို့ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက သုံးသပ်ပါတယ်။

အမှုတွေ နည်းလာပေမယ့်လို့ ယာဉ်တိုက်မှုကြာင့် ဖြစ်တဲ့ လူသေမှုတွေကတော့ နှစ်စဉ် တိုးလာနေတာကို မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ ကနေ ရရှိတဲ့ အချက်အလက်တွေအရ တွေ့နေရပါတယ်။

၂၀၁၃ခုနှစ် က ယာဉ်တိုက်မှု ၁၃၉၁၂မှု၊သေဆုံးသူ ၃၇၂၁ ဦး၊ဒဏ်ရာရသူ၂၃၃၇၈ ဦး ရှိခဲ့သော်လည်း ၊၂၀၁၇ခုနှစ်မှာတော့ ယာဉ်တိုက်မှု ၁၈၁၇၁ မှုဖြစ်ပွားခဲ့ပြီး ၅၂၅၀ ဦးသေဆုံးကာ၂၉၁၄၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

Af-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*