ကလေးသူငယ် တရားရုံးများ အမှုစစ်ဆေးစီရင်ရမှု နှစ်အလိုက်မြင့်တက်နေ

ကလေးသူငယ် တရားရုံးများ အမှုစစ်ဆေးစီရင်ရမှု နှစ်အလိုက်မြင့်တက်နေ
February 9, 2018 AsianFame MediaGroup

5:53 pm
ကလေးသူငယ် တရားရုံးများ အမှုစစ်ဆေးစီရင်ရမှု နှစ်အလိုက်မြင့်တက်နေ

27752401_1711758335553108_9149976688504934727_n

နေပြည်တော်၊ဖေဖော်ဝါရီ ၁၀

ကလေးသူငယ် တရားရုံးများတွင် ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၃နှစ်အတွင်း ၁၀၀၀ကျော် ရှိနေသည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ ပြောကြားချက်အရ သိရသည်။

ကလေးသူငယ်တရားရုံး(ရန်ကုန်တိုင်းဒေသကြီး)ရန်ကုန်စည်ပင်သာယာရေးနယ်နိမိတ် မြို့နယ် ၂၀တွင် ဖြစ်ပွားသော ကလေးသူငယ်မှုခင်းများကို စစ်ဆေးစီရင်နိုင်ရန် သီးခြားတည်ထောင်ထားသည့် တရားရုံးတစ်ခုဖြစ်သလို၊ကလေးသူငယ်တရားရုံး(မန္တလေးတိုင်းဒေသကြီး)သည်လည်း မန္တလေးစည်ပင်သာယာရေးနယ်နိမိတ် မြို့နယ် ၅ မြို့နယ်တွင် ဖြစ်ပွားသော ကလေးသူငယ်မှုခင်းများကို စစ်ဆေးစီရင်နိုင်ရန် သီးခြားတည်ထောင်ထားသည့် တရားရုံးတစ်ခုဖြစ်သည်။

ယင်းအပြင် ကျန်မြို့နယ်များအတွက် သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် ကလေးသူငယ်တရားရုံးကိုပါ ပူးတွဲ ဖွင့်လှစ်ထားရာ အထက်ပါ အမှု ၁၀၀၀ကျော်သည် အဆိုပါကလေးသူငယ်တရားရုံးများထံသို့ ရောက်ရှိလာသောအမှုများဖြစ်သည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ ဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့် မန္တလေး) တို့တွင် ၂၀၁၇ ခုနှစ်အတွင်း ကလေးသူငယ် ဥပဒေအရ စွဲဆို တင်ပို့သည့် အမှုပေါင်း (၄၅၀) မှု လက်ခံရရှိပြီး (၄၀၉) မှု စစ်ဆေး ပြီးပြတ်ကြောင်း ပြောသည်။

ကလေးသူငယ်ဆိုင်ရာအမှုများကို လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ”ဘာလို့များလဲဆိုတော့ လမ်းပေါ်ကလေးတွေ တိုးလာတယ်။နောက်ပြီး မူးယစ်ဆေးပေါ့။အဆုံးသတ်ကတော့ ဆင်းရဲမွဲတေမှု နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ”ဟု
သူ့အမြင်ကိုပြောသည်။

အထက်ပါအမှုများထဲတွင် မူး.စ်ဆေးဝါးမှု၊ ခိုးမှု၊လုယက်မှုတို့အပြင် လူသတ်မှု အစရှိသည့် ရာဇ၀တ်မှုများပါ ပါရှိသည်ဟု သိရသည်။

၂၀၁၇အတွင်း ကလေးသူငယ်တရားရုံးများမှ စစ်ဆေးစီရင်ခဲ့သော အမှုအရေအတွက်သည် ၂၀၁၅ခုနှစ်၊၂၀၁၆ခုနှစ်က ထုတ်ပြန်ထားသော ကလေးသူငယ်ဆိုင်ရာအမှုများထက် များနေသည်ကိုတွေ့ရသည်။

၂၀၁၅ခုနှစ်က ကလေးသူငယ်အမှု ၃၉၆မှု၊၂၀၁၆ခုနှစ်တွင် ကလေးသူငယ်အမှု ၃၀၇မှုတို့ကို ကလေးသူငယ် တရားရုံးများက စစ်ဆေးစီရင်ခဲ့သည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ သိရသည်။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*