ကျောက်တံတားမြို့ နယ်ကို ဆေးလိပ်ကင်းစင်မြို့ နယ်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရပြောပေမယ့် ဆေးလိပ်ရောင်းချတဲ့ဆိုင်များ နေရာအနှံ့ တွေ့  နေရဆဲ

ကျောက်တံတားမြို့ နယ်ကို ဆေးလိပ်ကင်းစင်မြို့ နယ်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရပြောပေမယ့် ဆေးလိပ်ရောင်းချတဲ့ဆိုင်များ နေရာအနှံ့ တွေ့  နေရဆဲ
February 5, 2018 Fame Asian

4:21 pm
ကျောက်တံတားမြို့ နယ်ကို ဆေးလိပ်ကင်းစင်မြို့ နယ်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရပြောပေမယ့် ဆေးလိပ်ရောင်းချတဲ့ဆိုင်များ နေရာအနှံ့ တွေ့  နေရဆဲ

27540045_1707655959296679_151986712925398873_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅

ကျောက်တံတားမြို့ နယ်ကို ဆေးလိပ်ကင်းစင်တဲ့ မြို့ နယ်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းအစိုးရကပံ့ပိုးပေးခဲ့တယ်လို့ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မနေ့ က ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ ကင်ဆာရောဂါအထိမ်းအမှတ်နေ့ လူထုအခမ်းအနားမှာ ပြောဆိုခဲ့ပေမယ့်ကျောက်တံတားမြို့ နယ်မှာ ဆေးလိပ်ရောင်းချနေတဲ့ လမ်းဘေးဆိုင်အပါအ၀င်ဈေးဆိုင်များကို နေရာအနှံ့  တွေ့ နေရသေးပြီး မြို့ နယ်လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆောင်ရွက်ခဲ့သလားဆိုတာ သူတို့ အနေနဲ့ မသိဘူးလို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မနေ့ က ရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံဝင်းအတွင်းမှာ ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ လူထုအခမ်းအနားအခမ်းအနားပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ တွင်းမြို့ နယ်ထဲပါဝင်တဲ့ မြို့ နယ်များကို ဆေးလိပ်ကင်းစင်တဲ့မြို့ နယ်များအဖြစ် ဆောင်ရွက်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ကျောက်တံတားမြို့ နယ်ကိုတော့ ဆေးလိပ်ကင်းစင်တဲ့မြို့ နယ်အဖြစ်ဆောင်ရွက်နိုင်ဖို့ တိုင်းအစိုးရက ပံ့ပိုးခဲ့တယ်လို့ သူက အဲဒီအခမ်းအနားမှာပြောခဲ့ပါတယ်။ ဒါပေမယ့် ကျောက်တံတားမြို့ နယ်ထဲမှာ ဆေးလိပ်ရောင်းချနေတဲ့ ဆိုင်တွေ၊ လမ်းဘေးကွမ်းယာဆိုင်အများအပြားနဲ့ ပန်းခြံများအတွင်းမှာပါ ဆေးလိပ်သောက်သုံးနေသူများကို လက်ရှိအချိန်အထိတွေ့ မြင်နေရဆဲဖြစ်ပါတယ်။

ကျောက်တံတားမြို့ နယ်မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက ” အရင်ကတော့ ကျောက်တံတားမြို့ နယ်ကို ဆေးလိပ်ကင်းစင်တဲ့ မြို့ အဖြစ်လုပ်ခိုင်းတယ်ဆိုတာတော့သိတယ်။ မြို့ နယ်ထွေအုပ်တို့ ကို တိုင်းအစိုးရက ညွှန်ကြားတယ် အစည်းအဝေးလုပ်တာလောက်တော့ သိတယ်။ ဒါပေမယ့် ကျန်တာဘာာတွေလုပ်သလဲတော့ မသိဘူး။ ပြောသလို ဆေးလိပ်ကင်းစင်သလား မကင်းစင်ဘူးလားဆိုတာ မြို့ထဲပတ်ကြည့်ရင်သိနိုင်တာပဲလေ” လို့ သူကဆိုပါတယ်။

” ကျွန်မတို့ ကို အရင်တုန်းကတော့ ကျောက်တံတားမြို့ နယ်ကို ဆေးလိပ်ကင်းစင်မြို့ နယ်အဖြစ်ဆောင်ရွက်သွားမယ်ဆိုပြီိး အစိုးရအဖွဲ့ က အစည်းအဝေးခေါ်ဖူးတယ်။ အဲဒါ လုပ်ဖြစ်သလား မလုပ်ဖြစ်ဘူးလားဆိုတာတော့ ကျွန်မတို့ မသိဘူး။ ထွေအုပ်ပဲသိလိ့မ်မယ်။ အစည်းအဝေးတော့တစ်ခါခေါ်ဖူးတယ်။ ဘယ်လတုန်းကလဲဆိုတာတော့ ကျွန်မ မမှတ်မိတော့ဘူး” လို့ ကျောက်တံတားမြို့ နယ်မဲဆန္ဒနယ်အမှတ်(၁) မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောပါတယ်။

မြန်မာနိုင်ငံဟာ ကင်ဆာရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများစာရင်းမှာ ပါဝင်နေပြီး လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးမှာ ကင်ဆာရောဂါဖြစ်ပွားမှုကြောင့် နှစ်စဉ်လူဦးရေ ၈.၈သန်းခန့်သေဆုံးလျက်ရှိကာ လူဦးရေ၁၄သန်းခန့်မှာ ကင်ဆာရောဂါဖြစ်ပွားလျက်ရှိပါတယ်လို့ သိရပါတယ်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*