ကျောင်းထုတ်ခံထားရသည့် ကျောင်းသားများ နောင်တွင်ပြစ်မှုများမကျူးလွန်တော့ပါဟု အသနားခံတင်ပြလာပါက လက်ရှိ ပညာသင်နှစ်မှာပင် စာမေးပွဲဖြေဆိုခွင့်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ပြောဆို

ကျောင်းထုတ်ခံထားရသည့် ကျောင်းသားများ နောင်တွင်ပြစ်မှုများမကျူးလွန်တော့ပါဟု အသနားခံတင်ပြလာပါက လက်ရှိ ပညာသင်နှစ်မှာပင် စာမေးပွဲဖြေဆိုခွင့်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ပြောဆို
February 1, 2018 Fame Asian

5:33 pm
ကျောင်းထုတ်ခံထားရသည့် ကျောင်းသားများ နောင်တွင်ပြစ်မှုများမကျူးလွန်တော့ပါဟု အသနားခံတင်ပြလာပါက လက်ရှိ ပညာသင်နှစ်မှာပင် စာမေးပွဲဖြေဆိုခွင့်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ပြောဆို

27336907_1703657049696570_2280170807844363499_n

နေပြည်တော်၊ဖေဖော်ဝါရီ ၁

ကျောင်းထုတ်ခံထားရသည့် ကျောင်းသားများ နောင်တွင် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုများ နှင့် ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်တော့မည် မဟုတ်ကြောင်း ၀န်ခံဂတိ ပေးပြီး အသနားခံတင်ပြလာမည်ဆိုလျှင်လက်ရှိပညာသင်နှစ်တွင်ပင် စာမေးပွဲကို ဖြေဆိုခွင့်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန က ပြောသည်။

မိဘအုပ်ထိန်းသူ၏ ထောက်ခံချက်ပါ ပါရမည် ဟု ယင်းဦးစီးဌာန က ဆိုသည်။

ယမန်နေ့က ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၈)ဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး၊ကျောင်းထုတ်ခံထားရသည့် ကျောင်းသား/သူများ နစ်နာမှုမရှိအောင် စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်သည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက Popular News ကိုပြောသည်။

အသနားခံတင်ပြလာပြီး ကျောင်းတက်ရောက်ခွင့်ရပြီးကာမှ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုများ နှင့် ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများကို ဒုတိယအကြိမ်မြောက် ထပ်မံကျူးလွန်ပါက ပညာသင်နှစ် ၁နှစ် ရပ်နားသွားမည့် ဆုံးဖြတ်ချက် နှင့် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုများ နှင့် ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများကို တတိယအကြိမ်မြောက် ဆက်လက်ကျူးလွန်ပါက နေ့သင်တန်းများတက်ရောက်ခွင့်ကို ခွင့်မပြုတော့ဘဲ အဝေးသင်သင်တန်းများကိုသာ တက်ရောက်ခွင့် ပေးမည့် ဆုံးဖြတ်ချက်ကိုပါ ယင်းအစည်းအဝေး၌ တစ်ပါတည်းဆုံးဖြတ်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ပညာရေးဘက်ဂျက်တိုးမြှင့်ပေးရေး တိုက်ပွဲဝင်ကော်မတီ အဖွဲ့ဝင် ကျောင်းသား၇ ဦးစလုံးက ပညာရေးဝန်ကြီးဌာန၏ ယခုအစည်းအဝေးဆုံးဖြတ်ချက်ကို သဘောမတူ၊ကန့်ကွက်ကြောင်းပြောကြသည်။

”အသနားခံတင်ပြပြီး ကျောင်းပြန်တက်မှာ မဟုတ်ပါဘူး”ဟု တိုက်ပွဲဝင်ကော်မတီ အဖွဲ့ဝင် ကိုကျော်သီဟရဲကျော်က Popular News ကိုပြောသည်။

သို့သော် တခြားကျောင်းသားများ၏ ဆန္ဒသဘောထားကိုမူ ၎င်းအနေဖြင့် မပြောနိုင်ကြောင်း၊အသနားခံစာတင်ကာ တက်သူလည်း ရှိနိုင်ကြောင်း ကိုကျော်သီဟရဲကျော် က ဆက်ပြောသည်။

ပညာရေးဘက်ဂျက်တိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် တက္ကသိုလ်/ကောလိပ် ၉ခုမှ ကျောင်းသား/သူ ၅၆ဦးမှာ လက်ရှိတွင် ကျောင်းထုတ်ခံထားရပြီး၊ကျောင်းထုတ်ခံထားရသူတို့ကို ကျောင်းပြန်တက်ခွင့်ပေးရေး ဆန္ဒပြခဲ့ကြသည့် ကျောင်းသား/သူအချို့မှာလည်း သတိပေးခြင်း ခံထားရကြောင်း သိရသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*