”မူးယစ်ဆေးသုံးရုံသက်သက် နှင့်ထောင်မကျတော့၊ဆေးသုံးသူများကို ထောင်ဒဏ်ချမှတ်သည့် ဥပဒေပုဒ်မအား လွှတ်တော်ပယ်ဖျက်”

”မူးယစ်ဆေးသုံးရုံသက်သက် နှင့်ထောင်မကျတော့၊ဆေးသုံးသူများကို ထောင်ဒဏ်ချမှတ်သည့် ဥပဒေပုဒ်မအား လွှတ်တော်ပယ်ဖျက်”
February 16, 2018 Fame Asian

1:43 pm
”မူးယစ်ဆေးသုံးရုံသက်သက် နှင့်ထောင်မကျတော့၊ဆေးသုံးသူများကို ထောင်ဒဏ်ချမှတ်သည့် ဥပဒေပုဒ်မအား လွှတ်တော်ပယ်ဖျက်”

27752208_1719112038151071_8544021372025895252_n

နေပြည်တော်၊ဖေဖော်ဝါရီ ၁၆

မူးယစ်ဆေးသုံးစွဲသူများကို ထောင်ဒဏ်ချမှတ်သည့် မူးယစ်ဥပဒေပုဒ်မ ၁၅အား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပယ်ဖျက်လိုက်ပြီဖြစ်သည်။

နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သော မူလမူးယစ်ဥပဒေအား ပြင်ဆင်သည့် ဥပဒေထဲတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အခန်း(၈)၊ပြစ်မှုနှင့်ပြစ်ဒဏ်များ အခန်းတွင်ပါရှိသော မူလဥပဒေပုဒ်မ၁၅ ကို ပယ်ဖျက်ရမည်ဟု ပါရှိသဖြင့် မူးယစ်ဆေးသုံးစွဲသူတို့သည် အနည်းဆုံး၃နှစ်မှ ၅နှစ်အထိ ထောင်ဒဏ် အစား လူမှုရေးပြစ်ဒဏ် သာ ချမှတ်ခံရတော့မည် ဖြစ်သည်။

သို့သော် လက်ဝယ်ထားရှိမှု ပမာဏအပါအ၀င် ရောင်းဝယ်၊ဖောက်ကား၊သယ်ယူပို့ဆောင်၊ဖြန့်ဖြူးရောင်းချမှုအပေါ်ချမှတ်မည့် ပြစ်မှု၊ပြစ်ဒဏ် တို့ကိုမူ ကြီးမားသည့် အပြောင်းအလဲမလုပ်ခဲ့ပေ။

27972061_1719112441484364_1223955179223936438_n

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးဇော်လင်းထွန်းက ”ပြင်ဆင်လိုက်တဲ့ ဥပဒေအရ မူးယစ်ဆေးသုံးရုံသက်သက် နဲ့ ထောင်မကျတော့ဘူး”ဟု Popular News ကို ပြောသည်။

NLD စိုးမိုးသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်က ဆေးသုံးသူကို ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သစ်ပင်ပန်းမန်စိုက်ခြင်း၊သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊လမ်းတံတားပြုပြင်ခြင်း၊လူမှုရေးအဖွဲ့များနှင့်ပူးပေါင်း၍အကျိုးပြုလုပ်ငန်းလုပ်ငန်းများဆောင်ရွက်စေခြင်း၊ တို့ကို တစ်ရက် ၂နာရီဖြင့်အနည်းဆုံးနာ၇ီ ၂၄၀မှ အများဆုံးနာရီ ၃၆၀ အထိကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ကိုင်ဆောင်ရွက်ရမည်ဟု ဥပဒေပြဌာန်းပေးခဲ့သည်။

ယင်းအပြင် လူမှုရေးပြစ်ဒဏ်ချမှတ်ခံရသူကိုလည်း နှိမ်ချ၊ခွဲခြားဆက်ဆံသည့် ပုံစံမျိုးမသက်ရောက်သည့် တူညီဝတ်စုံကိုဝတ်ဆင်စေပြီးမှလူမှုရေးလုပ်ငန်းများလုပ်ဆောင်စေခိုင်းထားသည်။

ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းပေးလိုက်သည့် ဥပဒေအပေါ် မူးယစ်ဆေးဝါးသူများသုံးစွဲသူများကွန်ရက် ဥက္ကဌ ဦးကျော်သူ က ”ခုလိုပြဌာန်းလိုက်တဲ့အတွက် မူးယစ်ဆေးသုံးသူတွေ တော်တော်လေးသက်သာ သွားတယ်၊အသက်ရှုချောင်သွားတယ်။ကျန်တဲ့အချက်တွေကတော့ သိပ်မပြောင်းလဲဘူး။အရင်အတိုင်းပါပဲ”ဟု မှတ်ချက်ပြုသည်။

ဆေးသုံးသူတို့ကို ပြစ်ဒဏ်မချဘဲ လူမှုရေးပြစ်ဒဏ်သာ ချမှတ်တော့မည့်အပေါ် အချို့ကလည်း ဝေဖန်နေကြသည်။

ဝေဖန်ချက်များအပေါ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးဇော်လင်းထွန်းက ဆေးသုံးသူများကို ထောင်အကျဉ်းချထားရုံမျှဖြင့် ဆေးပြတ်သွားမည် မဟုတ်ဘဲ၊ဆေးဖြတ်စခန်းများတွင် ဆေးဖြတ်စေခြင်း၊လူမှု့အသိုင်းအ၀ိုင်းကြားထဲ တိုးဝင်စေခြင်းကသာ ဆေးတကယ်ပြတ်စေသည့် နည်းလမ်းအစစ်အမှန်များဖြစ်သည်ဟု ဝေဖန်ချက်များနှင့် ပါတ်သတ်၍ ရှင်းပြသည်။

”ရေတိုကြည့်ရင်တော့ ဝေဖန်မှုတွေလုပ်နိုင်ပါတယ်။လုပ်လို့ရပါတယ်။ရေရှည် ကြည့်ရင်တော့ ဒီနည်းလမ်းက အသုံးတည့်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာသည် အာဖဂန်နစ္စတန် နိုင်ငံပြီးလျှင် မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ကာ၊မူးယစ်မှုဖြင့် ဖမ်းဆီးထောင်ကျခံနေကြရသည့် အရေအတွက်မှာ နှစ်စဉ် ထောင်ချီရှိနေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*