တိရစ္ဆာန်သုဿန် သတ်မှတ်ထားရှိပေးရန် အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းအစိုးရပြော

တိရစ္ဆာန်သုဿန် သတ်မှတ်ထားရှိပေးရန် အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းအစိုးရပြော
February 2, 2018 Fame Asian

3:32 pm
တိရစ္ဆာန်သုဿန် သတ်မှတ်ထားရှိပေးရန် အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းအစိုးရပြော

27073217_1704560696272872_1736584657672342728_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၊ ၂

ရန်ကုန်မြို့မှာ တိရစ္ဆာန်သုဿန်ထားရှိပေးရန် အစီအစဉ်ရှိသလားဆိုတဲ့ ပန်းပဲတန်းမြို့ နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့မေးမြန်းချက်နဲ့ ပတ်သတ်ပြီိး လတ်တလောအစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က ဒီကနေ့ လွှတ်တော်မှာပြောပါတယ်။

အိမ်မွေးတိရစ္ဆာန်များအတွက် မီးသဂြိုလ်ခြင်း၊ မြေမြှုပ်ခြင်း၊ ဂူသွင်းသဂြိုလ်ခြင်းများပြုလုပ်ရန် တိရစ္ဆာန်သုဿန် သတ်သတ်မှတ်မှတ်ထားရှိပေးဖို့ လတ်တလောမရှိသေးပေမယ့် နိုင်ငံတကာမှာ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို လေ့လာသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မြို တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

” တိရစ္ဆာန်တွေအတွက်ထားဖို့ ဆိုတာ အနာဂါတ်အတွက်ပဲစဉ်းစားရပါမယ် ။လက်ရှိအခြေအနေမှာတော့ မရှိသေးပါဘူး။ သို့သော်လည်း မလိုအပ်ဘူးလို့ တော့ မဟုတ်ဘူး ။တိုင်းပြည်တိုးတက်လာတာနဲ့ အမျှ လိုအပ်လာပါလိ့မ်မယ် ဒီအစီအစဉ်ကကောင်းပါတယ်။ ” လို့ သူကပြောပါတယ်။

ပန်းပဲတန်းမြို့ နယ်မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ” ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီိပိုင် သုဿန်များကို အဆင့်မြှင့်တင်ပြီး စနစ်တကျ မူဝါဒချမှတ်ကာ ရေရှည်ထိန်းသိမ်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိမရှိ၊ အိမ်မွေးတိရစ္ဆာန်များအတွက် မီးသဂြိုလ်ခြင်း၊ မြေမြှုပ်ခြင်း၊ ဂူသွင်းသဂြိုလ်ခြင်းများပြုလုပ်ရန် တိရစ္ဆာန်သုဿန် သတ်သတ်မှတ်မှတ်ထားရှိပေးရန် အစီအစဉ်ရှိမရှိ” မေးမြန်းခဲ့တာဖြစ်ပါတယ်။

” ရန်ကုန်မြို့ မှာ အိမ်မွေးတိရစ္ဆာန်တွေကို အများအပြားမွေးမြူလာတာကိုတွေ့ ရပါတယ်။တိရစ္ဆာန်ချစ်သူများအသင်းတို့ ၊ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ဖွဲ့ ပြီးတော့ တိရစ္ဆာန်တွေကိုကြင်နာသနားစိတ်နဲ့ ကူညီစောင့်ရှောက်ကြတဲ့အသင်းတွေလည်း တိုးတက်များပြားလာပါတယ်။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်တွေသေဆုံးတဲ့အခါ စနစ်တကျမြှုပ်နှံဖို့ အတွက် ပတ်ဝန်းကျင်သန့် ရှင်းရေးအတွက် သေသေချာချာစီမံထားတာမျိုးမရှိပါဘူး။ မြှုပ်နှံဖို့ လည်းအခက်အခဲတွေရှိကြတော့ ဥပဒေကိုလိုက်နာချင်ပေမယ့် မလွှဲသာမရှောင်သာ ချိုးဖောက်နေရတဲ့ ပြဿနာတွေရှိပါတယ်။အဲဒါကတော့ တိရစ္ဆာန်တွေအတွက် မြေ၀ယ်ပြီိး မြှုပ်နှံနေတာပဲဖြစ်ပါတယ်။ခွေးဆိုရင် တစ်သိန်း၊ ကြောင်ဆိုရင်ငါးသောင်း အဲဒီလိုပေါက်ဈေးတွေရှိပါတယ်။ဒါမဖြစ်သင့်တဲ့ကိစ္စပါ” လို့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ရေဝေး၊ ထိန်ပင်၊ ကျည်စု ၊ ဒလ ၊ ဆိပ်ကြီးခနောင်တိုတို့ မှ သုဿန်များအပါအ၀င် သုဿန် (၈) ခုမှာ သေဆုံးသူများကိုမြှုပ်နှံနေတာဖြစ်ပါတယ်။အဲဒီသုဿန်တွေကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိမရှိမေးခွန်းနဲ့ ပတ်သတ်လို့ လက်ရှိလုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို မြို့ တော်ဝန်က လွှတ်တော်မှာရှင်းလင်းခဲ့ပါတယ်။

ဖြိုးထက်အောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*