ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အာမခံလျောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ပယ်ချ

ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အာမခံလျောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ပယ်ချ
February 1, 2018 Fame Asian

5:40 pm
ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အာမခံလျောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ပယ်ချ

1

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁

နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အင်းစိန်မြို့ နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ အာမခံပယ်ချလိုက်ပါတယ်။ သူတို့ နှစ်ဦးကို လေးကြိမ်မြောက်ရုံးထုတ်အဖြစ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေရံုးထုတ်ခဲ့ပြီး ညနေ ၄ နာရီအထိ ကြားနာစစ်ဆေးမှုတွေပြုလုပ်ခဲ့ကာ အာမခံပယ်ချလိုက်တာဖြစ်ပါတယ်။

2

”အာမခံကတော့ လျှို့ ဝှက်ဥပဒေပပုဒ်မ ၁၂ မှာဖော်ပြထားတဲ့အတိုင်းပဲ အာမခံပယ်ချလိုက်တယ်။ အဲဒီတော့ ကျွန်တော့်စီနှီယာ(ကိုကျော်စိုးဦးရဲ့ရှေ့ နေ) နဲ့ တိုင်ပင်ပြီးတော့ ဘာဆက်လုပ်သွားမလဲ ဆုံးဖြတ်ကြပါမယ်” လို့ ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ ရှေ့ နေဖြစ်သူကိုသန်းဇော်အောင်က ပြောပါတယ်။

သူကဆက်လက်ပြီး ” ဒီနေ့ သက်သေ ရဲမှူးမင်းသန့်ကိုစစ်တယ် သူက ရှာဖွေတဲ့နေရာမှာပေါ့။ စွပ်စွဲခံရသူတွေပြောတာတော့ သူတို့ ဒီရဲမှူးကိုမမြင်ဖူးဘူး။ ရှာဖွေတဲ့နေရာမှာမပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ဒီနေ့ သက်သေကတောာ့ သူကိုယ်တိုင်ဦိးဆောင်ပြီး ရှာဖွေဖမ်းဆီးခဲ့ပါတယ်လို့ ပြောတယ်။ သက်သေရဲ့ထွက်ဆိုချက်အရ ဒီအမှုက မဖမ်းခင်ကတည်းက အများပြည်သူစိတ်ဝင်စားမယ့် အမှုဆိုတာ သူတို့ သိတယ်။ ပြီးတော့ အမှတ်၃ နဲ့ နီလာလမ်းဆုံကို တာဝန်ချထားတယ်ဆိုတဲ့ သက်သေတစ်စုံတရာ ရုံးတော်ကိုမတင်ပြနိုင်ဘူး” လို့ဆိုပါတယ်။

ဒါ့အပြင် စွပ်စွဲခံဘက်မှ ရှေ့  နေများက ရခိုင်ပြည်နယ်မှာဖြစ်သမျှကိစ္စများ၊ သတင်းစာများ ဂျာနယ်များထဲမှပါသမျှ အကြောင်းအရာများမှ အများပြည်သူသိထားပြီးကိစ္စများဖြစ်တဲ့အကြောင်း သတင်းစာတွေကိုသက်သေအဖြစ် ရုံးတော်ကိုတင်ပြခဲ့တယ်လို့ လည်းပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ နောက်လာမယ့်ရုံးချိန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ကို ထပ်မံချိန်းဆိုထားပါတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*