ဌာနကြီး ၃ ခု၊ အာဏာပိုင်အဖွဲ့ (၇) ဖွဲ့ နဲ့  ဖွဲ့ စည်းပုံပြောင်းမယ့် ရန်ကုန်စည်ပင်ဥပဒေကြမ်း လွှတ်တော်ကို တိုင်းအစိုးရတင်

ဌာနကြီး ၃ ခု၊ အာဏာပိုင်အဖွဲ့ (၇) ဖွဲ့ နဲ့  ဖွဲ့ စည်းပုံပြောင်းမယ့် ရန်ကုန်စည်ပင်ဥပဒေကြမ်း လွှတ်တော်ကို တိုင်းအစိုးရတင်
February 2, 2018 Fame Asian

6:00 pm
ဌာနကြီး ၃ ခု၊ အာဏာပိုင်အဖွဲ့ (၇) ဖွဲ့ နဲ့  ဖွဲ့ စည်းပုံပြောင်းမယ့် ရန်ကုန်စည်ပင်ဥပဒေကြမ်း လွှတ်တော်ကို တိုင်းအစိုးရတင်

27654815_1704661369596138_145114628961720868_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂

ကိုလိုနီခေတ်မှ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကို ပြန်လည်အခြေခံရေးဆွဲထားတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က တိုင်းလွှတ်တော်ကို ဒီကနေ့ တင်သွင်းပါတယ်။

၂၀၁၃ ခုနှစ်ရန်ကုန်စည်ပင်သာယာရေးဥပဒေပြင်ဆင်ရေးဆွဲမှုနဲ့ ၁၉၂၂ ခုနှစ် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကို အခြေခံပြီိးရေးဆွဲထားတဲ့ ယခု ဥပဒေကြမ်းကို ဥပဒေရေးဆွဲရေးအဖွဲ့ (၁၀၇) ဦးနဲ့ အဖွဲ့ ၂ ဖွဲ့  ခွဲပြီိး ရေးဆွဲခဲ့ကြတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးက လွှတ်တော်မှာ ပြောပါတယ်။

ယခုဥပဒေကို မြို့ တော်သူမြို့ တော်သားများ ရပိုင်ခွင့်များ အပြည့်အ၀ခံစားရရှိစေဖို့ ရည်ရွယ်ပြီး တင်သွင်းတာဖြစ်တယ်လို့ ဦးမောင်မောင်စိုးကဆိုပါတယ်။

” ဒီအဆိုးသံသရာထဲက လွတ်မြောက်ရေးနည်း၏လမ်းတစ်ခုအဖြစ် အစိုးရသစ်တာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်းမှာ ဒီမိုကရေစီစံချိန်စံညွှန်းများနဲ့ ညီညွတ်ပြီးတော့ မြို့ တော်သူမြို့ တော်သားများရပိုင်ခွင့်များကို ပွင့်လင်းမြင်သာစွာ အပြည့်အ၀ရယူခံစားနိုင်စေရန်နဲ့ လူနေမှုဘ၀မြင့်မားတိုးတက်စေရန်ရည်ရွယ်ပြီးရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကို အစိုးရအဖွဲ့  အစည်းဌာနအဖြစ်မှ ၀န်ဆောင်မှုများ ပိုမိုတိုးတက်လာစေရန်အတွက် ဌာနကြီးသုံးခုနဲ့  အာဏာပိုင် (၇)ဖွဲ့ နဲ့ စီိးပွားရေး အဖွဲ့  အစည်းများအဖြစ်ပြောင်းလဲဖွဲ့ စည်းနိုင်မယ့် ယခုဥပဒေကြမ်းကိုပြင်ဆင်ရေးဆွဲပြီးလွှတ်တော်ကိုတင်ပြရခြင်းဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

ဥပဒေကြမ်းအတည်ပြုနို်င်ခဲ့ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီိကို စီမံခန့် ခွဲရေး၊ပြည်သူ့ဆက်ဆံရေးနဲ့ပြန်ကြားရေးဌာန၊ လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးဌာန၊ ဘဏ္ဍာရေးနဲ့ငွေစာရင်းဌာနတို့ ကိုဖွဲ့ စည်းပြီိး မြို့ပြစီမံကိန်းအာဏာပိုင်အဖွဲ့၊ အဆောက်အဦးဆိုင်ရာအာဏာပိုင်အဖွဲ့၊ လမ်း၊တံတားဆိုင်ရာအာဏာပိုင်အဖွဲ့၊ ရေရရှိရေးနဲ့ရေပေးဝေရေးအာဏာပိုင်အဖွဲ့၊ ရေစီးရေလာနဲ့ရေဆိုးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၊ ပြည်သူ့ကျန်းမာရေးနဲ့ဈေးများ အာဏာပိုင်အဖွဲ့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ဆိုပြီိး စည်ပင်သာယာဖွဲ့  စည်းပုံကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။

လူဦးရေထူထပ်သိပ်သည်းမှုနဲ့ ရွှေ့ ပြောင်းဝင်ရောက်လာမှုများကြောင့်ရရှိလာတဲ့ လိုအပ်ချက်များစွာကနေ ကျူးကျော်မှုပြဿနာတွေ၊ သောက်သုံးရေ ရှားပါးမှုပြဿနာတွေ၊ တရားမ၀င်ရေခိုးသုံးမှုပြဿနာတွေ ၊ ယာဉ်အန္တရာယ်ပြဿနာတွေ ၊ လျှပ်စစ်ခိုးယူသုံးစွဲမှုပြဿနာတွေ၊ခွင့်ပြုချက်မဲ့အဆောက်အအုံဆောက်လုပ်မှုပြဿနာတွေ၊ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာတွေ စတဲ့ပြဿနာပေါင်းစုံဖန်တီးပေးလျှက်ရှိကာအဲဒီကနေ တဆင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ ကျန်းမာရေး၊ စီိးပွားရေး၊ ပညာရေးနဲ့ လူမှုရေးထိအောင် မကောင်းတဲ့ရလဒ်တွေပြန့် နှံ့ နေတယ်လို့ မြို့ တော်ဝန်ကဆိုပါတယ်။

ဒီရလဒ်များဟာ မြို့ တော်ကို ဖွံ့ ဖြိုးတိုးတက်မှုများရရှိမယ့်အစား လက်ရှိရင်ဆိုင်နေရတဲ့ မြို့ ပြပြဿနာတွေကိုထွက်ပေါက်မရှိအောင်ပိတ်ဆို့ ပြီး အဆိုးသံသရာတွေထဲမှာ ၀ဲလည်လည် နေစေတယ်လို့ လည်းသူက ဆက်ပြောပါတယ်။

ဥပဒေသစ်ဖြစ်လာမယ့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကြမ်းမှာ အခန်း ၃၂ ခန်းနဲ့ ပုဒ်မ ၃၉၈ ခုပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ လမ်းညွှန်ချက်နဲ့  အစည်းအဝေး (၈) ကြိမ်ထိုင်ကာ ရေးဆွဲထားခြင်းဖြစ်တယ်လို့ မြို့ တော်ဝန်က လွှတ်တော်မှာ ကိုယ်စားလှယ်တွေကိုရှင်းပြပါတယ်။

ယခုဥပဒေပြဌာန်းပြီိးရင် မပြုလုပ်ရသေးတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရွေးကောက်ပွဲကိုလည်း သုံးလအကြာမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ မူကြမ်းရေးဆွဲရေးကော်မတီကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*