တနိုင်းမြို့က ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတစ်ဦးကို လီဆူးပြည်​သူ့စစ်​အဖွဲ့က ၀ိုင်းရိုက်

တနိုင်းမြို့က ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတစ်ဦးကို လီဆူးပြည်​သူ့စစ်​အဖွဲ့က ၀ိုင်းရိုက်
February 5, 2018 Fame Asian

11:02 am
တနိုင်းမြို့က ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတစ်ဦးကို လီဆူးပြည်​သူ့စစ်​အဖွဲ့က ၀ိုင်းရိုက်

27654647_1684393771604581_3314985625183576619_n

တနိုင်း၊ ဖေဖော်ဝါရီ ၅

တနိုင်းမြို့ ပုန်ခုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ကို တနိုင်းအခြေစိုက် လီဆူး ပြည်သူ့ စစ်အဖွဲ ၀င် တွေက ဝိုင်းရိုက်လို့ အခု တနိုင်းဆေးရုံမှာတင်ထားရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညကဖြစ်တဲ့ဒီဖြစ်စဉ်ကြောင့် ၃ ရက်နေ့ ည ၁၂ နာရီကျော်မှာ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း တနိုင်းမြို့နယ် ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

“မစိုးရိမ်ရပါဘူး။ ခုထိတော့ ဆေးရုံမှာပဲရှိသေးတယ်။ ဘယ်လိုဖြစ်ကြတာလဲဆိုတာနဲ့ ပြည်သူ့စစ်အဖွဲ့က ဘယ်နှစ်ဦး ၀ိုင်းရိုက်တာလဲဆိုတာကိုတော့ ကျွန်တော်တို့ စီစစ်နေတုန်းပါ” လို့ တနိုင်းမြို့မရဲစခန်း ရဲ့တာဝန်မှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တနိင်းဆေးရုံးကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာမှာတော့ အခြေအနေကောင်းမွန်ကြောင်းနဲ့ ရဲဆေးစာထုတ်ပေးသွားမှာဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာ ဇော်ထွန်းငြိမ်း က ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သတ်လို့တော့ တနိုင်းမြို့ ရပ်မိရပ်ဖဖြစ်သူ တစ်ဦးက “စစချင်းဖြစ်တာ လီဆူးပြည်သူ့စစ်က ၂ ဦးနဲ့ဖြစ်တာ။ စုစုပေါင်း လီဆူးပြည်သူ့စစ်အဖွဲ့က ၁၀ ဦးလောက်ပါတယ် ကြားတယ်။ အရိုက်ခံရသူကတော့ အခုထိဆေးရုံမှာပဲရှိသေးတယ်” လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ညက တနိုင်းမြို့ထွေအုပ်အဖွဲ့မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သေးကြောင်းသိရပါတယ်။

တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွန်ကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး လီဆူးပြည်သူ့စစ်အဖွဲ့က ကျူးလွန်သူတွေကို တနိုင်းမြို့မရဲစခန်းမှာ ပ နံပါတ် ပ/၉ ရာဇသတ်ကြီး ၃၂၃ ၊ ၃၂၄ ၊ ၁၁၄ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲစခန်းကနေသိရပါတယ်။

လီဆူးပြည်သူ့စစ်အဖွဲ့ဟာ တနိုင်းကနေ ရှင်ဗွေယန်ကိုသွားတဲ့ လမ်းပိုင်း တနိုင်းမြို့အထွက်တစ်နေရာ မှာ စစ်ဆေးရေးဂိတ်တစ်ခုကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*