လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံမြေပုံ ကမ္ဘာ့စံချိန်သစ် တင်

လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံမြေပုံ ကမ္ဘာ့စံချိန်သစ် တင်
February 14, 2018 Fame Asian

5:20 pm
လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံမြေပုံ ကမ္ဘာ့စံချိန်သစ် တင်

27973519_1693279184049373_3461242914104712401_n

မကွေး၊ ဖေဖေါ်ဝါရီ ၁၄

လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံမြေပုံကို ပုံဖော်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ရေး ကြိုးပမ်းမှုကို ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့အစည်းက အတည်ပြု ပေးလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းကြိုးပမ်းမှုတွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသူ/သားပေါင်း ၃၄၀၀ ကျော်သည်လည်း ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်သူများ ဖြစ်လာခဲ့ပြီဖြစ်သည်။

28058552_1693279204049371_2255418791522982446_n

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တယ်လီနောမြန်မာက ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၂ရက်နေ့ မကွေးမြို့ ခရိုင်အားကစားကွင်း၌ ပြုလုပ်ခဲ့သော ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးကြိုးပမ်းမှုတွင် တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသူကျောင်းသားများ၊ ဌာနေပြည်သူ/သားများနှင့် တယ်လီနောဝန်ထမ်းများ စုစုပေါင်း ၃၄၆၆ ဦး က စတုရန်းပေ ၂၄,၈၀၄ အကျယ်အ၀န်းရှိ မြန်မာ နိုင်ငံမြေပုံကြီးကို စုပေါင်းပုံဖော်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကြိုးပမ်းမှုအခမ်းအနားကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တယ်လီနောမှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး စံချိန်ချိးရန် ကြိုးပမ်းမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနေပြည်သူ/သားများနှင့်အတူ ဆက်လက် အားပေးခဲ့သည်။

27750164_1693282504049041_6471749877289306342_n

ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့အစည်း၏ အတည်ပြုချက်အရ ၂၀၁၆ ခုနှစ်က ယူကေနိုင်ငံတွင် Belron International က ဦးဆောင်ကာ လူပေါင်း ၈၁၁ ယောက်ဖြင့် အာဖရိကတိုက်ပုံဖော်ခဲ့သည့်စံချိန်ကိုချိုးရန် မြန်မာနိုင်ငံက ကြိုးပမ်းရာတွင် အတိ အကျလိုက်နာရန်လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီး တရားဝင် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်ပူးပေါင်းလျက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ သမိုင်းစာမျက်နှာသစ်တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ လူပေါင်းများစွာဖြင့် ကမ္ဘာ့အကြီးဆုံး မြေပုံ ပုံဖော်ကာ ကမ္ဘာ့စံချိန်သစ်တစ်ခုတင်နိုင်ရန် တယ်လီနောက ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီနေ့မှာ ပြည်သူလူထုရဲ့ တစ်ခဲနက်ပါဝင်မှုနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒီကြိုးပမ်းမှုကို ဦးဆောင်ခွင့်ရခဲ့တဲ့အတွက် တယ်လီနောမြန်မာအနေနဲ့ တကယ်ကို ၀မ်းမြောက်ဂုဏ်ယူပါတယ်။ ဒီလို စံချိန်သစ်တင်နိုင်ခဲ့ ကြိုးပမ်းမှုက ပြည်ထောင်စုနေ့ကို အထူးဂုဏ်ပြုတဲ့ပွဲလည်း ဖြစ်သလို ပြည်သူအများရဲ့ စည်းလုံးညီညွတ်မှုကိုပြသနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ လူငယ်တွေ အများစုပါဝင်တဲ့ လူပေါင်း ထောင်နဲ့ချီပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ မြေပုံကြီးကို အတူ တကွ လက်တွဲလို့ပုံဖော်ကြတာကို မြင်ရတဲ့အချိန်က တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒေသဆိုင်ရာစီးပွားရေးတာဝန်ခံ ဦးရေချမ်းက ပြောသည်။

အဆိုပါ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်သည် မြန်မာနိုင်ငံအတွက် လူအများစု၏ပါဝင်မှုဖြင့် ကြိုးပမ်းခဲ့သော ပထမဆုံးစံချိန်လည်း ဖြစ်သည်။ ယခင်က ရယူခဲ့ဖူးသည့် ကမ္ဘာ့စံချိန်များမှာ တစ်သီးပုဂ္ဂလနှင့်သာ သက်ဆိုင်သော စံချိန်များဖြစ်ပြီး အထင်ရှားဆုံး မှာ မှတ်ဉာဏ်အအကောင်းဆုံးလူပုဂ္ဂိုလ်ဖြစ် ၁၉၈၅ ခုနှစ်က စံချိန်တင်ခဲ့သော မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရ ဖြစ်သည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*