ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ဓါတ်ဆီပုလင်းပစ်တဲ့သူကို မကျေနပ်ဟုဆိုကာ တောင်တွင်းကြီးမှတက်ကြွလှုပ်ရှားသူတစ်ဦးက”အရူးကမ်ပိန်း”ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ဓါတ်ဆီပုလင်းပစ်တဲ့သူကို မကျေနပ်ဟုဆိုကာ တောင်တွင်းကြီးမှတက်ကြွလှုပ်ရှားသူတစ်ဦးက”အရူးကမ်ပိန်း”ပြုလုပ်
February 6, 2018 Fame Asian

4:55 pm
ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ဓါတ်ဆီပုလင်းပစ်တဲ့သူကို မကျေနပ်ဟုဆိုကာ တောင်တွင်းကြီးမှတက်ကြွလှုပ်ရှားသူတစ်ဦးက”အရူးကမ်ပိန်း”ပြုလုပ်

27657141_1685516404825651_6331664020542291661_n (1)

တောင်တွင်းကြီး ၊ ဖေဖော်ဝါရီ ၆

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်ရှိနေအိမ်ခြံဝင်းထဲ ဓာတ်ဆီပုလင်းမီးရှို့ပစ်သူကို မကျေနပ်ဟုဆိုပြီး တောင်တွင်းကြီးမှာနေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ ကိုပြည်မိုး ဆိုသူက “အရူးကမ်ပိန်း” ဆိုတဲ့ ပါဖောမန့် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ကိုပြည်မိုးဟာ အချိုရေဘူးခွံတွေလည်ပင်းမှာဆွဲ ၊ ဆာလာအိတ်ကိုလွယ် ၊ ကြိုးတယ်လီဖုန်းတစ်လုံးကိုင် ၊ တစ်ယောက်တည်းစကားတွေပြော စတဲ့ပုံစံတွေနဲ့ တောင်တွင်းကြီးမြို့အထဲမှာလှည့်လည် သရုပ်ပြပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

27658116_1685516408158984_1297209331659140942_n

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ပါဖောမန့်ပြုလုပ်သူ ကိုပြည်မိုးက “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့အိမ်ကို မီးရှို့တဲ့သူ ၊ အဲဒီကောင်ကိုမကျေနပ်လို့ဗျာ။ ပြီးတော့ အဲဒီကောင်ကို အရူးလက်မှတ်ထုတ်ပေးတဲ့ ဆရာဝန်တွေ / ဆရာမတွေကိုမကျေနပ်လို့ ။ အရူးဆိုတာ ခိုင်းတိုင်းမလုပ်ဘူးဗျ။ မနေ့က ကျွန်တော်က ရူးချင်ယောင်မဆောင်ပါ။ အရူးလက်မှတ်လည်းမလိုချင်ပါ။ အရူးပုံစံကိုလုပ်ပြတာ။ ဒါမဖြစ်သင့်တဲ့ကိစ္စဗျာ။ ဒါအကြီးကြီးဗျ။ သေးသေးကွေးကွေးကိစ္စမဟုတ်ဘူး။ သူတို့ပေါ့ပေါ့လေးတွက်နေတာ။ ဒါမျိုးမလုပ်သင့်ဘူး။ လုပ်လည်းမလုပ်အပ်ဘူး။ အဲ့ဒီအပေါ်မကျေနပ်လို့ ကျွန်တော်လုပ်လိုက်ရခြင်းဖြစ်ပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

27540548_1685516394825652_8968502324059773047_n

အရူးကမ်ပိန်းပြုလုပ်သူ ကိုပြည်မိုးကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ ပါဖောမန့်နဲ့ပတ်သတ်လို့ ရူးနေတာမဟုတ်ကြောင်း ၊ ရူးနေတဲ့သူတစ်ယောက်ရဲ့ ဇရိုက်လက္ခဏာကိုပြုလုပ်ပြတာဖြစ်ကြောင်းဆိုပါတယ်။

ကိုပြည်မိုး အရူးကမ်ပိန်းပြုလုပ်တာကို စတင်တွေ့ရှိကြတဲ့ တောင်တွင်းကြီးမြို့ ဒေသခံတွေကတော့ စစချင်းမှာ ကိုပြည့်မိုးတစ်ကယ်ရူးသွားတယ်ထင်ပြီးဘာကြောင့် ရူးသွားလဲ ဆိုတာကို အသီးသီးအိမ်နီးနားချင်းတွေကိုမေးမြန်းကြတယ်လို့ သိရပါတယ်။

ဒီလိုမေးမြန်းရာမှာတော့ ကိုပြည်မိုးက “အရူးလက်မှတ်လိုချင်လို့” ဆိုပြီးပြောကြောင်း တောင်တွင်းကြီးဒေသခံတစ်ဦးကဆိုပါတယ်။

ကိုပြည်မိုးဟာဆိုရင် တောင်တွင်းကြီးဒေသခံတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ကာလတွေကလည်း ဆန္ဒုထုတ်ဖော်မှု တွေကြောင့်လည်း တရားစွဲဆိုခံရမှုတွေရှိခဲ့ဖူုးပါတယ်။

YL
Photo Credit – Myat UPaing (Aung KyawKyaw Facebook)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*